Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

ျပည္ထဲေရး၊ ျပည္သူ႕အသက္အုိးအိမ္ စည္းစိမ္ကို ကာကြယ္ႏုိင္ရဲ႕လား


ရခိုင့္တပ္မေတာ္ထံမွ သိမ္းဆည္းရမိေသာ လက္နက္ခဲယမ္းမ်ား (ဓါတ္ပံု- MOI)
ျပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ေဖေဖၚ၀ါရီ ၆ ရက္ေန႔ ည ၂နာရီေက်ာ္ေက်ာ္အခ်ိန္ ရန္ကုန္က လွည့္ကင္းေဆာင္ရြက္ေနတဲ့ ရဲကားေပၚက ရဲတပ္ဖြဲ႕၀င္ေတြဟာ ကန္ေတာ္ၾကီး နားက ဦးထြန္းျမတ္လမ္းေဘးမွာ ေရွ႕မီးဖြင့္ျပီး စက္ႏွိဳးရပ္ထားတဲ့ ကားတစ္စီးကို ေတြ႕လိုက္ရပါတယ္။ မသင္ကာဖြယ္ရာ အေနအထားေၾကာင့္ ကားကိုစစ္ေဆးတဲ့အခါ အရက္မူးျပီး အိပ္ေပ်ာ္ေနတဲ့ လူတစ္ေယာက္ကို ေတြ႕ရတဲ့အျပင္ ကားေပၚမွာလည္း ၾသစေၾတးလ်ႏုိင္ငံလုပ္ ပစၥတို တစ္လက္ကိုပါ ေတြ႕လိုက္ၾကရပါတယ္။ ဒီလို မေတာ္တဆ ေတြ႕ရွိ၊ ရွာေဖြ ဖမ္းဆီးမွဳေတြကေန တဆင့္ ရခိုင္ AA တပ္ဖြဲ႕ရဲ႕ တရုတ္နဲ႔ ထုိင္းနယ္စပ္ကေန မႏၱေလး၊ ရန္ကုန္ ျမိဳ႕ေတြကို ျဖတ္ျပီး ရခုိင္ျပည္နယ္ဘက္ကို တုိက္ခုိက္ေရး လက္နက္နဲ႔ က်ည္ဆံေတြ ပို႔တဲ့၊ အလြန္ၾကီးမားတဲ့ လုပ္ငန္းၾကီးကို ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။ နယ္စပ္ကေန ရန္ကုန္ကိုျဖတ္ျပီး သယ္သြားတယ္ ဆိုတဲ့ လက္နက္အရည္အတြက္ဟာ အလက္ ၃၀၀ ေက်ာ္လို႔ ဆိုထားတာမို႔ ဒီ လက္နက္ေတြ ရခုိင္ျပည္နယ္ကို သယ္မသြားပဲ ရန္ကုန္ ဧရိယာမွာပဲ တုိက္ပြဲ ဆင္ႏႊဲခဲ့ရင္ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ လံုျခံဳေရးကိစၥဆိုတာ ေတြးေတာင္ မေတြးရဲစရာပါပဲ။ ေျပာရရင္ ဒီျဖစ္စဥ္ကို ၾကည့္ရင္ ရန္ကုန္၊ မႏၱေလးလို ျမိဳ႕ၾကီးေတြရဲ႕ လံုျခံဳေရးစည္း က်ိဳးေပါက္ေနတာ ထင္ထင္ရွားရွား ေတြ႕ျမင္ၾကရမွာျဖစ္ျပီး အာဏာပိုင္ေတြဟာ ျပည္သူေတြရဲ႕ အသက္အုိးအိမ္ စည္းစိမ္ လံုျခံဳေရးကိုေတာင္ ေကာင္းေကာင္းကာကြယ္ႏုိင္စြမ္း မရွိတာ ေတြ႕ႏုိင္ပါတယ္။ ဒီကိစၥ ဘယ္သူ႔မွာ တာ၀န္ရွိသလဲ၊ ဘာလုိ႔ ဒီလိုျဖစ္ရတာလဲ ဆိုတာ ဒီတစ္ပါတ္ ေဆြးေႏြး တင္ျပသြားပါ့မယ္။

