Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 15, 2016

သမၼတသစ္လက္ထက္ လူ႔အခြင့္အေရးတုိးတက္ဖို႔ ေမွ်ာ္လင့္

(Photo Credit: Daw Khin Kyi Foundation)
စစ္အစိုးရအုပ္ခ်ဳပ္ေအာက္ ႏွစ္ေပါင္းမ်ားစြာ က်ေရာက္ခဲ့တဲ့ ျမန္မာႏုိင္ငံမွာ ပထမဦးဆံုးအႀကိမ္ အရပ္သားစစ္စစ္ သမၼတသစ္တဦးကို မတ္လ ၁၅ ရက္ေန႔က ေအာင္ျမင္စြာ ေရြးခ်ယ္ႏုိင္ခဲ့တဲ့အေပၚ ႏုိင္ငံတကာမွာရွိတဲ့ လူ႔အခြင့္အေရးအဖြဲ႔ေတြက ႀကိဳဆိုခဲ့ၾကပါတယ္။ ေရြးေကာက္ပြဲအႏုိင္ရ NLD ပါတီက ေရြးခ်ယ္ တင္ေျမႇာက္ခဲ့တဲ့ ဦးထင္ေက်ာ္ဟာ လူထုအက်ိဳးျပဳ ပရဟိတလုပ္ငန္းေတြ ေဆာင္ရြက္ေနသူတဦး ျဖစ္တာေၾကာင့္ သူ႔အစိုးရလက္ထက္မွာ လူ႔အခြင့္အေရး အေျခအေန တိုးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္သြားႏုိင္လိမ့္မယ္လို႔လည္း လူ႔အခြင့္အေရးအဖြဲ႔ေတြက ေမွ်ာ္လင့္ေနၾကတာပါ။ အျပည့္အစံုကို မနႏၵာခ်မ္းက တင္ျပထားပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲအႏုိင္ရ NLD ပါတီ လႊတ္ေတာ္အမတ္ေတြ အမ်ားစုပါ၀င္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကေန အဂၤါေန႔က အသက္ ၇၀ အရြယ္ ဦးထင္ေက်ာ္ကို ႏွစ္ေပါင္း ၅၀ အတြင္း ပထမဆံုး အရပ္သားသမၼတအျဖစ္ ေရြးခ်ယ္တင္ေျမႇာက္လိုက္တာေၾကာင့္ သူဟာ ျမန္မာႏုိင္ငံရဲ႕ ၉ ဦးေျမာက္ သမၼတျဖစ္လာခဲ့ပါၿပီ။ ဦးထင္ေက်ာ္ကို သမၼတအျဖစ္ ေရြးခ်ယ္တာဟာ သစၥာရွိမႈ၊ စည္းကမ္းလိုက္နာမႈ၊ ျမန္မာႏုိင္ငံနဲ႔ ႏုိင္ငံတကာျပည္သူေတြ ေလးစား ၾကည္ညိဳတဲ့ ပညာတတ္ ပုဂၢိဳလ္ျဖစ္မႈဆိုတဲ့ မူ ၃ ခ်က္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္က ေရြးခ်ယ္ခဲ့တာျဖစပါတယ္။ ဒါ့အျပင္ ဦးထင္ေက်ာ္ဟာ ေဒၚေအာင္ဆန္း စုၾကည္ကိုယ္တုိင္ ကြယ္လြန္သူ မိခင္ႀကီး ေဒၚခင္ၾကည္ကို ဂုဏ္ျပဳတည္ေထာင္ထားတဲ့ လူထုအက်ိဳးျပဳ ပရဟိတလုပ္ငန္းေတြကို ပံ့ပိုးေနတဲ့ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းရဲ႕ အလုပ္အမႈေဆာင္တဦးလည္း ျဖစ္ပါတယ္။ ဒီလို ပညာတတ္၊ အမ်ားအက်ိဳး သယ္ပိုးေနတဲ့ အရပ္သားပုဂၢိဳလ္တဦး သမၼတ ျဖစ္လာဟာ ဆယ္ႏွစ္ေပါင္းမ်ားစြာ ေမွ်ာ္လင့္ေစာင့္စားခဲ့ရတဲ့ ျမန္မာျပည္သူေတြအတြက္ တကယ့္ ေန႔ထူးေန႔ျမတ္ပါပဲလို႔ ဆုိလာသူကေတာ့ ႏုိင္ငံတကာ လူ႔အခြင့္အေရး ေစာင့္ၾကည့္မႈအဖြဲ႔ HRW ရဲ႕ အာရွေရးရာဌာနခြဲက အလုပ္အမႈေဆာင္ ညႊန္ၾကားေရးမႉး Brad Adams ျဖစ္ပါတယ္။

