Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

ယေန ့နံနက္ အျမန္လမ္းေပၚမွာ မန္းေရႊၿမိဳ႕ေတာ္ Express ယာဥ္အား ေနာက္မွ ဝင္ေရာက္တုိက္မိမႈ ျဖစ္ပြား ၂ ဦးေသဆုံး ၁၁ ဦး ဒဏ္ရာရ


Express ယာဥ္အား ေနာက္မွ ဝင္ေရာက္တုိက္မိမႈ ျဖစ္ပြား

၇-၃-၂၀၁၆ ရက္ နံနက္(၀၆း၃၀)အခ်ိန္ခန္႔ ရန္ကုန္ - မႏၱေလး အျမန္လမ္း မိုင္တုိင္အမွတ္ ၃၀၈/၆ ႏွင့္ ၃၀၈/၇ ၾကား (အသြားလမ္း)တြင္ ယာဥ္အမွတ္ (9E-××××) မန္းေရႊၿမဳိ႕ေတာ္ Express ယာဥ္သည္ လမ္းေပၚတြင္ တစ္ျခမ္းတင္၍ ရပ္ထားစဥ္ ယာဥ္အမွတ္ (9G-××××) Light Truck ယာဥ္သည္ ေနာက္မွ ဝင္တုိက္မိခဲ့ေသာ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားခဲ့ပါသည္။


မန္းေရႊၿမိဳ႕ေတာ္ Express ယာဥ္ေပၚတြင္ ယာဥ္ေမာင္းအပါ စုစုေပါင္း (၃၉)ဦး Light Truck ယာဥ္ေပၚတြင္ ယာဥ္ေမာင္းအပါ က်ား(၈)ဦး၊ မ(၈)ဦး၊ ကေလး(၃)ဦး၊ စုစုေပါင္း (၁၉)ဦး စီးနင္းလိုက္ပါလာႀကၿပီး
Light Truck ယာဥ္ေပၚတြင္ လိုက္ပါလာေသာ က်ား(၁)ဦး ႏွင့္ မ(၁)ဦး တို႔မွာ အခင္းျဖစ္ပြားသည့္ ေနရာတြင္ ေသဆံုးခဲ့ၿပီး က်န္က်ား(၅)ဦး၊ မ(၅)ဦး၊ ကေလးက်ား(၁)ဦး ဒဏ္ရာရရွိ၍ မိတၳီလာေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ႔ပါသည္။

အဆုိပါ ယာဥ္မေတာ္တဆမႈကို သီးကုန္း အျမန္လမ္းရဲစခန္း မွ အမႈဖြင့္ အေရးယူျခင္း ေဆာင္ရြက္လွ်က္ရွိပါသည္။

Ministry of Construction
https://www.facebook.com/MinistryofConstruction/
......................

Express ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွား

၇-၃-၂၀၁၆ ရက် နံနက်(၀၆း၃၀)အချိန်ခန့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၀၈/၆ နှင့် ၃၀၈/၇ ကြား (အသွားလမ်း)တွင် ယာဉ်အမှတ် (9E-××××) မန်းရွှေမြို့တော် Express ယာဉ်သည် လမ်းပေါ်တွင် တစ်ခြမ်းတင်၍ ရပ်ထားစဉ် ယာဉ်အမှတ် (9G-××××) Light Truck ယာဉ်သည် နောက်မှ ဝင်တိုက်မိခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။


မန်းရွှေမြို့တော် Express ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ စုစုပေါင်း (၃၉)ဦး Light Truck ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ ကျား(၈)ဦး၊ မ(၈)ဦး၊ ကလေး(၃)ဦး၊ စုစုပေါင်း (၁၉)ဦး စီးနင်းလိုက်ပါလာကြပြီး
Light Truck ယာဉ်ပေါ်တွင် လိုက်ပါလာသော ကျား(၁)ဦး နှင့် မ(၁)ဦး တို့မှာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ပြီး ကျန်ကျား(၅)ဦး၊ မ(၅)ဦး၊ ကလေးကျား(၁)ဦး ဒဏ်ရာရရှိ၍ မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ ယာဉ်မတော်တဆမှုကို သီးကုန်း အမြန်လမ်းရဲစခန်း မှ အမှုဖွင့် အရေးယူခြင်း ဆောင်ရွက်လျှက်ရှိပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction/

No comments:

Post a Comment