မေတာ္တဆ ဖမ္းဆီးမွဳကေန တဆင့္ ဆက္ျပီး ေဖာ္ထုတ္မွဳေတြမွာ ရန္ကုန္ ဒဂံုျမိဳ႕သစ္ ေျမာက္ပိုင္း၊ ေျမာက္ဥကၠလာ၊ လွိဳင္သာယာ ေနအိမ္ေတြကေန လက္နက္ငယ္က်ည္ဆံေတြ၊ ေလယာဥ္ပစ္ စက္ေသနတ္ က်ည္ဆံေတြ၊ စကားေျပာစက္ေတြ၊ ညၾကည့္မွန္ေျပာင္းေတြနဲ႔ စစ္သံုး ပစၥည္း အေတာ္မ်ားမ်ား သိမ္းဆည္းရမိတယ္လို႔ ဆုိပါတယ္။ အမွဳကြင္းဆက္အျဖစ္ ရခုိင္ျပည္နယ္ ေက်ာက္ျဖဴခရိုင္၊ ရမ္းျဗဲျမိဳ႕နယ္ က ပုဇြန္ကန္ အေဆာက္အဦ အနားမွာလည္း RPG ေသနတ္ေတြ၊ ဗံုးသီးနဲ႔ ပို႕က်ည္ေတြ၊ လက္နက္ငယ္ေတြ၊ က်ည္ဆံေတြ၊ ယမ္းတံုးေတြနဲ႔ စစ္သံုး လက္နက္ပစၥည္းကရိယာ ေတြ ထပ္ျပီး တူးေဖာ္သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။
ဖမ္းမိတဲ့ တရားခံေတြကို စစ္ေဆးေဖာ္ထုတ္ခ်က္ေတြအရ အဲဒီ လက္နက္ခဲယမ္းေတြကို ၂၀၁၄-၁၅ ခုႏွစ္အတြင္း ျပင္ဦးလြင္ လမ္းေၾကာင္းကေန ၈ ၾကိမ္၊ ကရင္ျပည္နယ္ ဘားအံ လမ္းေၾကာင္းကေန ၁၀ ၾကိမ္ စုစုေပါင္း ၁၈ ၾကိမ္ ရန္ကုန္ကို ကိုယ္ပိုင္ကားေတြနဲ႔ သယ္ခဲ့ၾကတယ္လို႔ ဆုိပါတယ္။ အဲဒီလက္နက္ေတြ ရန္ကုန္ကို ေရာက္မွ ျပန္လည္ ထုတ္ပိုးျပီး ရခုိင္ျပည္နယ္ စစ္ေတြကို လိုင္းကားနဲ႔ သံုးၾကိမ္၊ ကိုယ္ပိုင္ကားနဲ႔ ၁၁ၾကိမ္၊ စုစုေပါင္း ၁၄ ၾကိမ္ ပို႔ခဲ့တယ္လို႔ ဆုိပါတယ္။ အဲဒီကမွ တဆင့္ ေက်ာက္ျဖဴခရိုင္ဘက္ ေရာက္သြားျပီး သိပ္မၾကာေသးခင္တုန္းက ၾကားခဲ့ရတဲ့ သတင္းေတြအတိုင္း ရခုိင္ျပည္နယ္မွာ အစိုးရတပ္နဲ႔ AA တပ္ဖြဲ႕ တုိက္ပြဲေတြ ျဖစ္ပြားလာတာပါ။

စစ္အာဏာရွင္ စနစ္နဲ႔ အုပ္ခ်ဳပ္တဲ့ အစိုးရကို ေတာ္လွန္ဖို႔ ဆိုျပီး ရခုိင္တိုင္းရင္းသားေတြ လက္နက္စြဲကိုင္ ပုန္ကန္ တုိက္ခုိက္ခဲ့တာ အခုမွ မဟုတ္ပါဘူး။ ဆယ္စုႏွစ္ တစ္ခ်ိဳ႕ ၾကာျမင့္ခဲ့ပါျပီ။ ဒါေပမယ့္ ရခုိင္လက္နက္ကိုင္ေတြဟာ ရခုိင္ျပည္နယ္မွာ အေျခမခ်ႏုိင္ခဲ့ပါဘူး။ ျမန္မာႏုိင္ငံ အေရွ႕ေတာင္ပိုင္း ထိုင္းနယ္စပ္ဘက္ ကရင္ လက္နက္ကိုင္တပ္ဖြဲ႕ အေျချပဳလွဳပ္ရွားရာ နယ္ေျမမွာ ခိုလွံဳရင္း အစိုးရတပ္ေတြကို လက္နက္စြဲကိုင္ တုိက္ပြဲ၀င္ခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီအခ်ိန္ကာလ ကတည္းက ရခုိင္လက္နက္ကိုင္ေတြဟာ ရခုိင္ျပည္နယ္မွာ အေျခခ်ဖို႔ ရည္မွန္းခ်က္ ရွိခဲ့ၾကပါတယ္။ ဒါေၾကာင့္ ရည္မွန္းခ်က္ အတုိင္းပဲ ရခုိင္တုိင္းရင္းသား လက္နက္ကိုင္ေတြဟာ ျမန္မာႏုိင္ငံ အေရွ႕ေတာင္ပိုင္း ကရင္ျပည္နယ္ကေန ေျမာက္ပိုင္း ကရင္နီျပည္နယ္၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္ ကေန တဆင့္ အေနာက္ေျမာက္ပိုင္း ခ်င္းျပည္နယ္ကို ျဖတ္ျပီး ရခုိင္ျပည္နယ္ထဲမွာ ျပန္အေျခခ်ႏုိင္ဖို႔ ခရီးရွည္ ခ်ီတက္ပြဲၾကီးတစ္ခု ဆင္ႏြႊဲခဲ့ပါေသးတယ္။ ဒါေပမယ့္ အဲဒီ ခရီးရွည္ခ်ီတက္ပြဲၾကီးဟာ ခ်င္းျပည္နယ္ အေရာက္မွာ အစိုးရတပ္ရဲ႕ တုိက္ခိုက္ေျခမွဳန္းတာကို ခံလိုက္ရျပီး ပ်က္ျပယ္သြားခဲ့ပါတယ္။ ေျပာရရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ရခုိင္တုိင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕ေတြဟာ ရခုိင္ျပည္နယ္ထဲ ျပန္အေျခခ်ဖို႔ မလြယ္ကူဘူး ဆိုတာကို ျပတဲ့ လကၡဏာ တစ္ခု ျဖစ္ခဲ့ပါတယ္။

ေနာက္ပိုင္း အလားတူ ေကအဲန္ယူ ကရင့္လက္နက္ကိုင္ တပ္ဖြဲ႕ဟာလည္း ဧရာ၀တီတုိင္း ျမစ္၀ ကၽြန္းေပၚမွာ အေျခခ်မယ့္ စစ္ဆင္ေရးေတြ လုပ္ခဲ့ဖူးပါတယ္။ တနသၤာရီတုိင္းကေန တဆင့္ ေရေၾကာင္းလမ္းကေန ဧရာ၀တီတုိင္းထဲကုိ လူသူ လက္နက္ေတြ သယ္ယူပို႔ေဆာင္ျပီး တုိက္ပြဲေဖာ္မယ့္ လုပ္ငန္းစဥ္ပါ။ အဲဒါလည္း ဧရာ၀တီတုိင္းထဲမွာ ေျခမွဳန္းခံလိုက္ရပါတယ္။ အလားတူ ရခုိင္တုိင္းရင္းသား လက္နက္ကိုင္ေတြဟာလည္း ပင္လယ္ခရီးလမ္းေၾကာင္းကေန ရခုိင္ျပည္နယ္ထဲကို လူသူ လက္နက္ေတြနဲ႔ ၀င္ေရာက္ အေျခခ်ဖို႔ ၾကိဳးစားခဲ့ၾကဖူးပါေသးတယ္။ ဒါေပမယ့္ အိႏၵိယ ေရတပ္ရဲ႕ ၾကားျဖတ္ဖမ္းဆီးျခင္းကို ခံရျပီး တစ္ခ်ိဳ႕ ေသဆံုး၊ တစ္ခ်ိဳ႕ ႏွစ္ရွည္ ေထာင္ဒါဏ္ေတြ ခ်မွတ္ခံခဲ့ၾကရပါတယ္။ ေျပာရရင္ အဲဒီ ေခတ္ကာလက နယ္စပ္ေတြမွာ တုိက္ပြဲၾကီးငယ္ေတြ ျဖစ္ပြားေနေပမယ့္ အစိုးရဟာ ရန္ကုန္၊ မႏၱေလး လို ျမဳိ႕ျပဧရိယာကို လံုျခံဳေရးအရ ထိမ္းသိမ္းကာကြယ္ ထားႏိုင္တာေၾကာင့္ ရခုိင္ျပည္နယ္လို၊ ဧရာ၀တီတုိင္းလို ေနရာေတြကို လူသူလက္နက္ သယ္ယူပို႔ေဆာင္ျပီး သူပုန္ထဖို႔ မလြယ္ ျဖစ္ခဲ့တာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ သမၼတ ဦးသိန္းစိန္ အစိုးရအဖြဲ႕တာ၀န္ယူျပီးေနာက္ ဒုဗိုလ္ခ်ဳပ္ၾကီးကိုကို ျပည္ထဲေရး၀န္ၾကီးျဖစ္လာပါတယ္။ ေနာက္ပိုင္း ခုလို ျမိဳ႕ျပ လံုျခံဳေရးအေျခအေန က်ိဳးေပါက္လာတာ ေတြ႕ၾကရပါတယ္။ သန္းနဲ႔ခ်ီရွိတဲ့ စိတ္ၾကြေဆးျပားေတြ ရန္ကုန္ျမိဳ႕ေတာ္ဆီ ဦးတည္ ၀င္လာေနတာ အၾကိမ္ေပါင္း မရည္မတြက္ႏုိင္ေအာင္ ရွိခဲ့ပါတယ္။ တစ္ခါတစ္ရံ ကံမေကာင္း အေၾကာင္းမလွလို႔ မေတာ္တဆ ဖမ္းမိတဲ့ စိတ္ၾကြေဆးျပား အရည္အတြက္ေတာင္ တစ္ၾကိမ္တစ္ၾကိမ္မွာ သန္းနဲ႔ခ်ီ ပမာဏ ရွိတာေတြ႕ၾကရပါတယ္။ တစ္ၾကိမ္ကဆိုရင္ ယူနီေဖါင္း လက္နက္အျပည့္အစံုနဲ႔ ကိုးကန္႔ ဖုန္းက်ားရွင္ တပ္ဖြဲ႕က ျမန္မာစကားမတတ္တဲ့ တရုတ္လူမ်ိဳးေတြ တရုတ္ျပည္နယ္စပ္ကေန မႏၱေလးကိုျဖတ္၊ အိႏၵိယ နယ္စပ္ ကို ေရာက္မွ ဖမ္းမိတာမ်ိဳးလည္း ျဖစ္ခဲ့ဖူးပါတယ္။ အခုကိစၥမွာလည္း လက္နက္ အလက္ရာေပါင္းမ်ားစြာ၊ က်ည္ဆံ ေထာင္ေသာင္းခ်ီ နယ္စပ္ကေန မႏၱေလး၊ ရန္ကုန္ကို ျဖတ္ျပီး ရခုိင္ျပည္နယ္ထဲ အထိ ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။

ေျပာရရင္သမၼတဦးသိန္းစိန္အစိုးရလက္ထက္ ျပည္သူလူထုလံုၿခံဳေရးကို ျပည္ထဲေရး၀န္ႀကီးဌာနနဲ႔ တပ္မေတာ္ စစ္ဖက္ေရးရာလံုၿခံဳေရးအဖဲြ႕ေတြ ပူးေပါင္းတာ၀န္ယူထားတဲ့ကာလမွာ ျမိဳ႕ျပ လံုျခံဳေရးစည္း အၾကီးအက်ယ္ က်ိဳးေပါက္ခဲ့တာ ေတြ႕နိုင္ပါတယ္။ ဒီလို ျဖစ္ရတာကလည္း တာ၀န္ရွိသူေတြဟာ ျပည္သူေတြ အသက္အိုးအိမ္ စည္းစိမ္ လံုျခံဳေရး ဆိုတာထက္ ျမိဳ႕ေပၚက ေက်ာင္းသားေတြ၊ ေဒၚေနာ္အုန္းလွ၊ ကိုထင္ေက်ာ္တို႔လို တက္ၾကြလွဳပ္ရွားသူေတြကိုပဲ ရန္သူေတြလို႔ သတ္မွတ္၊ အဲဒီ လွဳပ္ရွားမွဳေတြကိုပဲ ႏွိမ္နင္းဖို႔ ဦးတည္ခ်က္ ထား၊ အာရံုစိုက္ခဲ့တာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္လည္း တကယ့္ ျပည္သူေတြရဲ႕ အသက္အုိးအိမ္ စည္းစိမ္ေတြကို ထိခုိက္ႏိုင္တဲ့ ထုထည္ၾကီးမား၊ အဖ်က္စြမ္းအား ၾကီးမားတဲ့ စစ္သံုး လက္နက္ ပစၥည္းကရိယာေတြကို မႏၱေလး၊ ရန္ကုန္လို ျမိဳ႕ၾကီးေတြကေန တဆင့္ ရခုိင္ျပည္နယ္ထဲအထိ အၾကိမ္ၾကိမ္ အခါခါ ေဘးရန္ကင္းကင္းနဲ႔ သယ္ယူသြားႏုိင္ၾကတာ ျဖစ္ပါတယ္။ အရင္ အစိုးရအဆက္ဆက္ လက္ထက္က မျဖစ္ႏုိင္ခဲ့တဲ့ ျမိဳ႕ျပ လံုျခံဳေရးစည္း က်ိဳးေပါက္သြားခဲ့တာ ျဖစ္ပါတယ္။ အားလံုးကို ျခံဳငံုသံုးသပ္ၾကည့္လိုက္ရင္ျပည္ထဲေရး၀န္ၾကီးဌာန၊ စစ္ဖက္ေရးရာလံုၿခံဳေရးဌာနေတြဟာ သူတို႔ရဲ႕ အဓိက တာ၀န္ျဖစ္တဲ့ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္ စည္းစိမ္လံုျခံဳေရးကို ထိထိေရာက္ေရာက္ ကာကြယ္ႏုိင္စြမ္းမရွိတာ ေတြ႕ျမင္ႏုိင္ပါေၾကာင္း သံုးသပ္တင္ျပလိုက္ရပါတယ္။

ဦးစည္သူေအာင္ျမင့္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............

ရခိုင့်တပ်မတော်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ (ဓါတ်ပုံ- MOI)
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီ ၆ ရက်နေ့ ည ၂နာရီကျော်ကျော်အချိန် ရန်ကုန်က လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲကားပေါ်က ရဲတပ်ဖွဲ့ဝင်တွေဟာ ကန်တော်ကြီး နားက ဦးထွန်းမြတ်လမ်းဘေးမှာ ရှေ့မီးဖွင့်ပြီး စက်နှိုးရပ်ထားတဲ့ ကားတစ်စီးကို တွေ့လိုက်ရပါတယ်။ မသင်ကာဖွယ်ရာ အနေအထားကြောင့် ကားကိုစစ်ဆေးတဲ့အခါ အရက်မူးပြီး အိပ်ပျော်နေတဲ့ လူတစ်ယောက်ကို တွေ့ရတဲ့အပြင် ကားပေါ်မှာလည်း သြစတြေးလျနိုင်ငံလုပ် ပစ္စတို တစ်လက်ကိုပါ တွေ့လိုက်ကြရပါတယ်။ ဒီလို မတော်တဆ တွေ့ရှိ၊ ရှာဖွေ ဖမ်းဆီးမှုတွေကနေ တဆင့် ရခိုင် AA တပ်ဖွဲ့ရဲ့ တရုတ်နဲ့ ထိုင်းနယ်စပ်ကနေ မန္တလေး၊ ရန်ကုန် မြို့တွေကို ဖြတ်ပြီး ရခိုင်ပြည်နယ်ဘက်ကို တိုက်ခိုက်ရေး လက်နက်နဲ့ ကျည်ဆံတွေ ပို့တဲ့၊ အလွန်ကြီးမားတဲ့ လုပ်ငန်းကြီးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နယ်စပ်ကနေ ရန်ကုန်ကိုဖြတ်ပြီး သယ်သွားတယ် ဆိုတဲ့ လက်နက်အရည်အတွက်ဟာ အလက် ၃၀၀ ကျော်လို့ ဆိုထားတာမို့ ဒီ လက်နက်တွေ ရခိုင်ပြည်နယ်ကို သယ်မသွားပဲ ရန်ကုန် ဧရိယာမှာပဲ တိုက်ပွဲ ဆင်နွှဲခဲ့ရင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကိစ္စဆိုတာ တွေးတောင် မတွေးရဲစရာပါပဲ။ ပြောရရင် ဒီဖြစ်စဉ်ကို ကြည့်ရင် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရဲ့ လုံခြံုရေးစည်း ကျိုးပေါက်နေတာ ထင်ထင်ရှားရှား တွေ့မြင်ကြရမှာဖြစ်ပြီး အာဏာပိုင်တွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြံုရေးကိုတောင် ကောင်းကောင်းကာကွယ်နိုင်စွမ်း မရှိတာ တွေ့နိုင်ပါတယ်။ ဒီကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ဘာလို့ ဒီလိုဖြစ်ရတာလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

မတော်တဆ ဖမ်းဆီးမှုကနေ တဆင့် ဆက်ပြီး ဖော်ထုတ်မှုတွေမှာ ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ နေအိမ်တွေကနေ လက်နက်ငယ်ကျည်ဆံတွေ၊ လေယာဉ်ပစ် စက်သေနတ် ကျည်ဆံတွေ၊ စကားပြောစက်တွေ၊ ညကြည့်မှန်ပြောင်းတွေနဲ့ စစ်သုံး ပစ္စည်း အတော်များများ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ အမှုကွင်းဆက်အဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် က ပုဇွန်ကန် အဆောက်အဦ အနားမှာလည်း RPG သေနတ်တွေ၊ ဗုံးသီးနဲ့ ပို့ကျည်တွေ၊ လက်နက်ငယ်တွေ၊ ကျည်ဆံတွေ၊ ယမ်းတုံးတွေနဲ့ စစ်သုံး လက်နက်ပစ္စည်းကရိယာ တွေ ထပ်ပြီး တူးဖော်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းမိတဲ့ တရားခံတွေကို စစ်ဆေးဖော်ထုတ်ချက်တွေအရ အဲဒီ လက်နက်ခဲယမ်းတွေကို ၂၀၁၄-၁၅ ခုနှစ်အတွင်း ပြင်ဦးလွင် လမ်းကြောင်းကနေ ၈ ကြိမ်၊ ကရင်ပြည်နယ် ဘားအံ လမ်းကြောင်းကနေ ၁၀ ကြိမ် စုစုပေါင်း ၁၈ ကြိမ် ရန်ကုန်ကို ကိုယ်ပိုင်ကားတွေနဲ့ သယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလက်နက်တွေ ရန်ကုန်ကို ရောက်မှ ပြန်လည် ထုတ်ပိုးပြီး ရခိုင်ပြည်နယ် စစ်တွေကို လိုင်းကားနဲ့ သုံးကြိမ်၊ ကိုယ်ပိုင်ကားနဲ့ ၁၁ကြိမ်၊ စုစုပေါင်း ၁၄ ကြိမ် ပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကမှ တဆင့် ကျောက်ဖြူခရိုင်ဘက် ရောက်သွားပြီး သိပ်မကြာသေးခင်တုန်းက ကြားခဲ့ရတဲ့ သတင်းတွေအတိုင်း ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရကို တော်လှန်ဖို့ ဆိုပြီး ရခိုင်တိုင်းရင်းသားတွေ လက်နက်စွဲကိုင် ပုန်ကန် တိုက်ခိုက်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဆယ်စုနှစ် တစ်ချို့ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် ရခိုင်လက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်မှာ အခြေမချနိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ထိုင်းနယ်စပ်ဘက် ကရင် လက်နက်ကိုင်တပ်ဖွဲ့ အခြေပြုလှုပ်ရှားရာ နယ်မြေမှာ ခိုလှံုရင်း အစိုးရတပ်တွေကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအချိန်ကာလ ကတည်းက ရခိုင်လက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်မှာ အခြေချဖို့ ရည်မှန်းချက် ရှိခဲ့ကြပါတယ်။ ဒါကြောင့် ရည်မှန်းချက် အတိုင်းပဲ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တွေဟာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်ကနေ မြောက်ပိုင်း ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် ကနေ တဆင့် အနောက်မြောက်ပိုင်း ချင်းပြည်နယ်ကို ဖြတ်ပြီး