“အရပ္သားသမၼတတဦး ထြက္ေပၚလာတာ ေန႔ထူးေန႔ျမတ္ တေန႔ပါ၊ ေမွ်ာ္လင့္ခ်က္ေတြလည္း အင္မတန္မွ ျမင့္မားေနပါတယ္။ ဒါေပမဲ့လည္း အရပ္သား အစုိးရသစ္အေနနဲ႔ အကန္႔အသတ္နဲ႔သာ လုပ္ကုိင္ႏုိင္မယ္၊ သူ႔ဘာသာ ႐ုန္းကန္ရလိမ့္မယ္ ဆုိတာကုိလည္း က်ေနာ္တုိ႔ မေမ့ဖုိ႔ လုိပါတယ္။ ဘာေၾကာင့္လဲ ဆုိေတာ့ စစ္တပ္က အဟန္႔အတားေတြ လုပ္ႏုိင္ေသးလုိ႔ပါ။ သူတုိ႔ကုိယ္သူတုိ႔ ကာကြယ္ႏုိင္တယ္၊ ဆက္ၿပီး ထိန္းခ်ဳပ္ထားႏုိင္တဲ့ ကိစၥေတြလည္း ေတာ္ေတာ္ မ်ားမ်ားရွိေနဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အခုအခ်ိန္မွာ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းေတြဟာ တ၀က္တပ်က္နဲ႔ မၿပီးဆုံးေသးတဲ့ အဆင့္မွာပဲ ရွိေနပါေသးတယ္။”

အလားတူ အာရွလူ႔အခြင့္အေရးေကာ္မရွင္က ေရွ႕ေန ဦးမင္းလြင္ဦးကလည္း -

“က်ေနာ္တုိ႔ အာရွလူ႔အခြင့္အေရးေကာ္မရွင္အေနနဲ႔ ေျပာရမယ္ဆုိရင္ေတာ့ ဦးထင္ေက်ာ္ အရပ္သားသမၼတျဖစ္လာတဲ့အတြက္ က်ေနာ္တို႔ ဂုဏ္ယူ ၀မ္းေျမာက္တယ္ဆုိတဲ့အေၾကာင္း ပထမဆံုး ေျပာၾကားလိုတယ္။ ေနာက္ၿပီးေတာ့တခါ ႏုိင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္ဖို႔ကိစၥရယ္၊ ေနာက္တခါ ျမန္မာႏုိင္ငံတြင္းက ျပည္သူလူထုတရပ္လံုးရဲ႕ စား၀တ္ေနမႈဖူလံုေရးနဲ႔ ေန႔စဥ္ဘ၀ လံုၿခံဳမႈအတြက္ တရားဥပေဒစိုးမိုးေရးရွိေအာင္ ေဆာင္ရြက္ေပးႏုိင္မယ္လုိ႔ က်ေနာ္တုိ႔ အမ်ားႀကီး ေမွ်ာ္လင့္ထားတဲ့အတြက္ ေမွ်ာ္လင့္ထားတဲ့အတုိင္း ျဖစ္ႏုိင္ေအာင္ ေဆာင္ရြက္ေပးေစလိုတဲ့ဆႏၵ ရွိပါတယ္လို႔ က်ေနာ္တုိ႔ကေတာ့ ေျပာခ်င္ပါတယ္။”

ဒါ့အျပင္ အရင္ စစ္အစိုးရလက္ထက္က နာမည္ပ်က္ခဲ့တဲ့ လူ႔အခြင့္အေရးမွတ္တမ္းေတြကို ဦးထင္ေက်ာ္ဦးေဆာင္တဲ့ အစိုးရသစ္လက္ထက္မွာ တိုးတက္ ေအာင္ စြမ္းေဆာင္ႏုိင္လိမ့္မယ္လို႔လည္း HRW က ေမွ်ာ္လင့္ထားပါတယ္။ NLD အစိုးရသစ္အေနနဲ႔ စိန္ေခၚမႈေတြလည္း အမ်ားႀကီး ႀကံဳရႏုိင္ၿပီး၊ အထူးသျဖင့္ တိုင္းျပည္စီးပြားေရးကို မွ်တစြာ ဖြံ႔ၿဖိဳးလာေအာင္ ႀကိဳးစားဖုိ႔၊ အက်င့္ပ်က္ျခစားမႈေတြ ေလွ်ာ့ခ်ဖို႔၊ ဥပေဒနဲ႔ညီတဲ့ စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ခြင့္ရေအာင္ ဖန္တီးေပးဖို႔ေတြ လိုအပ္တယ္လို႔လည္း HRW က ေထာက္ျပခဲ့ပါတယ္။ ဧၿပီလ ၁ ရက္ေန႔မွာ လက္ရွိ ျပည္ခိုင္ၿဖိဳးပါတီအစိုးရလက္ ကေန တရား၀င္ အာဏာလႊဲေျပာင္းရယူၿပီး တက္လာေတာ့မယ့္ NLD အစိုးရသစ္အေနနဲ႔ အရင္ဆံုး လုပ္ေဆာင္သင့္တဲ့ လူ႔အခြင့္အေရးဆုိင္ရာ ကိစၥနဲ႔ ပတ္သက္လို႔လည္း HRW က Brad Adams က အခုလို ေျပာခဲ့ပါတယ္။

“NLD အစုိးရအေနနဲ႔ လုပ္ေစခ်င္တာ၊ လုပ္လည္းလုပ္ဖုိ႔ လုိအပ္တာကေတာ့ က်န္ေနေသးတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြ အားလုံးကုိ ျပန္လႊတ္ေပးဖုိ႔ပါ။ အေျခခံ လြတ္လပ္ခြင့္ေတြအတုိင္း ထုတ္ေဖာ္ေျပာဆုိသူေတြကုိ ေနာက္ထပ္ အေရးယူတာမ်ဳိးေတြ ထပ္မျဖစ္ေအာင္လည္း အေကာင္းဆုံး ႀကိဳးစားဖုိ႔ လုိပါတယ္။”

အလားတူ အာရွလူ႔အခြင့္အေရးေကာ္မရွင္ကလည္း - အရင္ ေခတ္အဆက္ဆက္ အစိုးရလက္ထက္ေတြမွာျဖစ္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အေတာ္အတန္ ရပ္ဆုိင္းသြားမယ္လို႔ ေမွ်ာ္လင့္ၿပီး၊ ဒီလို လူ႔အခြင့္အေရးအေျခအေနေတြ တုိးတက္ေကာင္းမြန္ဖို႔ဆိုရင္ တရားဥပေဒစိုးမိုးေရးက႑ကို အဓိက ျမႇင့္တင္ဖို႔ လိုအပ္တယ္လို႔လည္း ေထာက္ျပခဲ့တာပါ။

“အစိုးရသစ္နဲ႔ အစိုးရအေဟာင္းနဲ႔ အာဏာေတြ လႊဲေျပာင္းတဲ့ ကိစၥရပ္မွာလည္း က်ေနာ္တို႔ ေမွ်ာ္လင့္ထားတာကေတာ့ လက္က်န္ႏုိင္ငံေရး အက်ဥ္းသား ေတြ အားလံုးကို ျပန္လည္ လႊတ္ေပးႏုိင္ဖို႔အတြက္ စီမံေဆာင္ရြက္မယ္လို႔ က်ေနာ္တုိ႔ ေမွ်ာ္လင့္တယ္။ ေနာက္ၿပီး လက္ရွိ အမႈရင္ဆုိင္ေနရတဲ့ ႏုိင္ငံေရးနဲ႔ ႏြယ္တဲ့ လႈပ္ရွားတက္ႂကြသူေတြရဲ႕ အမႈေတြကိုလည္း အျမန္ဆံုး ျပန္လည္ ျပင္ဆင္သံုးသပ္ဖို႔အတြက္ တရားစီရင္ေရးမ႑ိဳင္ကို ထိန္းေက်ာင္းတည့္မတ္ ေပးႏုိင္မယ္ လို႔ က်ေနာ္တုိ႔ ေမွ်ာ္လင့္ထားပါတယ္။”

