Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 3, 2016

ရန္ကုန္ စေတာ့ခ္ အိတ္ခ်ိန္း အစုရွယ္ယာလက္မွတ္မ်ား ယခုလအတြင္း စတင္ေရာင္းဝယ္ႏိုင္မည္


    ရန္ကုန္၊ မတ္ ၃ ရက္ (ဆင္ဟြာ)

    ရန္ကုန္ စေတာ့ခ္အိတ္ခ်ိန္း (Yangon Stock Exchange) တြင္ အစုရွယ္ယာ လက္မွတ္မ်ားအား ယခုလ တတိယပတ္မွ စတင္ ေရာင္းဝယ္ ခြင့္ျပဳမည္ ျဖစ္ေၾကာင္း ျမန္မာ့ ေငြေခ်းသက္ေသခံလက္မွတ္မ်ား ႀကီးၾကပ္ေရး ေကာ္မရွင္ (SECM) ဥကၠ႒ ေဒါက္တာ ေမာင္ေမာင္သိမ္းက မတ္လ ၂ ရက္တြင္ ေျပာသည္။

ရန္ကုန္ စေတာ့ခ္အိတ္ခ်ိန္းတြင္ စာရင္းဝင္သည့္ ကုမၸဏီ ၆ ခု စာရင္းအား ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလက ေၾက ညာခဲ႔ၿပီး ထိုကုမၸဏီမ်ားထဲမွ ၁ ခု၊ ေငြေခ်းသက္ေသခံလက္မွတ္မ်ား ကုမၸဏီ ၅ ခုႏွင့္ ေငြေပးေခ် စာရင္းရွင္း လင္းမႈ ဘဏ္ (Fund settlement bank) တစ္ခုအျဖစ္ ကေမာၻဇဘဏ္ စသည့္တို႔ျဖင့္ လတ္တေလာ ရန္ကုန္ စေတာ့ခ္အိတ္ခ်ိန္း၌ အေရာင္းအဝယ္ ျပဳလုပ္ရန္ စတင္မည္ ျဖစ္ေၾကာင္း ေဒါက္တာ ေမာင္ေမာင္သိမ္းက ဖုန္းကတဆင့္ ဆင္ဟြာသို႔ ေျပာသည္။

ရန္ကုန္ စေတာ့ခ္အိတ္ခ်ိန္းတြင္ အေရာင္းအဝယ္ျပဳလုပ္မည့္ စာရင္းဝင္ ကုမၸဏီ တစ္ခု၏အမည္အား ထုတ္ေဖာ္ ေျပာၾကားထားျခင္း မရွိေၾကာင္း၊ အျခား စာရင္းဝင္ကုမၸဏီမ်ားမွာလည္း ၎တို႔ အဆင္သင့္ ျဖစ္သည့္ က႑ မ်ားျဖင့္ စေတာ့ခ္အိတ္ခ်ိန္း အေရာင္းအဝယ္၌ ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာ သီလဝါ အထူးစီးပြားေရးဇုန္ အမ်ားပိုင္ ကုမၸဏီ၏ ဥကၠ႒ ဦးဝင္းေအာင္ကလည္း ရန္ကုန္ စေတာ့ခ္အိတ္ခ်ိန္း ကနဦး အေရာင္းအဝယ္ ျပဳလုပ္ရာ၌ ပါဝင္ရန္ အဆင့္ျဖစ္ေနၿပီဟု ဆင္ဟြာသို႔ ေျပာသည္။

၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလ ၂၃ ရက္တြင္ လက္မွတ္ေရးထိုးခဲ႔သည့္ သေဘာတူညီမႈအရ ရန္ကုန္ စေတာ့ခ္အိတ္ ခ်ိန္းအား တိုက်ိဳ စေတာ့ခ္အိတ္ခ်ိန္းႏွင့္ ဒိုင္ဝါ ေငြေခ်းသက္ေသခံလက္မွတ္မ်ား အုပ္စုက ၄၉ ရာခိုင္ႏႈန္း၊ ႏိုင္ငံ ပိုင္ ျမန္မာ့ စီးပြားေရးဘဏ္က ၅၁ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားသည္။ ရန္ကုန္ စေတာ့ခ္အိတ္ခ်ိန္း ေအာင္ျမင္လာပါ က ႏိုင္ငံျခားသား ရင္ႏွီးျမႇဳပ္ႏွံသူမ်ားအား ခြင့္ျပဳသြားမည္ ျဖစ္ေၾကာင္း SECM ထံက သိရသည္။

(Xinhua)
http://www.xinhuamyanmar.com

......................................................


    ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

    ရန်ကုန် စတော့ခ်အိတ်ချိန်း (Yangon Stock Exchange) တွင် အစုရှယ်ယာ လက်မှတ်များအား ယခုလ တတိယပတ်မှ စတင် ရောင်းဝယ် ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာ့ ငွေချေးသက်သေခံလက်မှတ်များ ကြီးကြပ်ရေး ကော်မရှင် (SECM) ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက မတ်လ ၂ ရက်တွင် ပြောသည်။

ရန်ကုန် စတော့ခ်အိတ်ချိန်းတွင် စာရင်းဝင်သည့် ကုမ္ပဏီ ၆ ခု စာရင်းအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ကြေ ညာခဲ့ပြီး ထိုကုမ္ပဏီများထဲမှ ၁ ခု၊ ငွေချေးသက်သေခံလက်မှတ်များ ကုမ္ပဏီ ၅ ခုနှင့် ငွေပေးချေ စာရင်းရှင်း လင်းမှု ဘဏ် (Fund settlement bank) တစ်ခုအဖြစ် ကမ္ဘောဇဘဏ် စသည့်တို့ဖြင့် လတ်တလော ရန်ကုန် စတော့ခ်အိတ်ချိန်း၌ အရောင်းအဝယ် ပြုလုပ်ရန် စတင်မည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဖုန်းကတဆင့် ဆင်ဟွာသို့ ပြောသည်။

ရန်ကုန် စတော့ခ်အိတ်ချိန်းတွင် အရောင်းအဝယ်ပြုလုပ်မည့် စာရင်းဝင် ကုမ္ပဏီ တစ်ခု၏အမည်အား ထုတ်ဖော် ပြောကြားထားခြင်း မရှိကြောင်း၊ အခြား စာရင်းဝင်ကုမ္ပဏီများမှာလည်း ၎င်းတို့ အဆင်သင့် ဖြစ်သည့် ကဏ္ဍ များဖြင့် စတော့ခ်အိတ်ချိန်း အရောင်းအဝယ်၌ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်ကလည်း ရန်ကုန် စတော့ခ်အိတ်ချိန်း ကနဦး အရောင်းအဝယ် ပြုလုပ်ရာ၌ ပါဝင်ရန် အဆင့်ဖြစ်နေပြီဟု ဆင်ဟွာသို့ ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုအရ ရန်ကုန် စတော့ခ်အိတ် ချိန်းအား တိုကျို စတော့ခ်အိတ်ချိန်းနှင့် ဒိုင်ဝါ ငွေချေးသက်သေခံလက်မှတ်များ အုပ်စုက ၄၉ ရာခိုင်နှုန်း၊ နိုင်ငံ ပိုင် မြန်မာ့ စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ရန်ကုန် စတော့ခ်အိတ်ချိန်း အောင်မြင်လာပါ က နိုင်ငံခြားသား ရင်နှီးမြှုပ်နှံသူများအား ခွင့်ပြုသွားမည် ဖြစ်ကြောင်း SECM ထံက သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment