Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 8, 2016
ကြံ့ခိုင်ရေးပါတီမှ အမတ်ဟောင်း ဦးလှဆွေက ၄င်းအား မဲ ၇သောင်းကျော်ဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော်အမတ် ဦးပြူးလွင်အား ၃ကြိမ်မြောက် ကန့်ကွက်လွှာ တင်
9 February 2016
မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် မျိုးလွှတ် အမတ်နေရာအတွက် ယှဉ်ပြိုင်ရာတွင် ဆန္ဒမဲ ၇၀၀၀၀ ကျော်အသာဖြင့် အနိုင်ရခဲ့သည့် NLD ကိုယ်စားပြု အမတ် ဦးပြူးလွင်အား ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သူ ကြံခိုင်ရေးပါတီမှ မျိုးလွှတ်အမတ်ဟောင်း ဦးလှဆွေအား “ဗီဇမကောင်းသူ” ဟု ပြောကြားခဲ့သည်ဟု စွပ်စွဲကာ ကန့်ကွက်လွှာ တင်သွင်းခံထားရကြောင်း သတင်းရရှိသည်။
The Ladies News
.....................................................
ကြံ့ခိုင်ရေးပါတီမှ အမတ်ဟောင်း ဦးလှဆွေက ၄င်းအား မဲ ရသောင်းကျော်ဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော်အမတ် ဦးပြူးလွင်အား ၃ကြိမ်မြောက် ကန့်ကွက်လွှာ တင်
9 February 2016
မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် မျိုးလွှတ် အမတ်နေရာအတွက် ယှဉ်ပြိုင်ရာတွင် ဆန္ဒမဲ ရ၀၀၀၀ ကျော်အသာဖြင့် အနိုင်ရခဲ့သည့် NLD ကိုယ်စားပြု အမတ် ဦးပြူးလွင်အား ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သူ ကြံခိုင်ရေးပါတီမှ မျိုးလွှတ်အမတ်ဟောင်း ဦးလှဆွေအား “ဗီဇမကောင်းသူ” ဟု ပြောကြားခဲ့သည်ဟု စွပ်စွဲကာ ကန့်ကွက်လွှာ တင်သွင်းခံထားရကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၃ တွင် ဦးလှဆွေက ဦးပြူးလွင်အား အသရေဖျက်ခဲ့သည်ဟု စွပ်စွဲ၍ တတိယအကြိမ်မြောက် ကန့်ကွက်လွှာတင်ခြင်းဖြစ်သည်။ ဦးလှဆွေ၏ ရှေ့နေက ၄င်း၏ အမူသည်တွင် သက်သေခိုင်ခိုင်မာမာ ရှိသည်ဟု ဆိုသည်။ ဦးလှဆွေသည် ပထမဆုံးအကြိမ် ကန့်ကွက်လွှာကို ဇန်နဝါရီ ၁ ၊ ဒုတိယ ကန့်ကွက်လွှာကို ဇန်နဝါရီ ၁၅ တို့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးပြူးလွင်၏ ရှေ့နေက “ကန့်ကွက်လွှာမှာ ပြင်ဆင်တာကို ကန့်ကွက်ပါတယ်။ ဒါက ဥပဒေနဲ့ မညီပါဘူး။” ဟု ပြောကြားခဲ့သည်။ ကန့်ကွက်လွှာအား ပြင်ဆင်မှု ထည့်သွင်းခြင်းကို လက်ခံခြင်းပြု၊မပြုမှာ ရွေးကောက်ပွဲ ဆိုင်ရာ ခုံရုံးအပေါ် မူတည်ပြီး ကန့်ကွက်လွှာသည် ရိုးသားမှုမရှိဟု ပြောကြားခဲ့သည်။
ဦးလှဆွေ၏ ရှေ့နေကမူ “ကျွန်တော်တို့ အချက်အလက်တွေ ရိုးရိုးသားသား မေ့ကျန်ခဲ့တာဖြစ်ပြီး အချက်အလက် စုံလင်မှ ခုံရုံးက အမှန်ကိုသိမှာ ဖြစ်တဲ့အတွက် လက်ခံရပါမယ်။ ပထမကန့်ကွက်လွှာကို ဖတ်ကြည့်တော့ ခိုင်လုံတဲ့ အချက်အလက်တွေ ကျန်နေတာ တွေ့ရပါတယ်” ဟု ဆိုသည်။ အဆိုပါ ကန့်ကွက်လွှာ နှင့် ပတ်သက်၍ ခုံရုံးက ယခုလကုန်ပိုင်းတွင် ဆုံးဖြတ်ချက် ချမည်။
နို၀င်ဘာ ၈ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်အတွက် ယှဉ်ပြိုင်ရာတွင် NLD မှ ဦးပြူးလွင်က ၁၀၈,၉၀၅ မဲ ရရှိခဲ့ပြီး ဦးလှဆွေက ၃၇,၁၁၃ မဲ ရရှိခဲ့သည်။
The Ladies News
https://www.facebook.com/News.TheLadies
No comments:
Post a Comment