ေရွ႕ေနဦးမင္းလြင္ဦး ေျပာသြားခဲ့တာပါ။ ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ မစ္ ယန္ဟီးလီ ကလည္း - တနလၤာေန႔က ဂ်နီဗာမွာျပဳလုပ္တဲ့ ၃၁ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီမွာ အစီရင္ခံစာ တင္သြင္းခဲ့ရာမွာ - ျမန္မာအစိုးရသစ္အတြက္ လုပ္ေဆာင္ရမယ့္ ပထမ ရက္ေပါင္း ၁၀၀ နဲ႔ ၁ ႏွစ္အတြင္း လုပ္ေဆာင္ရမယ့္ လူ႔အခြင့္အေရး အေျခအေန တိုးတက္ေကာင္းမြန္ေအာင္ အႀကံေပးခ်က္ ၈ ခ်က္ကို တင္ျပခဲ့ၿပီး၊ သူ႔အေနနဲ႔လည္း ပူးေပါင္း ေဆာင္ရြက္သြားဖို႔ အဆင္သင့္ရွိပါတယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ဒါ့အျပင္ စစ္အစိုးရလက္ထက္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ေတြေၾကာင့္ ကုလသမဂၢကေန ႏွစ္စဥ္ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့သလို၊ ႏုိင္ငံတကာကလည္း အေရးယူဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ရတဲ့ ျမန္မာႏုိင္ငံမွာ NLD အစိုးရလက္ထက္က်ရင္ ဒီအေျခအေနေတြကို တုိးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္သြားႏုိင္လိမ့္မယ္လို႔လည္း လူ႔အခြင့္အေရးအဖြဲ႔ေတြက ေမွ်ာ္လင့္ထားၾကတာ ျဖစ္ပါတယ္ရွင္။

မနႏၵာခ်မ္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

............................................

စစ်အစိုးရအုပ်ချုပ်အောက် နှစ်ပေါင်းများစွာ ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် အရပ်သားစစ်စစ် သမ္မတသစ်တဦးကို မတ်လ ၁၅ ရက်နေ့က အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့တဲ့အပေါ် နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ရွေးချယ် တင်မြှောက်ခဲ့တဲ့ ဦးထင်ကျော်ဟာ လူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေသူတဦး ဖြစ်တာကြောင့် သူ့အစိုးရလက်ထက်မှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက မျှော်လင့်နေကြတာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော်အမတ်တွေ အများစုပါ၀င်တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အင်္ဂါနေ့က အသက် ရ၀ အရွယ် ဦးထင်ကျော်ကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အရပ်သားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တာကြောင့် သူဟာ မြန်မာနိုင်ငံရဲ့ ၉ ဦးမြောက် သမ္မတဖြစ်လာခဲ့ပါပြီ။ ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်တာဟာ သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု၊ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာပြည်သူတွေ လေးစား ကြည်ညိုတဲ့ ပညာတတ် ပုဂ္ဂိုလ်ဖြစ်မှုဆိုတဲ့ မူ ၃ ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခဲ့တာဖြစပါတယ်။ ဒါ့အပြင် ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်ကြည်ကို ဂုဏ်ပြုတည်ထောင်ထားတဲ့ လူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ပံ့ပိုးနေတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင်တဦးလည်း ဖြစ်ပါတယ်။ ဒီလို ပညာတတ်၊ အများအကျိုး သယ်ပိုးနေတဲ့ အရပ်သားပုဂ္ဂိုလ်တဦး သမ္မတ ဖြစ်လာဟာ ဆယ်နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် တကယ့် နေ့ထူးနေ့မြတ်ပါပဲလို့ ဆိုလာသူကတော့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW ရဲ့ အာရှရေးရာဌာနခွဲက အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Brad Adams ဖြစ်ပါတယ်။

“အရပ်သားသမ္မတတဦး ထွက်ပေါ်လာတာ နေ့ထူးနေ့မြတ် တနေ့ပါ၊ မျှော်လင့်ချက်တွေလည်း အင်မတန်မှ မြင့်မားနေပါတယ်။ ဒါပေမဲ့လည်း အရပ်သား အစိုးရသစ်အနေနဲ့ အကန့်အသတ်နဲ့သာ လုပ်ကိုင်နိုင်မယ်၊ သူ့ဘာသာ ရုန်းကန်ရလိမ့်မယ် ဆိုတာကိုလည်း ကျနော်တို့ မမေ့ဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်တပ်က အဟန့်အတားတွေ လုပ်နိုင်သေးလို့ပါ။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်တယ်၊ ဆက်ပြီး ထိန်းချုပ်ထားနိုင်တဲ့ ကိစ္စတွေလည်း တော်တော် များများရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ တဝက်တပျက်နဲ့ မပြီးဆုံးသေးတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။”

အလားတူ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကလည်း -

“ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဦးထင်ကျော် အရပ်သားသမ္မတဖြစ်လာတဲ့အတွက် ကျနော်တို့ ဂုဏ်ယူ ၀မ်းမြောက်တယ်ဆိုတဲ့အကြောင်း ပထမဆုံး ပြောကြားလိုတယ်။ နောက်ပြီးတော့တခါ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကိစ္စရယ်၊ နောက်တခါ မြန်မာနိုင်ငံတွင်းက ပြည်သူလူထုတရပ်လုံးရဲ့ စားဝတ်နေမှုဖူလုံရေးနဲ့ နေ့စဉ်ဘဝ လုံခြုံမှုအတွက် တရားဥပဒေစိုးမိုးရေးရှိအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်တို့ အများကြီး မျှော်လင့်ထားတဲ့အတွက် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နိုင်အောင် ဆောင်ရွက်ပေးစေလိုတဲ့ဆန္ဒ ရှိပါတယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။”

