ယနေ့ မနက်ပိုင်း ထိုင်နိုင်ငံ ဖုနွိမ်း ရဲစစ်ဆေးရေး ဂိတ်မှာ မြန်မာနိုင်ငံသား (၄၆ )ဦး ဖမ်းဆီးခံရ


News update 6March 2016








......................


News update 6March 2016

ထိုင်နိုင်ငံ ကန်ချဘူရီ စိုင်ယို ့ ခရိုင်အတွင်း ယနေ ့မနက်ပိုင်း ဖုနွိမ်း ရဲစစ်ဆေးရေး ဂိတ် တွင် ထိုင်းနိုင်ငံတွင်းသို ့မောင်းနှင်လာသည့် ကားနှစ်စီးပေါ် မှာ မြန်မာနိုင်ငံသား (၄၆ )ဦး ကို ဖမ်းဆီးမိခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းစာမှာရေးသားထားပါတယ်။

လိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသားအားလုံး တရားဝင် စာရွတ်စာတမ်းမပါဘဲ လူမှောင်ခိုသမားတွေကနေ ထိုင်းနိုင်ငံတွင်းကို ပို ့ဆောင်ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတဝန်းက တရားဝင် နေထိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံ သားတွေကို ဖမ်းပြီး ပြန်ပို ့ ခံရတဲ့ သူတွေကို နယ်စပ်က လူကယ်ရီသမား ပွဲစားတွေက တဆင့်ကားငှားပြီး ပြန်တက်လာကြတာပါ။


ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို တရားမဝင် ပြန်ဝင်ရောက်လာမှုနဲ ့ တရားစွဲမှာဖြစ်ပြီး ကားသမား နှစ်ဦးစလုံးလည်း ဖမ်းထားပြီး စစ်ဆေးနေ ပါတယ် ကားသမားတွေက မြန်မာ တဦးကို ဘတ်ငွေ ၂၀၀၀(ကျပ်ခြောက်သောင်း) နဲ ့ ခေါ်တင်လာတာဖြစ်တယ်လို ့ဝန်ခံခဲ့ပါတယ်။

တချို ့မြန်မာနိုင်ငံသားတွေဆိုရင် ဖမ်းပြီး နယ်စပ်ပို ့တဲ့ ရဲကားက ဘန်ကောက် ပြန်မရောက်သေးခင် နယ်စပ်မှာ အသွန်ခံရသူတွေက က ကားတွေငှား ပြီး ပြန်လာခဲ့လို ့ ရဲကားအရင်ပြန်ရောက်နေကြတာတွေ လည်း ရှိနေပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)