ရခိုင်ပြည်နယ်ထဲမှာ ပြန်အခြေချနိုင်ဖို့ ခရီးရှည် ချီတက်ပွဲကြီးတစ်ခု ဆင်နွွှဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီ ခရီးရှည်ချီတက်ပွဲကြီးဟာ ချင်းပြည်နယ် အရောက်မှာ အစိုးရတပ်ရဲ့ တိုက်ခိုက်ခြေမှုန်းတာကို ခံလိုက်ရပြီး ပျက်ပြယ်သွားခဲ့ပါတယ်။ ပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်ထဲ ပြန်အခြေချဖို့ မလွယ်ကူဘူး ဆိုတာကို ပြတဲ့ လက္ခဏာ တစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်း အလားတူ ကေအဲန်ယူ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ဟာလည်း ဧရာဝတီတိုင်း မြစ်ဝ ကျွန်းပေါ်မှာ အခြေချမယ့် စစ်ဆင်ရေးတွေ လုပ်ခဲ့ဖူးပါတယ်။ တနင်္သာရီတိုင်းကနေ တဆင့် ရေကြောင်းလမ်းကနေ ဧရာဝတီတိုင်းထဲကို လူသူ လက်နက်တွေ သယ်ယူပို့ဆောင်ပြီး တိုက်ပွဲဖော်မယ့် လုပ်ငန်းစဉ်ပါ။ အဲဒါလည်း ဧရာဝတီတိုင်းထဲမှာ ခြေမှုန်းခံလိုက်ရပါတယ်။ အလားတူ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တွေဟာလည်း ပင်လယ်ခရီးလမ်းကြောင်းကနေ ရခိုင်ပြည်နယ်ထဲကို လူသူ လက်နက်တွေနဲ့ ၀င်ရောက် အခြေချဖို့ ကြိုးစားခဲ့ကြဖူးပါသေးတယ်။ ဒါပေမယ့် အိန္ဒိယ ရေတပ်ရဲ့ ကြားဖြတ်ဖမ်းဆီးခြင်းကို ခံရပြီး တစ်ချို့ သေဆုံး၊ တစ်ချို့ နှစ်ရှည် ထောင်ဒါဏ်တွေ ချမှတ်ခံခဲ့ကြရပါတယ်။ ပြောရရင် အဲဒီ ခေတ်ကာလက နယ်စပ်တွေမှာ တိုက်ပွဲကြီးငယ်တွေ ဖြစ်ပွားနေပေမယ့် အစိုးရဟာ ရန်ကုန်၊ မန္တလေး လို မြို့ပြဧရိယာကို လုံခြံုရေးအရ ထိမ်းသိမ်းကာကွယ် ထားနိုင်တာကြောင့် ရခိုင်ပြည်နယ်လို၊ ဧရာဝတီတိုင်းလို နေရာတွေကို လူသူလက်နက် သယ်ယူပို့ဆောင်ပြီး သူပုန်ထဖို့ မလွယ် ဖြစ်ခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့တာဝန်ယူပြီးနောက် ဒုဗိုလ်ချုပ်ကြီးကိုကို ပြည်ထဲရေးဝန်ကြီးဖြစ်လာပါတယ်။ နောက်ပိုင်း ခုလို မြို့ပြ လုံခြံုရေးအခြေအနေ ကျိုးပေါက်လာတာ တွေ့ကြရပါတယ်။ သန်းနဲ့ချီရှိတဲ့ စိတ်ကြွဆေးပြားတွေ ရန်ကုန်မြို့တော်ဆီ ဦးတည် ၀င်လာနေတာ အကြိမ်ပေါင်း မရည်မတွက်နိုင်အောင် ရှိခဲ့ပါတယ်။ တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှလို့ မတော်တဆ ဖမ်းမိတဲ့ စိတ်ကြွဆေးပြား အရည်အတွက်တောင် တစ်ကြိမ်တစ်ကြိမ်မှာ သန်းနဲ့ချီ ပမာဏ ရှိတာတွေ့ကြရပါတယ်။ တစ်ကြိမ်ကဆိုရင် ယူနီဖေါင်း လက်နက်အပြည့်အစုံနဲ့ ကိုးကန့် ဖုန်းကျားရှင် တပ်ဖွဲ့က မြန်မာစကားမတတ်တဲ့ တရုတ်လူမျိုးတွေ တရုတ်ပြည်နယ်စပ်ကနေ မန္တလေးကိုဖြတ်၊ အိန္ဒိယ နယ်စပ် ကို ရောက်မှ ဖမ်းမိတာမျိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။ အခုကိစ္စမှာလည်း လက်နက် အလက်ရာပေါင်းများစွာ၊ ကျည်ဆံ ထောင်သောင်းချီ နယ်စပ်ကနေ မန္တလေး၊ ရန်ကုန်ကို ဖြတ်ပြီး ရခိုင်ပြည်နယ်ထဲ အထိ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ပြောရရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူလူထုလုံခြံုရေးကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တပ်မတော် စစ်ဖက်ရေးရာလုံခြံုရေးအဖွဲ့တွေ ပူးပေါင်းတာဝန်ယူထားတဲ့ကာလမှာ မြို့ပြ လုံခြံုရေးစည်း အကြီးအကျယ် ကျိုးပေါက်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒီလို ဖြစ်ရတာကလည်း တာဝန်ရှိသူတွေဟာ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ် လုံခြံုရေး ဆိုတာထက် မြို့ပေါ်က ကျောင်းသားတွေ၊ ဒေါ်နော်အုန်းလှ၊ ကိုထင်ကျော်တို့လို တက်ကြွလှုပ်ရှားသူတွေကိုပဲ ရန်သူတွေလို့ သတ်မှတ်၊ အဲဒီ လှုပ်ရှားမှုတွေကိုပဲ နှိမ်နင်းဖို့ ဦးတည်ချက် ထား၊ အာရုံစိုက်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း တကယ့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်နိုင်တဲ့ ထုထည်ကြီးမား၊ အဖျက်စွမ်းအား ကြီးမားတဲ့ စစ်သုံး လက်နက် ပစ္စည်းကရိယာတွေကို မန္တလေး၊ ရန်ကုန်လို မြို့ကြီးတွေကနေ တဆင့် ရခိုင်ပြည်နယ်ထဲအထိ အကြိမ်ကြိမ် အခါခါ ဘေးရန်ကင်းကင်းနဲ့ သယ်ယူသွားနိုင်ကြတာ ဖြစ်ပါတယ်။ အရင် အစိုးရအဆက်ဆက် လက်ထက်က မဖြစ်နိုင်ခဲ့တဲ့ မြို့ပြ လုံခြံုရေးစည်း ကျိုးပေါက်သွားခဲ့တာ ဖြစ်ပါတယ်။ အားလုံးကို ခြံုငုံသုံးသပ်ကြည့်လိုက်ရင်ပြည်ထဲရေးဝန်ကြီးဌာန၊ စစ်ဖက်ရေးရာလုံခြံုရေးဌာနတွေဟာ သူတို့ရဲ့ အဓိက တာဝန်ဖြစ်တဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြံုရေးကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းမရှိတာ တွေ့မြင်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment