Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 8, 2016

ရွမ္းနဲ႔ရခိုင္ ျပည္နယ္ လႊတ္ေတာ္ေတြကို NLD ဦးေဆာင္မွု မရ

9 February 2016 

တိုင္းနဲ႔ ျပည္နယ္ အစိုးရ ေတြ ဖြဲ႕ တဲ့ အခါ က်ရင္ေတာ့ လက္ရွိ ဖြဲ႕စည္းပုံ အရ သမၼတ ကေန သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ လႊတ္ေတာ္ အမတ္ ေတြ ထဲ က ေရြးခ်ယ္ ခန္႔အပ္ မွာ ျဖစ္။
ေဖေဖၚဝါရီ ၈ ရက္ တနလၤာေန႔ မွာ ၂၀၁၅ ေရြးေကာက္ပြဲ တုန္းက အနိုင္ရ ခဲ့တဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ ေတြနဲ႔ တိုင္းနဲ႔ ျပည္နယ္ လႊတ္ေတာ္ အသီးသီး စတင္ ခဲ့ ၿပီ ျဖစ္ပါတယ္။

တိုင္းနဲ႔ ျပည္နယ္ လႊတ္ေတာ္ ၁၄ ခု ရွိတဲ့ အနက္ ရွမ္းျပည္ နဲ႔ ရခိုင္ ျပည္ နယ္ ေတြ ကလြဲၿပီး က်န္ ၁၂ ခုမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ က ေနရာ အသာစီး ရွိေနၿပီး လႊတ္ေတာ္ ဥကၠဌ နဲ႔ ဒုဥကၠဌ ေတြ ကိုလည္း NLD ပါတီ က ကိုယ္စားလွယ္ ေတြ ကိုပဲ တင္ေျမႇာက္ နိုင္ခဲ့ ပါတယ္။

ရွမ္းျပည္နယ္ လႊတ္ေတာ္ မွာေတာ့ ျပည္ေထာင္စု ႀကံ့ခိုင္ေရး နဲ႔ ဖြံ့ၿဖိဳးေရး ပါတီ နဲ႔ တပ္မေတာ္ ကိုယ္စားလွယ္ ေတြ ရဲ့ မဲ ေတြ နဲ႔ ႀကံ့ခိုင္ေရး အမတ္ ေတြက ျပည္နယ္ လႊတ္ေတာ္ ဥကၠဌ နဲ႔ ဒု ဥကၠဌ ေနရာ ေတြ ကို ရယူ ခဲ့ ပါတယ္။

ရခိုင္ လႊတ္ေတာ္ ကို ၾကည့္ျပန္ရင္လည္း လႊတ္ေတာ္ ထဲ ေနရာ အသာစီး ရရွိ ထားတဲ့ ရခိုင္ အမ်ိဳးသား ပါတီ ANP က လႊတ္ေတာ္ ဥကၠဌ နဲ႔ ဒု ဥကၠဌ ေနရာ ေတြ ကို ရယူ ခဲ့ ပါတယ္။

ဒါေပမယ့္ ျပည္နယ္ အစိုးရ ေတြ ဖြဲ႕ တဲ့ အခါ က်ရင္ေတာ့ လက္ရွိ ဖြဲ႕စည္းပုံ အရ သမၼတ ကေန ျပည္နယ္ လႊတ္ေတာ္ အမတ္ ေတြ ထဲ က ေရြးခ်ယ္ ခန္႔အပ္ မွာ ျဖစ္ၿပီး NLD ပါတီ ကလည္း သူတို႔ ပါတီ ဦးေဆာင္တဲ့ ျပည္နယ္ နဲ႔ တိုင္း အစိုးရ အဖြဲ႕ ေတြ ဖြဲ႕ မယ္ လို႔ ေျပာထား ပါတယ္။

BBC Burmese
http://www.bbc.com/burmese

...........................................................

ရှမ်းနဲ့ရခိုင် ပြည်နယ် လွှတ်တော်တွေကို NLD ဦးဆောင်မှု မရ
9 February 2016
တိုင်းနဲ့ ပြည်နယ် အစိုးရ တွေ ဖွဲ့ တဲ့ အခါ ကျရင်တော့ လက်ရှိ ဖွဲ့စည်းပုံ အရ သမ္မတ ကနေ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လွှတ်တော် အမတ် တွေ ထဲ က ရွေးချယ် ခန့်အပ် မှာ ဖြစ်။
ဖေဖေါ်ဝါရီ ၈ ရက် တနင်္လာနေ့ မှာ ၂၀၁၅ ရွေးကောက်ပွဲ တုန်းက အနိုင်ရ ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ တိုင်းနဲ့ ပြည်နယ် လွှတ်တော် အသီးသီး စတင် ခဲ့ ပြီ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ် လွှတ်တော် ၁၄ ခု ရှိတဲ့ အနက် ရှမ်းပြည် နဲ့ ရခိုင် ပြည် နယ် တွေ ကလွဲပြီး ကျန် ၁၂ ခုမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က နေရာ အသာစီး ရှိနေပြီး လွှတ်တော် ဥက္ကဌ နဲ့ ဒုဥက္ကဌ တွေ ကိုလည်း NLD ပါတီ က ကိုယ်စားလှယ် တွေ ကိုပဲ တင်မြှောက် နိုင်ခဲ့ ပါတယ်။

ရှမ်းပြည်နယ် လွှတ်တော် မှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ နဲ့ တပ်မတော် ကိုယ်စားလှယ် တွေ ရဲ့ မဲ တွေ နဲ့ ကြံ့ခိုင်ရေး အမတ် တွေက ပြည်နယ် လွှတ်တော် ဥက္ကဌ နဲ့ ဒု ဥက္ကဌ နေရာ တွေ ကို ရယူ ခဲ့ ပါတယ်။

ရခိုင် လွှတ်တော် ကို ကြည့်ပြန်ရင်လည်း လွှတ်တော် ထဲ နေရာ အသာစီး ရရှိ ထားတဲ့ ရခိုင် အမျိုးသား ပါတီ ANP က လွှတ်တော် ဥက္ကဌ နဲ့ ဒု ဥက္ကဌ နေရာ တွေ ကို ရယူ ခဲ့ ပါတယ်။

ဒါပေမယ့် ပြည်နယ် အစိုးရ တွေ ဖွဲ့ တဲ့ အခါ ကျရင်တော့ လက်ရှိ ဖွဲ့စည်းပုံ အရ သမ္မတ ကနေ ပြည်နယ် လွှတ်တော် အမတ် တွေ ထဲ က ရွေးချယ် ခန့်အပ် မှာ ဖြစ်ပြီး NLD ပါတီ ကလည်း သူတို့ ပါတီ ဦးဆောင်တဲ့ ပြည်နယ် နဲ့ တိုင်း အစိုးရ အဖွဲ့ တွေ ဖွဲ့ မယ် လို့ ပြောထား ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment