Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 3, 2016

ရဲအတုက တည္းခိုသည္႕မိသားစုမွသမီးငယ္ကိုၾကံ


သာယာဝတီ မတ္ ၃

သာယာဝတီခ႐ိုင္လက္ပံတန္း ၿမိဳ႕နယ္ ေရငံေက်းရြာအုပ္စု ဂုံမင္း ႐ႈိးအစုေန (ဘ)ဦး----၏ သမီး ျဖစ္သူ မ---- အသက္ ၁၅ ႏွစ္ကို နယ္ထိန္းအမည္ခံ ကိုေနလင္းဦးဆိုသူက ေတာင္ေပၚသစ္ လွည္းမ်ားကို အခေၾကးေငြေတာင္းခံသည့္ တည္းခိုေနထိုင္ေသာ အိမ္ ရွင္၏သမီးျဖစ္သူကို ေဖေဖာ္ဝါရီ ၂၈ရက္က အဓမၼအလိုမတူ သား မယားျပဳက်င့္ခဲ့ေၾကာင္း သိရ သည္။

အဆိုပါကိစၥျဖင့္ အဓမၼျပဳက်င့္ ခံရသူ မ----၏ မိခင္ျဖစ္သူက ''ကြၽန္မတို႔ေနထိုင္တဲ့တဲကို လြန္ခ့ဲ တဲ့ႏွစ္ပတ္ေက်ာ္ခန္႔က လက္ပံ တန္းရဲတပ္ဖြဲ႕မွဆိုၿပီး နယ္ထိန္း ေနလင္းဦးနဲ႔ တင္ေထြးဆိုသူ ႏွစ္ဦး ေရာက္ရွိလာတယ္။ သူတို႔ဟာ လက္ပံတန္းရဲစခန္းအတြက္ ဘတ္ ဂ်က္ေငြလိုေနသျဖင့္ ဒီတဲမွာတည္း ခိုျပီး သစ္လွည္းေတြကို ေငြေတာင္း ဖို႔တာဝန္န႔ဲလာေၾကာင္း ေျပာပါ တယ္။ ကြၽန္မတို႕မွာ ရဲဆိုေၾကာက္ သျဖင့္ သူတို႔ေျပာတဲ့အတိုင္း ဘာမွ မေျပာဘဲ လက္ခံထားလိုက္ပါ တယ္။ အဲဒီေနာက္ သူတို႔ေတြဟာ ေတာင္ေပၚမွလာတဲ့သစ္လွည္းေတြ ကို သူတို႔ႏွစ္ဦးဟာ နယ္ထိန္းလို႔ ေျပာၿပီး အခေၾကးေငြေတာင္းပါ ေတာ့တယ္။ ဒီလိုန႔ဲ ကြၽန္မတို႕ အေနနဲ႔ ေနာင္တစ္ခ်ိန္မွာ သူတို႔ ေတာင္းထားတဲ့ သစ္လွည္းေတြ ဟာ သူတို႔မရွိရင္ ကြၽန္မတို႔ကို ရန္ လုပ္မွာေၾကာက္လို႕ ဆရာတို႔အေန နဲ႔ တျခားေနရာမွာေတာင္းပါလို႔ နယ္ထိန္းေနလင္းဦးနဲ႔ တင္ေထြး ကိုေျပာေသာအခါ ကြၽန္မတို႔တဲ တြင္မေနေတာ့ဘဲ ေျပာင္းသြားပါ တယ္။ ဒါေပမ့ဲ နယ္ထိန္း ေန လင္းဦးကေတာ့ အျမဲျပန္လာၿပီး ေတာင္းေနတယ္။ ဒီလိုန႔ဲ ေဖေဖာ္ ဝါရီ ၂၈ ရက္ နံနက္ ၁ဝ နာရီ ေက်ာ္ေလာက္မွာ ကြၽန္မခရီးမွျပန္ စဥ္ ခ်ဳံပုတ္ထဲတြင္စကားေျပာသံ ၾကားၿပီး အိမ္သို႔ၾကည့္ေသာအခါ အိမ္ေရွ႕တြင္ ဆိုင္ကယ္တစ္စီးရပ္ ထားတာကိုေတြ႕ရပါတယ္။ အဲဒီ ေနာက္ခ်ဳံပုတ္အတြင္းမွထြက္လာ သူဟာနယ္ထိန္းကိုေနလင္းဦးျဖစ္ ၿပီး သမီးျဖစ္သူ မ----မွာ ေရွ႕ ဆင့္ ေနာက္ဆင့္ထြက္လာခ့ဲတာ ေတြ႕ျမင္ရပါတယ္။ ကြၽန္မ သမီး ႏြားေက်ာင္းေနစဥ္ ပါးစပ္ပိတ္ၿပီး ႏြားေက်ာင္းတဲ့ေနရာ သစ္ခ်ဳိးပုံ အတြင္းသို႔ေခၚေဆာင္ၿပီး အတင္း အဓမၼျပဳက်င့္မႈခံရတာျဖစ္ပါတယ္'' ဟုေျပာသည္။

အဆိုပါလက္ပံတန္းရဲစခန္းမွ ရဲအုပ္သန္႔ဇင္ထြန္းကအမႈကိုလက္ခံ ကိုင္တြယ္ၿပီး ရဲစခန္းက (ပ)၈ဝ/ ၂ဝ၁၆ ျပစ္မႈဆိုင္ရာ ပုဒ္မ ၃၇၆/ ၅၁၁ ျဖင့္ အမႈစြဲဆိုႏိုင္ရန္ ေဆာင္ ရြက္ေၾကာင္းသိရသည္။

သခင္ဖိုးလွ(သာယာဝတီ)
The Union Daily
http://uniondaily.net

...............................................


သာယာဝတီ မတ် ၃

သာယာဝတီခရိုင်လက်ပံတန်း မြို့နယ် ရေငံကျေးရွာအုပ်စု ဂုံမင်း ရှိုးအစုနေ (ဘ)ဦး----၏ သမီး ဖြစ်သူ မ---- အသက် ၁၅ နှစ်ကို နယ်ထိန်းအမည်ခံ ကိုနေလင်းဦးဆိုသူက တောင်ပေါ်သစ် လှည်းများကို အခကြေးငွေတောင်းခံသည့် တည်းခိုနေထိုင်သော အိမ် ရှင်၏သမီးဖြစ်သူကို ဖေဖော်ဝါရီ ၂၈ရက်က အဓမ္မအလိုမတူ သား မယားပြုကျင့်ခဲ့ကြောင်း သိရ သည်။

အဆိုပါကိစ္စဖြင့် အဓမ္မပြုကျင့် ခံရသူ မ----၏ မိခင်ဖြစ်သူက ''ကျွန်မတို့နေထိုင်တဲ့တဲကို လွန်ခဲ့ တဲ့နှစ်ပတ်ကျော်ခန့်က လက်ပံ တန်းရဲတပ်ဖွဲ့မှဆိုပြီး နယ်ထိန်း နေလင်းဦးနဲ့ တင်ထွေးဆိုသူ နှစ်ဦး ရောက်ရှိလာတယ်။ သူတို့ဟာ လက်ပံတန်းရဲစခန်းအတွက် ဘတ် ဂျက်ငွေလိုနေသဖြင့် ဒီတဲမှာတည်း ခိုပြီး သစ်လှည်းတွေကို ငွေတောင်း ဖို့တာဝန်နဲ့လာကြောင်း ပြောပါ တယ်။ ကျွန်မတို့မှာ ရဲဆိုကြောက် သဖြင့် သူတို့ပြောတဲ့အတိုင်း ဘာမှ မပြောဘဲ လက်ခံထားလိုက်ပါ တယ်။ အဲဒီနောက် သူတို့တွေဟာ တောင်ပေါ်မှလာတဲ့သစ်လှည်းတွေ ကို သူတို့နှစ်ဦးဟာ နယ်ထိန်းလို့ ပြောပြီး အခကြေးငွေတောင်းပါ တော့တယ်။ ဒီလိုနဲ့ ကျွန်မတို့ အနေနဲ့ နောင်တစ်ချိန်မှာ သူတို့ တောင်းထားတဲ့ သစ်လှည်းတွေ ဟာ သူတို့မရှိရင် ကျွန်မတို့ကို ရန် လုပ်မှာကြောက်လို့ ဆရာတို့အနေ နဲ့ တခြားနေရာမှာတောင်းပါလို့ နယ်ထိန်းနေလင်းဦးနဲ့ တင်ထွေး ကိုပြောသောအခါ ကျွန်မတို့တဲ တွင်မနေတော့ဘဲ ပြောင်းသွားပါ တယ်။ ဒါပေမဲ့ နယ်ထိန်း နေ လင်းဦးကတော့ အမြဲပြန်လာပြီး တောင်းနေတယ်။ ဒီလိုနဲ့ ဖေဖော် ဝါရီ ၂၈ ရက် နံနက် ၁ဝ နာရီ ကျော်လောက်မှာ ကျွန်မခရီးမှပြန် စဉ် ချုံပုတ်ထဲတွင်စကားပြောသံ ကြားပြီး အိမ်သို့ကြည့်သောအခါ အိမ်ရှေ့တွင် ဆိုင်ကယ်တစ်စီးရပ် ထားတာကိုတွေ့ရပါတယ်။ အဲဒီ နောက်ချုံပုတ်အတွင်းမှထွက်လာ သူဟာနယ်ထိန်းကိုနေလင်းဦးဖြစ် ပြီး သမီးဖြစ်သူ မ----မှာ ရှေ့ ဆင့် နောက်ဆင့်ထွက်လာခဲ့တာ တွေ့မြင်ရပါတယ်။ ကျွန်မ သမီး နွားကျောင်းနေစဉ် ပါးစပ်ပိတ်ပြီး နွားကျောင်းတဲ့နေရာ သစ်ချိုးပုံ အတွင်းသို့ခေါ်ဆောင်ပြီး အတင်း အဓမ္မပြုကျင့်မှုခံရတာဖြစ်ပါတယ်'' ဟုပြောသည်။

အဆိုပါလက်ပံတန်းရဲစခန်းမှ ရဲအုပ်သန့်ဇင်ထွန်းကအမှုကိုလက်ခံ ကိုင်တွယ်ပြီး ရဲစခန်းက (ပ)၈ဝ/ ၂ဝ၁၆ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုစွဲဆိုနိုင်ရန် ဆောင် ရွက်ကြောင်းသိရသည်။

သခင်ဖိုးလှ(သာယာဝတီ)
The Union Daily
http://uniondaily.net

No comments:

Post a Comment