ဒါ့အပြင် အရင် စစ်အစိုးရလက်ထက်က နာမည်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို ဦးထင်ကျော်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ တိုးတက် အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း HRW က မျှော်လင့်ထားပါတယ်။ NLD အစိုးရသစ်အနေနဲ့ စိန်ခေါ်မှုတွေလည်း အများကြီး ကြံုရနိုင်ပြီး၊ အထူးသဖြင့် တိုင်းပြည်စီးပွားရေးကို မျှတစွာ ဖွံ့ဖြိုးလာအောင် ကြိုးစားဖို့၊ အကျင့်ပျက်ခြစားမှုတွေ လျှော့ချဖို့၊ ဥပဒေနဲ့ညီတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရအောင် ဖန်တီးပေးဖို့တွေ လိုအပ်တယ်လို့လည်း HRW က ထောက်ပြခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ လက်ရှိ ပြည်ခိုင်ဖြိုးပါတီအစိုးရလက် ကနေ တရားဝင် အာဏာလွှဲပြောင်းရယူပြီး တက်လာတော့မယ့် NLD အစိုးရသစ်အနေနဲ့ အရင်ဆုံး လုပ်ဆောင်သင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်လို့လည်း HRW က Brad Adams က အခုလို ပြောခဲ့ပါတယ်။

“NLD အစိုးရအနေနဲ့ လုပ်စေချင်တာ၊ လုပ်လည်းလုပ်ဖို့ လိုအပ်တာကတော့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ပါ။ အခြေခံ လွတ်လပ်ခွင့်တွေအတိုင်း ထုတ်ဖော်ပြောဆိုသူတွေကို နောက်ထပ် အရေးယူတာမျိုးတွေ ထပ်မဖြစ်အောင်လည်း အကောင်းဆုံး ကြိုးစားဖို့ လိုပါတယ်။”

အလားတူ အာရှလူ့အခွင့်အရေးကော်မရှင်ကလည်း - အရင် ခေတ်အဆက်ဆက် အစိုးရလက်ထက်တွေမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော်အတန် ရပ်ဆိုင်းသွားမယ်လို့ မျှော်လင့်ပြီး၊ ဒီလို လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးကဏ္ဍကို အဓိက မြှင့်တင်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြခဲ့တာပါ။

“အစိုးရသစ်နဲ့ အစိုးရအဟောင်းနဲ့ အာဏာတွေ လွှဲပြောင်းတဲ့ ကိစ္စရပ်မှာလည်း ကျနော်တို့ မျှော်လင့်ထားတာကတော့ လက်ကျန်နိုင်ငံရေး အကျဉ်းသား တွေ အားလုံးကို ပြန်လည် လွှတ်ပေးနိုင်ဖို့အတွက် စီမံဆောင်ရွက်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ နောက်ပြီး လက်ရှိ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ နွယ်တဲ့ လှုပ်ရှားတက်ကြွသူတွေရဲ့ အမှုတွေကိုလည်း အမြန်ဆုံး ပြန်လည် ပြင်ဆင်သုံးသပ်ဖို့အတွက် တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်းတည့်မတ် ပေးနိုင်မယ် လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ရှေ့နေဦးမင်းလွင်ဦး ပြောသွားခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် ယန်ဟီးလီ ကလည်း - တနင်္လာနေ့က ဂျနီဗာမှာပြုလုပ်တဲ့ ၃၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းခဲ့ရာမှာ - မြန်မာအစိုးရသစ်အတွက် လုပ်ဆောင်ရမယ့် ပထမ ရက်ပေါင်း ၁၀၀ နဲ့ ၁ နှစ်အတွင်း လုပ်ဆောင်ရမယ့် လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် အကြံပေးချက် ၈ ချက်ကို တင်ပြခဲ့ပြီး၊ သူ့အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ကုလသမဂ္ဂကနေ နှစ်စဉ် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့သလို၊ နိုင်ငံတကာကလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ NLD အစိုးရလက်ထက်ကျရင် ဒီအခြေအနေတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက မျှော်လင့်ထားကြတာ ဖြစ်ပါတယ်ရှင်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment