Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 15, 2016

လွည့္ကင္းေမာ္ေတာ္ယာဥ္ျဖင့္ လွည့္ကင္းတာဝန္ေဆာင္ရြက္စဥ္ လုယက္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိ


ရန္ကုန္ မတ္ ၁၅

ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕မ ရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ မတ္ ၁၃ ရက္ ည ၈ နာရီခြဲတြင္ နယ္ေျမ အတြင္း ရပ္ရြာေအးခ်မ္းသာယာေရး၊ တရားဥပေဒစိုးမိုးေရး၊ ခိုးမႈ၊ လုယက္မႈမ်ား မျဖစ္ပြားေစေရး ေမာ္ေတာ္ယာဥ္ ျဖင့္ လွည့္ကင္းတာဝန္ေဆာင္ရြက္ ေနစဥ္ ဆိုင္ကယ္စီးသူ သံုးဦးက လက္ကိုင္ဖုန္းလုယူထြက္ေျပးသြားေၾကာင္း သတင္းအရ လုိက္လံရွာေဖြ ဖမ္းဆီးခဲ့ရာ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ (၆၅)ရပ္ကြက္ ျပည္ေထာင္စုလမ္းမေပၚ၌ ဒဂံု ၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ေန သန္းထုိက္ဝင္း (၂ဝ)ႏွစ္၊ သူဇာ (၁၉) ႏွစ္ႏွင့္ စႏၵာဟိန္း (၁၉) ႏွစ္တို႔ သံုးဦး အား Felling-110 အမ်ဳိးအစား ဆိုင္ကယ္တစ္စီး၊ HUAWEI အမ်ဳိးအစား လက္ကိုင္ဖုန္းတစ္လံုးႏွင့္ Honor အမ်ဳိးအစား လက္ကိုင္ဖုန္း တစ္လံုးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူ သံုးဦးအား စစ္ေဆးရာ HUAWEI အမ်ဳိးအစားဖုန္းကုိ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ (၁၈)ရပ္ကြက္ ဇာဒက္ႀကီးလမ္းမေပၚတြင္ လမ္းေလွ်ာက္ေနသူအမ်ဳိးသားတစ္ဦးထံမွ သူဇာကလည္းေကာင္း၊ Honor အမ်ဳိးအစားလက္ကိုင္ဖုန္းကို ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ (၂၄)ရပ္ကြက္ ကန္သာယာလမ္းမ ေပၚတြင္ လမ္းေလွ်ာက္ေနသူအမ်ဳိး သားတစ္ဦးထံမွ သူဇာႏွင့္ စႏၵာဟိန္းတို႔ကလည္းေကာင္း လုယူထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္းေပၚေပါက္ခဲ့သည္။

၎တုိ႔အား အျခားလုယက္မႈမ်ားက်ဴးလြန္ထားျခင္းရွိ၊ မရွိ ထပ္မံစစ္ေဆးရာ မတ္ ၁၂ ရက္ ည ၈ နာရီ ခန္႔တြင္ ¤င္းတုိ႔ႏွင့္အတူ အာကာ(ခ)စိုးအာကာၿဖိဳးသည္ ဒဂံုၿမိဳ႕သစ္ (ေတာင္ပုိင္း)ၿမိဳ႕နယ္ (၁၇)ရပ္ကြက္ ဦးထြန္းျမတ္ လမ္းမေပၚတြင္ လမ္းေလွ်ာက္ေနသူ အမ်ဳိးသား တစ္ဦးထံမွ Colne လက္ကိုင္ဖုန္း တစ္လံုးအားလည္းေကာင္း၊ ည ၈ နာရီခြဲခန္႔က ဒဂံုၿမိဳ႕သစ္(အေရွ႕ပုိင္း)ၿမိဳ႕နယ္ တကၠသိုလ္အနီးလမ္းမေပၚ တြင္ လမ္းေလွ်ာက္ေနသူ အမ်ဳိးသား တစ္ဦးထံမွ HUAWEI 730 အမ်ဳိး အစားလက္ကိုင္ဖုန္းတစ္လံုးအား လည္းေကာင္း လုယူခဲ့ေၾကာင္း ထပ္မံ ေပၚေပါက္သျဖင့္ ျပစ္မႈက်ဴးလြန္ရာ တြင္ပါဝင္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူ အာကာ(ခ)စိုးအာကာၿဖိဳးအား မတ္ ၁၄ ရက္ နံနက္ ၃ နာရီ မိနစ္ ၄ဝ တြင္ ခရမ္းၿမိဳ႕နယ္ (၉)ရပ္ကြက္ အတြင္းဖမ္းဆီးရမိခဲ့ၿပီး သက္ေသခံ ပစၥည္းမ်ားျပန္လည္သိမ္းဆည္းကာ သက္ဆိုင္ရာရဲစခန္းတြင္ အမႈမ်ား အသီးသီးေရးဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ ျပည္သူမ်ားအေနျဖင့္လည္း လက္ကိုင္ဖုန္းမ်ား အသံုးျပဳရာတြင္ လြယ္လင့္တကူလုယူမခံရေစေရး သတိရွိၾကေစရန္ အသိေပးအပ္ ပါသည္။

(ကိုရဲ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

...............................................


ရန်ကုန် မတ် ၁၅

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မတ် ၁၃ ရက် ည ၈ နာရီခွဲတွင် နယ်မြေ အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ခိုးမှု၊ လုယက်မှုများ မဖြစ်ပွားစေရေး မော်တော်ယာဉ် ဖြင့် လှည့်ကင်းတာဝန်ဆောင်ရွက် နေစဉ် ဆိုင်ကယ်စီးသူ သုံးဦးက လက်ကိုင်ဖုန်းလုယူထွက်ပြေးသွားကြောင်း သတင်းအရ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၆၅)ရပ်ကွက် ပြည်ထောင်စုလမ်းမပေါ်၌ ဒဂုံ မြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ သန်းထိုက်ဝင်း (၂ဝ)နှစ်၊ သူဇာ (၁၉) နှစ်နှင့် စန္ဒာဟိန်း (၁၉) နှစ်တို့ သုံးဦး အား Felling-110 အမျိုးအစား ဆိုင်ကယ်တစ်စီး၊ HUAWEI အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် Honor အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ သုံးဦးအား စစ်ဆေးရာ HUAWEI အမျိုးအစားဖုန်းကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၈)ရပ်ကွက် ဇာဒက်ကြီးလမ်းမပေါ်တွင် လမ်းလျှောက်နေသူအမျိုးသားတစ်ဦးထံမှ သူဇာကလည်းကောင်း၊ Honor အမျိုးအစားလက်ကိုင်ဖုန်းကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၂၄)ရပ်ကွက် ကန်သာယာလမ်းမ ပေါ်တွင် လမ်းလျှောက်နေသူအမျိုး သားတစ်ဦးထံမှ သူဇာနှင့် စန္ဒာဟိန်းတို့ကလည်းကောင်း လုယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့သည်။

၎င်းတို့အား အခြားလုယက်မှုများကျူးလွန်ထားခြင်းရှိ၊ မရှိ ထပ်မံစစ်ဆေးရာ မတ် ၁၂ ရက် ည ၈ နာရီ ခန့်တွင် ¤င်းတို့နှင့်အတူ အာကာ(ခ)စိုးအာကာဖြိုးသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၁၇)ရပ်ကွက် ဦးထွန်းမြတ် လမ်းမပေါ်တွင် လမ်းလျှောက်နေသူ အမျိုးသား တစ်ဦးထံမှ Colne လက်ကိုင်ဖုန်း တစ်လုံးအားလည်းကောင်း၊ ည ၈ နာရီခွဲခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တက္ကသိုလ်အနီးလမ်းမပေါ် တွင် လမ်းလျှောက်နေသူ အမျိုးသား တစ်ဦးထံမှ HUAWEI 730 အမျိုး အစားလက်ကိုင်ဖုန်းတစ်လုံးအား လည်းကောင်း လုယူခဲ့ကြောင်း ထပ်မံ ပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်ရာ တွင်ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အာကာ(ခ)စိုးအာကာဖြိုးအား မတ် ၁၄ ရက် နံနက် ၃ နာရီ မိနစ် ၄ဝ တွင် ခရမ်းမြို့နယ် (၉)ရပ်ကွက် အတွင်းဖမ်းဆီးရမိခဲ့ပြီး သက်သေခံ ပစ္စည်းများပြန်လည်သိမ်းဆည်းကာ သက်ဆိုင်ရာရဲစခန်းတွင် အမှုများ အသီးသီးရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း လက်ကိုင်ဖုန်းများ အသုံးပြုရာတွင် လွယ်လင့်တကူလုယူမခံရစေရေး သတိရှိကြစေရန် အသိပေးအပ် ပါသည်။

(ကိုရဲ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment