Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 6, 2016

လာမည္႔ပညာသင္ႏွစ္အတြင္း ဆရာတစ္သိန္းေက်ာ္ခန္႔အပ္သြားမည္

စာသင္ေက်ာင္းတစ္ခုတြင္ စာသင္ၾကားေနေသာ ဆရာမတစ္ဦးအား ေတြ႔ရစဥ္ (ဓာတ္ပံု -- အင္တာနက္)
  ရန္ကုန္၊မတ္လ၆ရက္(ဆင္ဟြာ)

    အေျခခံဆရာ၊ ဆရာမ လုိအပ္ခ်က္ ျမင့္မားလာမႈကို ကာမိေစရန္ ရည္ရြယ္၍ ပညာေရး ဝန္ႀကီးဌာနက  လာမည့္ ပညာသင္ႏွစ္ အတြင္း ဆရာ တစ္သိန္းေက်ာ္ ခန္႔အပ္သြားမည္ ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာန မွ တာ၀န္ရွိသူ တစ္ဦးကေျပာသည္။

ပညာေရးက႑ ျပဳျပင္ ေျပာင္းလဲမႈမ်ားကို ဆက္တိုက္ ေဆာင္ရြက္လ်က္ ရွိျခင္းေၾကာင့္ ယခုအခါ ေက်ာင္းေနႏႈန္း ျမင့္မားကာ စာတတ္ေျမာက္မႈ ႏႈန္းထားမွာ ၉၅ ရာခိုင္ႏႈန္း ေက်ာ္ရွိလာခဲ့ ၿပီျဖစ္ေၾကာင္း၊ လာမည့္ ပညာသင္ႏွစ္ တြင္ ဆယ့္ႏွစ္တန္း ပညာေရးစနစ္ စတင္ေတာ့မည္ ျဖစ္၍ ဆရာ လိုအပ္ခ်က္ ျဖည့္ဆည္းရင္း ေန႔စားလေပး ဆရာမ်ား ဝင္ေရာက္ လုပ္ကိုင္ခြင့္ အတြက္ ဝင္ခြင့္ စာေမးပြဲမ်ား ေျဖဆိုရမည္ ျဖစ္ေၾကာင္း သိရသည္။

ဝင္ခြင့္ စာေမးပြဲအတြက္ အဂၤလိပ္စာႏွင့္ အေထြေထြ ဗဟုသုတကို ႀကိဳတင္ ေလ့လာထားရမည္ ျဖစ္ၿပီး ေလွ်ာက္ထားရန္ လိုအပ္သည့္ အရည္အခ်င္း မ်ားကို သတင္းစာမ်ားတြင္ အေသးစိတ္ ထည့္သြင္း ေဖာ္ျပသြားမည္ျဖစ္သည္။ ဆရာ လိုအပ္ခ်က္မွာ ရန္ကုန္တုိင္း ေဒသႀကီး၊ မႏၲေလးတိုင္း ေဒသႀကီးႏွင့္ ဧရာဝတီတုိင္း ေဒသႀကီးတို႔၌ ဆရာမ်ား အမ်ားဆံုး လုိအပ္လ်က္ ရွိသည္။ ယခု ပညာသင္ႏွစ္ အတြက္ တစ္ႏုိင္ငံလံုး အတိုင္းအတာအရ မူလတန္းျပ ၂၄,၃၅၉ ဦး၊ အလယ္တန္းျပ ၆၆၁၃ ဦးႏွင့္ အထက္တန္းျပ ၅၄၃၁ ဦး လိုအပ္ခ်က္ မ်ားကိုလည္းျဖည့္ဆည္း ခန္႔အပ္လ်က္ ရွိေၾကာင္း၎တာ၀န္ရွိသူကဆိုသည္။

(Xinhua)
http://www.xinhuamyanmar.com
.......................
 စာသင်ကျောင်းတစ်ခုတွင် စာသင်ကြားနေသော ဆရာမတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ -- အင်တာနက်)
  ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ)

    အခြေခံဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားလာမှုကို ကာမိစေရန် ရည်ရွယ်၍ ပညာရေး ဝန်ကြီးဌာနက  လာမည့် ပညာသင်နှစ် အတွင်း ဆရာ တစ်သိန်းကျော် ခန့်အပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက် ဆောင်ရွက်လျက် ရှိခြင်းကြောင့် ယခုအခါ ကျောင်းနေနှုန်း မြင့်မားကာ စာတတ်မြောက်မှု နှုန်းထားမှာ ၉၅ ရာခိုင်နှုန်း ကျော်ရှိလာခဲ့ ပြီဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ် တွင် ဆယ့်နှစ်တန်း ပညာရေးစနစ် စတင်တော့မည် ဖြစ်၍ ဆရာ လိုအပ်ချက် ဖြည့်ဆည်းရင်း နေ့စားလပေး ဆရာများ ဝင်ရောက် လုပ်ကိုင်ခွင့် အတွက် ဝင်ခွင့် စာမေးပွဲများ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတကို ကြိုတင် လေ့လာထားရမည် ဖြစ်ပြီး လျှောက်ထားရန် လိုအပ်သည့် အရည်အချင်း များကို သတင်းစာများတွင် အသေးစိတ် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။ ဆရာ လိုအပ်ချက်မှာ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့၌ ဆရာများ အများဆုံး လိုအပ်လျက် ရှိသည်။ ယခု ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ မူလတန်းပြ ၂၄,၃၅၉ ဦး၊ အလယ်တန်းပြ ၆၆၁၃ ဦးနှင့် အထက်တန်းပြ ၅၄၃၁ ဦး လိုအပ်ချက် များကိုလည်းဖြည့်ဆည်း ခန့်အပ်လျက် ရှိကြောင်း၎င်းတာဝန်ရှိသူကဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment