Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 31, 2016

ပဲခူးရွှေမော်ဓောဘုရားပေါ်က ပန်းချီကားဟာ အတိတ် နိမိတ်တစ်ခုမဟုတ်ကြောင်းပန်းချီဆရာပြောကြား

ပဲခူး၊ မတ် ၃၁
ပဲခူးရွှေမော်ဓောဘုရားပေါ်က ကာချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်ပုံ ခပ်ဆင်ဆင်လိုလိုပါနေတဲ့ပန်းချီကားဟာ အတိတ် နိမိတ်တစ်ခုဖြစ်တယ်လ်ုိ့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်နေကြတဲ့အပေါ် အဲဒီပန်းချီကားကိုဆွဲတဲ့ပန်းချီဆရာဦးအောင်လှိုင်ဦးကအတိတ် နိမိတ်မဟုတ်ဘူးလို့ငြင်းဆိုလိုက်ပါတယ်။
"ဒါဟာ ဘာအတိတ်နိမိတ်မှမဟုတ်ပါဘူး အဲဒီပန်းချီကားကိုကျနော် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာဆွဲခဲ့တာပါ အဲချိန်တုန်းကရွေးကောက်ပွဲပြီးခါစလေ၊ ပန်းချီကားဆွဲနေချိန်မှာ ကာချုပ်နဲ့ဒေါ်စုပုံ ဖေ့ဘွတ်ပေါ်မှာတက်လာတော့ ဒီလိုမျိုးတစ်ခါမှတွေ့တာမရှိဘူးလေ ထူးထူးခြားခြားဖြစ်နေတယ် အဲဒါကု်ိဂုဏ်ပြုတဲ့အနေနဲ့ဆွဲခဲ့တာပါ ပန်းချီရဲ့ သဘောသဘာဝအရ သူတို့ပုံကိုထည့်ဆွဲလိုက်တာပါ ဘာအတိတ်နိမိတ်မှမပါပါဘူး ပန်းချီဆွဲချိန်မှာ ကာချုပ်နဲ့ဒေါ်စုတွေ့ပြီးပြီ ကျနော်ဆွဲတာမစောပါဘူး"လို့ပန်းချီဆရာ ဦးအောင်လှိုင်ဦးကပြောပါတယ်။
ပဲခူးရွှေမော်ဓောသမိုင်းကို အရင်တုန်းကရေးဆွဲထားတဲ့ပန်းချီကားတွေဟာ မှုန်ဝါးနေပြီဖြစ်တဲ့အတွက်အသစ်ပြန်လည်ရေးဆွဲဖို့ဘုရားဂေါပကအဖွဲ့ဝင်တွေကပန်းချီဆရာဦးအောင်လှိုင်ဦးကို တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောပါတယ်။
အဲဒီပန်းချီကားဟာ ပဲခူးငလျင်ကြီးကြောင့် ရွှေမုဌောဘုရားငှက်ပျောဖူးပြုတ််ကျနေချိန် လူတွေဝိုင်းကြည့်နေတဲ့ပုံကိို ရေးဆွဲတာဖြစ်ပြီး ပန်းချီသဘောသဘာဝအရကာချုပ်နဲ့ဒေါ်စုပုံကိုထည့်ဆွဲလိုက်ခြင်းဖြစ်ကြောင်း ပန်းချီဆရာကဆိုပါတယ်။
အဲဒီဘုရားသမိုင်းကိုရေးဆွဲထားတဲ့ပန်းချီကားစုစုပေါင်း ၂၃ ချပ်ရှိပြီး ပန်းချီတစ်ချပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ကာချုပ်နှုတ်ဆက်နေပုံနဲ့ခပ်ဆင်ဆင်တူတဲ့ပုံနောက်တစ်ချပ်မှာဒေါ်အောင်ဆန်းစုကြည်ဘုရားကိုကြည့်နေတာနဲ့ခပ်ဆင်ဆင်တူတဲ့ပုံတို့ဖြစ်ပြီးတော့ အဲဒီနှစ်ပုံဟာထူးထူးခြားခြားဖြစ်နေတယ်လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။
လင်းဟိန်း၊ ကိုဦး
ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
Popular News Journal
..................................


ပဲခူး၊ မတ် ၃၁
ပဲခူးရွှေမော်ဓောဘုရားပေါ်က ကာချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်ပုံ ခပ်ဆင်ဆင်လိုလိုပါနေတဲ့ပန်းချီကားဟာ အတိတ် နိမိတ်တစ်ခုဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်နေကြတဲ့အပေါ် အဲဒီပန်းချီကားကိုဆွဲတဲ့ပန်းချီဆရာဦးအောင်လှိုင်ဦးကအတိတ် နိမိတ်မဟုတ်ဘူးလို့ငြင်းဆိုလိုက်ပါတယ်။
"ဒါဟာ ဘာအတိတ်နိမိတ်မှမဟုတ်ပါဘူး အဲဒီပန်းချီကားကိုကျနော် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာဆွဲခဲ့တာပါ အဲချိန်တုန်းကရွေးကောက်ပွဲပြီးခါစလေ၊ ပန်းချီကားဆွဲနေချိန်မှာ ကာချုပ်နဲ့ဒေါ်စုပုံ ဖေ့ဘွတ်ပေါ်မှာတက်လာတော့ ဒီလိုမျိုးတစ်ခါမှတွေ့တာမရှိဘူးလေ ထူးထူးခြားခြားဖြစ်နေတယ် အဲဒါကိုဂုဏ်ပြုတဲ့အနေနဲ့ဆွဲခဲ့တာပါ ပန်းချီရဲ့ သဘောသဘာဝအရ သူတို့ပုံကိုထည့်ဆွဲလိုက်တာပါ ဘာအတိတ်နိမိတ်မှမပါပါဘူး ပန်းချီဆွဲချိန်မှာ ကာချုပ်နဲ့ဒေါ်စုတွေ့ပြီးပြီ ကျနော်ဆွဲတာမစောပါဘူး"လို့ပန်းချီဆရာ ဦးအောင်လှိုင်ဦးကပြောပါတယ်။
အဲဒီပန်းချီကားဟာ ပဲခူးငလျင်ကြီးကြောင့် ရွှေမုဌောဘုရားငှက်ပျောဖူးပြုတ်ကျနေချိန် လူတွေဝိုင်းကြည့်နေတဲ့ပုံကို ရေးဆွဲတာဖြစ်ပြီး ပန်းချီသဘောသဘာဝအရကာချုပ်နဲ့ဒေါ်စုပုံကိုထည့်ဆွဲလိုက်ခြင်းဖြစ်ကြောင်း ပန်းချီဆရာကဆိုပါတယ်။
လင်းဟိန်း၊ ကိုဦး
Popular News Journal

No comments:

Post a Comment