Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 7, 2016

နှင်းဆီစံအိမ်ခြံတံခါးပေါ်ကျော်တက်လာတဲ့မီဒီယာလက်များ နဲ့  Rights to know အငြင်းအခုန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင်ဦးကြည်တိုးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ
မနေ့ကဓါတ်ပုံတစ်ပုံတက်လာပါတယ်။

နေပြည်တော်က နှင်းဆီစံအိမ်တံခါးကို လက်ကျော်ပြီး အတွင်းကပုံကို ဓါတ်ပုံရိုက်နေကြတဲ့ပုံပါ။
ဦးကြည်တိုးက သူ့ဓါတ်ပုံနဲ့အတူ''ဒါကို သတင်းရယူခွင့်လို့ခေါ်သတဲ့လား''
Is it call right to information?လို့လည်း မေးခွန်းထုတ်ထားတယ်။
ဒီပုံက အွန်လိုင်းပေါ်ပျံ့နှံ့လာပြီးအချို့သတင်းသမားတွေကိုယ်တိုင်က
ဦးကြည်တိုးလေသံကို သံယောင်လိုက်ပြီးသတင်းသမားလား
ပါပါရာဇီလား မသဲကွဲဘူး လို့ပြောဆိုဝေဖန်ကြတာတွေလည်းရှိလာတယ်။
ဒါနဲ့ပတ်သတ်လို့
၁။ဓါတ်ပုံရိုက်တဲ့ သတင်းသမားတွေ ကျင့်ဝတ်ဖောက်ဖျက်ရာရောက်သလား။
၂။ဦးကြည်တိုးကရော ဒီပုံကိုဘာရည်ရွယ်ချက်နဲ့ တင်တာပါလဲ။
ဒီအချက် ၂ ချက်ကို မိတ်ဆွေသတင်းသမားတွေနဲ့အတူ ဆွေးနွေးချင်ပါတယ်။

ပထမအချက်
ဓါတ်ပုံရိုက်သူတွေ ကျင့်ဝတ်ဖေါက်ဖျက်သလားဆိုရင်မဖောက်ဖျက်ပါဘူး။
မူအရ ဒီလူတွေက ပိတ်ထားတဲ့ သူတစ်ပါးနေအိမ်ခြံဝင်းတံခါး အတွင်းက ပုံတွေရယူဖို့ကြိုးစားလို့
ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုထိခိုက်နှောက်ယှက်ရာရောက်တယ်လို့စွပ်စွဲနိုင်ပါတယ်။
ဒါပေမယ့် ပကတိအခြေအနေမှန်ကိုပြန်ပြီးသုံးသပ်နိုင်ဖို့လည်း လိုပါတယ်။

နှင်းဆီစံအိမ်ဟာဒေါ်အောင်ဆန်းစုကြည်ရဲ့ သီးသန့်နေအိမ်တစ်ခုဆိုတာ မှန်ပါတယ်။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဒီနေအိမ်ကိုပဲ သူတို့ရဲ့ ရုံးချုပ်အဖြစ်လည်း အသုံးချနေပါတယ်။
နေပြည်တော်မှာ ရုံးချုပ်မရှိတဲ့ အဖွဲ့ချုပ်ဟာပါတီနဲ့ဆိုင်တဲ့ အစည်းအဝေးတွေအားလုံးလိုလိုကို နှင်းဆီစံအိမ်ထဲမှာပဲလုပ်ကြပါတယ်။
ဒီရက်ပိုင်းတောက်လျှောက်ဆိုသလိုအစည်းအဝေးတွေလုပ်ပါတယ်။
ဒီအစည်းအဝေးတွေကလည်း ပါတီရေးရာကိစ္စသီးသန့်မဟုတ်ပါဘူး။
တိုင်းပြည်အနာဂါတ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အစိုးရဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးတွေပါ။
ဒါက ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးကိုယ်တာမဟုတ်သလို အဖွဲ့ချုပ်ရဲ့ ပါတီရေးရာသီးသန့်မဟုတ်ပါဘူး။
နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေပါ။နိုင်ငံသားအားလုံးက သိချင်ကြပါတယ်။
ဒီအတွက် သတင်းသမားတွေကလည်း သိခွင့်ရဖို့နည်းလမ်းမျိုးစုံနဲ့ကြိုးစားပါတယ်။
ဦကြည်တိုးမေးသလိုRight to Information မဟုတ်ပေမယ့်ဒါက Right to Know ပါ။
ဒီအခွင့်အရေးကိုဒေါ်အောင်ဆန်းစုကြည်ရဲ့ သီးသန့်နေအိမ်ဆိုတာနဲ့ အကာအကွယ်ယူလို့မရပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကြံပြုစရာရှိပါတယ်။
နေပြည်တော်မှာ အဖွဲ့ချုပ်အစည်းအဝေးလုပ်လို့ရမယ့် ရုံးတစ်ခုဆောက်လိုက်ပါ။
ပါတီရေးရာနဲ့ အခုလိုအရေးပါတဲ့ အစည်းအဝေးမျိုးကို အဲဒီရုံးမှာပဲလုပ်ပါ။
ဒါဆိုရင် သတင်းသမားတွေကလည်းနှင်းဆီစံအိမ်နား ရစ်သီနေမှာမဟုတ်ပါဘူး။
ဒါသတင်းသမားတွေမမှားဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ရုံးခန်းလိုအသုံးချနေတဲ့ အဖွဲ့ချုပ်ရဲ့အမှားပါ။

နောက်တစ်ခုက ဦးကြည်တိုးဟာဒီပုံကို ဘာရည်ရွယ်ချက်နဲ့တင်ပြီး
ဘယ်သဘောနဲ့မေးခွန်းထုတ်ထားတာလဲဆိုတာ ဦးကြည်တိုးကို ပြန်မေးရပါမယ်။
ဘာလို့လဲဆိုတော့ အခုဦးကြည်တိုးရဲ့လုပ်ရက်က
ဦးသိန်းစိန်အစိုးရအဖွဲ့က နာမယ်ကြီးဝန်ကြီး ဦးရဲထွဋ်ရဲ့ လုပ်ရက်နဲ့ အလားသဏ္ဍန်တစ်ထပ်တည်းဖြစ်နေလို့ပါပဲ။
ဦးရဲထွဋ်ဟာ သူဝန်ကြီးတာဝန်ယူချိန်တစ်လျှောက်လုံး
သူ့အထင်မှာ သတင်းသမားတွေမှားပြီလို့ မြင်တာနဲ့ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ
အပြစ်တွေတင် ဝေဖန်မှုတွေလုပ်ပါတော့တယ်။
တစ်ဆက်တည်းပဲ မြန်မာသတင်းအဖွဲ့အစည်းဟာမရင့်ကျတ်သေးသယောင်ယောင် သိမ်းကြုံးပြောပြီး
ဥပဒေ စည်းမျဉ်းတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ အမြဲကြိုးစားလေ့ရှိတယ်။
အခုလည်း ဦးကြည်တိုးအနေနဲ့ဦးရဲထွဋ်ခြေရာကို လိုက်နင်းတာလား။
ဒါမှမဟုတ်
စိတ်ရင်းစေတနာမှန်နဲ့ဝေဖန်ထောက်ပြတာလားဆိုတာ ဦးကြည်တိုးကိုယ်တိုင်ပဲသိနိုင်ပါလိမ့်မယ်။
ကျနော်တို့ကတော့ ဦးရဲထွဋ်ခြေရာ လိုက်နင်းတာမဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။
Nay Lin
Lynn Bobo Nay Lin ဆိုတာ ဘယ်သူဘယ်ဝါမှန်း ဘယ်မှာ အလုပ်လုပ်ပြီး ဘယ်လောက် အတွေ့အကြုံရှိသလဲ မသိပါဘူး... Friend ဖြစ်နေတာရယ် Journalist ဆိုတာတွေ့လို့ ဝင်ပြောပါတယ်...

(မရေးခင် တခုပြောချင်တာက ကျနော် သတင်းဓါတ်ပုံ ရိုက်စားလာတာ နှစ်ပေါင်းမနည်းတော့ပါဘူး... အခုအချိန်အထိလဲ Professional Photojournalist အနေနဲ့ ပြည်တွင်း ပြည်ပမှာ သတင်းဓါတ်ပုံရိုက်ပြီး အသက်မွေးဝမ်းကြောင်း လုပ်နေတာပါ။)

Media ရဲ့ Rights to access informations ဆိုတာ အမြဲတမ်း Controversial ဖြစ်တဲ့ ကိစ္စပါ။ အဲ့ဒီ Rights ဆိုတာ ဘယ်လောက်အထိ အခွင့်အရေး ရှိတာလဲ ဘယ်လောက် ပြည်သူက သိသင့်လို့ ဘယ်ကောင်က တာဝန်ခံပြီး Rights ကို ဘယ်ပုံစံနဲ့ ယူတာလဲဆိုတာတွေပေါ်မှာလဲ အများကြီး ကွဲပြားပါသေးတယ်။

ခြံတံခါးပေါက်ထဲက ကျော်ပြီး လက်ထည့် မှတ်တမ်းယူတာက Rights to do as righs to know ဆိုရင် တော်တော် သောက်ရှက်မရှိတဲ့ Rights ပဲ ဖြစ်ပါလိမ့်မယ်။

PS: Right to know မဟုတ်ပါဘူး Rights to know ပါ
Nay Lin အဲ့လိုကြီး ပိတ်ပိတ်ပြီး အတွေ့အကြုံ ဘယ်လောက်ရှိလဲ ပေတံကြီးပေါ်လာတော့ ဘာမှဆက်မပြောချင်တာ။
ဂျာနယ် ၂ စောင်၊ သတင်းအေဂျင်စီ ၂ ခုမှာ တာဝန်ခံလုပ်ဖူးပါတယ်။
ဓါတ်ပုံတွေလည်းရိုက်ဖူးပါတယ်။
ကျင့်ဝတ်နဲ့ပတ်သတ်လို့ အစွန်းမထွက်ဖူးသလို
သူတစ်ပါးရေးတဲ့စာကိုလည်း လေးလေးနက်နက်သိအောင်ဖတ်လေ့ရှိတဲ့ စရိုက်လက္ခဏာရှိပါတယ်။


Lynn Bobo အတွေ့အကြုံဆိုတာက ကျောချင်လို့ တိုင်းတဲ့ ပေတံမဟုတ်ဘူး
ဘယ်လောက်များ သိထားသလဲလို့ မေးချင်တဲ့ သဘောပါ...

ကျင့်ဝတ်ဆိုတာက written မဟုတ်ပေမယ့် စောင့်စည်း ရတဲ့ နေရာတွေ ရှိတယ်...
ကိုယ့်မှာ ဓါတ်ပုံ သို့ ဗီဒီယို ကင်မရာ ကိုင်ထားတယ် မီဒီယာ တခုခုကို ကိုယ်စားပြုတယ်ဆိုတိုင်း Rights to acess information ဆိုတာနဲ့ ဆင်ခြေတက်လို့ မရပါဘူး။
မီဒီယာသမားကလဲ အလကား ထမင်းမစား အကျိုးအမြတ်မယူပဲ လုပ်နေတဲ့သူတွေ တယောက်မှ မပါပါဘူး။ (ကျနော်ကိုယ်တိုင်လဲ ဒီအလုပ်လုပ်ပြီး ဒါနဲ့ ထမင်းစားနေတာ။) မီဒီယာသမားကလဲ လူ့စည်း လူ့ကျင်ဝတ်နဲ့ လူမြင်လို့ တော်မတော် စဉ်းစားရတယ်။

ခင်ဗျားကိုယ်တိုင်ပဲ ပြောပြကြည့်ပါဦး။ ခြံစည်းရိုးပေါက်က လက်နှိုက်ပြီး ရတဲ့ ဓါတ်ပုံ ၁ ပုံ ၂ ပုံ သို့မဟုတ် ဗီဒီယိုကလစ် တပိုင်းတစက ခြံစည်းရိုးအပြင် ပက်ဗလစ်ဧရိယာကနေ အစည်းအဝေး အဝင်နဲ့ အပြီး ထွက်လာတဲ့ ပုံတွေကလစ်တွေထက် ဘယ်လောက်များပိုပြီး တိုင်းပြည်အတွက် ထူးထူးခြားခြား အကျိုးရှိသွားသလဲလို့။

ကိုယ်တိုင် သတင်းသမား သတင်းဓါတ်ပုံသမား သတင်းတီဗီသမားမို့ ကိုယ့်လူကိုယ် ဖာပြီး အမှားကို မှန်တယ်လို့တွေးပေးတာ အချင်းချင်း ကာကွယ်ပေးရာတော့ ရောက်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့် industry development အတွက်တော့ ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။
Nay Lin သတင်းဓါတ်ပုံကျင့်ဝတ်တွေနဲ့ ပတ်သတ်လို့ အကဲဆတ်တဲ့ ပြသနာတွေအများကြီးဆိုတာ လက်ခံပါတယ်။
ပူလစ်ဇာဆုရဓါတ်ပုံတွေနဲ့ပတ်သတ်လို့လည်း ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုက အဆုံးသတ်အဖြေမရှိပါဘူး။
ကျနော်ပြောတာက နှိုင်းယှဉ်ပြောနေတာမဟုတ်ပါဘူး။
သတင်းဓါတ်ပုံဆိုင်ရာ ကျင့်ဝတ်အငြင်းပွားမှုရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းကိုပြောချင်တာပါ။
အခုပြသနာမှာလည်း အမြင်မျိုးစုံကွဲပြားခြားနားနိုင်ပါတယ်။
နောက်တစ်ချက် ကျနော့်ပို့စ်မှာကျနော်ရေးခဲ့တာက
ကျင့်ဝတ်ဆိုင်ရာ စကားလုံးသတ်မှတ်ချက် ရှုထောင့်ကို အသားပေးထားတာလည်းမဟုတ်ဘူး။
အများပြည်သူ ဧရိယာမဟုတ်လို့ ခွင့်ပြုချက်တောင်းခံပြီးမှ ဓါတ်ပုံရိုက်ကူးရမယ်ဆိုတဲ့ ကျင့်ဝတ်စည်းမျဉ်းတစ်ခုတည်းနဲ့တိုင်းတာရင်တော့ ဒီဓါတ်ပုံရိုက်တဲ့သူတွေက ကျင့်ဝတ်ဖောက်သူတွေ ဥပဒေပြင်ပရောက်သူတွေဟုတ်ပါလိမ့်မယ်။
ဒါပေမယ့် ဥပဒေကျင့်ဝတ်ဆိုတာ အခြေအနေ အချိန်အခါရှိပါတယ်။
အခုကလည်း ဓါတ်ပုံရိုက်သူတွေက အိမ်အတွင်းခန်းမှာ စပိုင်ကင်မရာတွေမြှုပ်။
စကားပြောစက်တွေတပ်ပြီး နားထောင်ကြတာမဟုတ်ပါဘူး။
nld အစည်းအဝေးလုပ်တဲ့နေရာမဟုတ်ပဲ
အစည်းအဝေးပြင်ပ လူတွေထွက်လာချိန်လိုမျိုးကို ဓါတ်ပုံရိုက်ကြတာပါ။
သာမာန်အရဆိုရင် ပါတီတစ်ခုရဲ့ရုံးခန်းက ဒီလောက်အထိ တင်းကြပ်မှုမရှိပါဘူး။ရန်ကုန်ရုံးချုပ်မှာဆိုရင် ဒီလိုပြသနာမဖြစ်ပါဘူး။ဘယ်သတင်းသမားကမှလည်း အခွင့်မရှိပဲ အပေါ်ထပ်အစည်းအဝေးခန်းမဆောင်ကိုတက်မရိုက်ပါဘူး။
အပြင်ထွက်လာတဲ့သူတွေကိုတော့ရိုက်ချင် မှတ်တမ်းတင်ချင်ပါလိမ့်မယ်။
အခုက နှင်းဆီစံအိမ်က သီးခြားဆန်လွန်ပြီး သတင်းမှတ်တမ်းရယူဖို့ရှားပါးလွန်းတဲ့ ပတ်ဝန်းကျင်ဖြစ်နေပါတယ်။
ကျနော်ထောက်ပြခဲ့တာက အဲဒီလိုမျိုးထက်စာရင် ပိုပြီးပါတီရုံးဆန်တဲ့ နေရာတစ်ခု nld အတွက်လိုအပ်တယ်။
အဲဒီလိုနေရာမှာ အစည်းအဝေးလုပ်သင့်တယ်ဆိုတာကိုပြောချင်တာပါ။
နေရာတိုင်းမှာ ဥပဒေပါစကားလုံးအတိုင်း လုံးနက်အဓိပ္ပါယ်ကောက်နေရင် ဒါဟာဥပဒေကို ကိုးကွယ်သူမဟုတ်ပဲ ဥပဒေစာအုပ်ကို ကိုးကွယ်သူဖြစ်နေပါလိမ့်မယ်။


Nay Lin 12 hrs near Yangon, Myanmar ·

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့ကဓါတ်ပုံတစ်ပုံတက်လ...
Posted by Nay Lin on Sunday, 6 March 2016

No comments:

Post a Comment