Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 31, 2016

သမ္မတဦးထင်ကျော် ရာထူးတာဝန်လွှဲပြောင်းရယူခြင်းအတွက် သမ္မတအိုဘားမား၏ကြေညာချက်

သမ္မတဦးထင်ကျော် ရာထူးတာဝန်လွှဲပြောင်းရယူခြင်းအတွက် သမ္မတအိုဘားမား၏ကြေညာချက်
...................................
မြန်မာနိုင်ငံတော်သမ္မတအဖြစ် ယနေ့ ရာထူးတာဝန် လွှဲပြောင်းရယူလက်ခံသော ဦးထင်ကျော် အတွက် မိမိ ချီးကျူးဂုဏ်ပြုပြီး သမ္မတဦးထင်ကျော်နှင့်အတူ သူ၏ အစိုးရအဖွဲ့သစ်နှင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်လျက်ရှိပါသည်။ ဦးထင်ကျော်၏ သမ္မတရာထူးတာဝန် လွှဲပြောင်းရယူလက်ခံခြင်းသည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခြင်းခံရသော အရပ်သား ဦးဆောင်သည့် အစိုးရထံသို့ အသွင်ကူးပြောင်းသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်မှတ်တိုင်တစ်ရပ်ကို ကိုယ်စားပြုခြင်းဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် အံ့ဩဘနန်းဖြစ်ရသော ဤအခိုက်အတန့်သည် မြန်မာပြည်သူများ၊ အင်စတီကျူးရှင်းများနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ၏ ကြိုးပမ်းမှုသက်သေပင်ဖြစ်ပြီး ၂၀၁၁ ခုနှစ် ကတည်းက စတင်ခဲ့သော ပြုပြင်ပြောင်းလဲရေးများ၏ သိသာထင်ရှားမှုကို ဖော်ညွှန်းလျက် ရှိပါသည်။

မြန်မာနိုင်ငံရှေ့ခရီးဆက်ရာတွင် ပိုမိုကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တိုးတက်ဖော်ဆောင်ခြင်း၊ ၎င်းနိုင်ငံသားများအတွက် အခွင့်အရေးနှင့်လွတ်လပ်မှုအတွက် တိုးမြှင့်ဆောင်ရွက်ခြင်းအပါအဝင် သိသာထင်ရှားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ပိုမို၍ အားလုံးပါဝင်ပြီး ငြိမ်းချမ်းသော၊ စည်ပင်ဝပြောသော အနာဂတ်ကို တိုးတက်ဖော်ဆောင်သွားမည်ဖြစ်ရာ အမေရိကန်ပြည်ထောင်စုသည် မြန်မာအစိုးရသစ်နှင့် မြန်မာနိုင်ငံသားများအတွက် မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားရန် မျှော်လင့်လျက်ရှိပါသည်။

THE WHITE HOUSE
Office of the Press Secretary
Messenger News Journal
.....................................
သမၼတဦးထင္ေက်ာ္ ရာထူးတာ၀န္လႊဲေျပာင္းရယူျခင္းအတြက္ သမၼတအုိဘားမား၏ေၾကညာခ်က္
...................................
ျမန္မာႏုိင္ငံေတာ္သမၼတအျဖစ္ ယေန႔ ရာထူးတာဝန္ လႊဲေျပာင္းရယူလက္ခံေသာ ဦးထင္ေက်ာ္ အတြက္ မိမိ ခ်ီးက်ဴးဂုဏ္ျပဳၿပီး သမၼတဦးထင္ေက်ာ္ႏွင့္အတူ သူ၏ အစုိးရအဖြဲ႔သစ္ႏွင့္ လက္တြဲေဆာင္ရြက္ရန္ ေမွ်ာ္လင့္လ်က္ရွိပါသည္။ ဦးထင္ေက်ာ္၏ သမၼတရာထူးတာဝန္ လႊဲေျပာင္းရယူလက္ခံျခင္းသည္ ဒီမိုကေရစီ နည္းလမ္းတက် ေ႐ြးေကာက္တင္ေျမႇာက္ျခင္းခံရေသာ အရပ္သား ဦးေဆာင္သည့္ အစိုးရထံသို႔ အသြင္ကူးေျပာင္းသည့္ ျမန္မာႏိုင္ငံ၏ သမိုင္းဝင္မွတ္တိုင္တစ္ရပ္ကုိ ကုိယ္စားျပဳျခင္းျဖစ္ပါသည္။ ျမန္မာ့သမိုင္းတြင္ အံ့ဩဘနန္းျဖစ္ရေသာ ဤအခိုက္အတန္႔သည္ ျမန္မာျပည္သူမ်ား၊ အင္စတီက်ဴး႐ွင္းမ်ားႏွင့္ ၿငိမ္းခ်မ္းစြာ အာဏာလႊဲေျပာင္းေရးအတြက္ အတူတကြ လုပ္ကိုင္ေဆာင္႐ြက္ခဲ့ေသာ ေခါင္းေဆာင္မ်ား၏ ႀကိဳးပမ္းမႈသက္ေသပင္ျဖစ္ၿပီး ၂၀၁၁ ခုႏွစ္ ကတည္းက စတင္ခဲ့ေသာ ျပဳျပင္ေျပာင္းလဲေရးမ်ား၏ သိသာထင္႐ွားမႈကို ေဖာ္ညႊန္းလ်က္ ရွိပါသည္။

ျမန္မာႏိုင္ငံေ႐ွ႕ခရီးဆက္ရာတြင္ ပုိမုိက်ယ္ျပန္႔ေသာ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ျခင္း၊ အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရးကို တုိးတက္ေဖာ္ေဆာင္ျခင္း၊ ၎ႏိုင္ငံသားမ်ားအတြက္ အခြင့္အေရးႏွင့္လြတ္လပ္မႈအတြက္ တုိးျမွင့္ေဆာင္ရြက္ျခင္းအပါအဝင္ သိသာထင္႐ွားသည့္ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ရမည္ျဖစ္ပါသည္။ ျမန္မာႏုိင္ငံသည္ ပုိမုိ၍ အားလုံးပါဝင္ၿပီး ၿငိမ္းခ်မ္းေသာ၊ စည္ပင္ဝေျပာေသာ အနာဂတ္ကုိ တုိးတက္ေဖာ္ေဆာင္သြားမည္ျဖစ္ရာ အေမရိကန္ျပည္ေထာင္စုသည္ ျမန္မာအစိုးရသစ္ႏွင့္ ျမန္မာႏုိင္ငံသားမ်ားအတြက္ မိတ္ေဆြမြန္၊ မိတ္ဖက္ေကာင္းအျဖစ္ ရပ္တည္သြားရန္ ေမွ်ာ္လင့္လ်က္ရွိပါသည္။

THE WHITE HOUSE
Office of the Press Secretary
Messenger News Journal


No comments:

Post a Comment