Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 8, 2016

"၅၉(စ) ျပင္ဆင္ေရး တပ္မေတာ္ႏွင့္ ေျပလည္ႏုိင္" ဆုိသည့္သတင္း ေရႊသံလြင္မီဒီယာ၏ MNTV ႐ုပ္သံသတင္းဌာနက အမွန္တကယ္ ထုတ္လႊင့္ခဲ့ျခင္းျဖစ္

 

9 February 2016


ေဖေဖာ္၀ါရီလ ၇ ရက္ ညဦးပုိင္းက လူမူကြန္ယက္စာမ်က္နာမ်ားတြင္ ပ်ံလြင့္ခဲ့သည့္ "၅၉(စ) ျပင္ဆင္ေရး တပ္မေတာ္ႏွင့္ ေျပလည္ႏုိင္" ဆုိသည့္သတင္း ေရႊသံလြင္မီဒီယာကုမၸဏီ လက္ေအာက္ရွိ MNTV ႐ုပ္သံသတင္းဌာနက ထုတ္လႊင့္ခဲ့မႈအေပၚ ေဖေဖာ္ဝါရီ ၈ရက္တြင္ MNTVက ၎တို႔၏ ႐ုပ္သံသတင္းဌာနမွ တစ္ဆင့္ ေၾကျငာခ်က္ထုတ္ျပန္ကာ ေျဖရွင္းလိုက္သည္။

"MNTV၏ ၇.၂.၂၀၁၆ ည ၇နာရီ သတင္းအစီအစဥ္တြင္ ပုဒ္မ ၅၉(စ) ႏွင့္ ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္အခ်ဳိ႕၏ သေဘာထားမ်ားကို ထုတ္လႊင့္ခဲ့ပါသည္။ ယခုအခါ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ အခ်ဳိ႕၏ ေျပာၾကားခ်က္မ်ားကို ေကာက္ႏုတ္ယူၿပီး ပုဒ္မ ၅၉(စ) ႏွင့္ ပတ္သက္၍ ေျပလည္မႈ ရရွိၿပီဟု ေဖာ္ျပေနသည္ ကို ေတြ႕ရွိရပါသည္။ အဆုိပါေဖာ္ျပခ်က္မွာ MNTV သတင္းအစီအစဥ္တြင္ ေဖာ္ျပခ်က္ႏွင့္ ကြဲလြဲေနပါေၾကာင္း ႏွင့္ MNTV အေနျဖင့္ ပုဒ္မ ၅၉(စ) ျပင္ဆင္မႈ ေျပလည္မႈ ရရွိၿပီဟု သတင္းထုတ္ျပန္ျခင္း မဟုတ္ပါေၾကာင္း တင္ျပအပ္ပါသည္" ဟု ျပန္လည္ ရွင္းလင္းထားသည္။

"အန္ကယ္လည္း အခု အဲ့ဒီ့ကိစၥ အရမ္းရွင္းေနရတယ္။ ကိုယ္မလုပ္တဲ့ ကိစၥတစ္ခုကို ဖုိတုိေရွာ့နဲ႔ ဖြတာေပါ့ေနာ္။ ဒါအတည္ျပဳပါ ဆုိရင္ေတာ့ We did not do that (ကြ်န္ေတာ္တို႔ ဒီလိုမလုပ္ပါဘူး)။ ဒါမ်ဳိးသတင္းမ်ဳိးဆုိတာ အစိုးရကပဲ MRTV တို႔ ကပဲ ထုတ္ျပန္ ရမွာေပါ့ေနာ္" ဟု ေရႊသံလြင္မီဒီယာကုမၸဏီ၏ တာဝန္ရွိသူတစ္ဦးကို မဇၩိမသတင္းဌာနသုိ႔ ေျဖၾကားခဲ့ေၾကာင္း သိရသည္။

အဆုိပါ ကိစၥႏွင့္ ပတ္သက္ၿပီး Multi Media ကြ်မ္းက်င္သူ ကုိရာဇာ က "ဖုိတုိေရွာ့ဆုိတာ ဗီဒီယုိဖုိင္အေပၚ လုပ္လုိ႔မရပါဘူး၊ ဖုိတုိေရွာ့ဆုိတာ ပုံအေသေပၚမွာပဲ ျပဳလုပ္လုိ႔ရတာပါ။ ဗီဒီယုိဖုိင္တစ္ခုကုိ စာသားျပဳျပင္ဖုိ႔ဆုိတာ ခက္ခဲပါတယ္။ ျပဳလုပ္ရန္ အခ်ိန္ၾကာျမင့္ၿပီး ကြ်မ္းက်င္မႈ အထူးလုိအပ္ပါတယ္။ အဲသည္လုိ ျပဳလုပ္ႏုိင္တဲ့ ေဆာ့ဖ္၀ဲလ္မ်ိဳးလဲ ျပည္တြင္းမွာ မရွိသေလာက္ပါပဲ" ဟု The Ladies သုိ႔ ေျပာၾကားခဲ့သည္။

အဆုိပါ သတင္းထုတ္လြင့္မႈကုိ ၾကည့္ခဲ့ရသည့္ NLD ကုိယ္စားလွယ္တစ္ဦးက "ကြ်န္ေတာ္ ကုိယ္တုိင္ အဲသည္သတင္းကုိ ထုိင္ၾကည့္ခဲ့တာပါ။ တုိင္းရင္းသားေတြကုိ ေမးတယ္။ ၀န္ႀကီး ဦးရဲထြဋ္ကလည္း သူ႔ရဲ႕ ထင္ျမင္ခ်က္ကုိ အဲသည္သတင္းမွာ ေျပာခဲ့တယ္။ ေျမးနဲ႔ ေခ်ႊးမကုိေတာ့ ပယ္ဖ်က္သင့္တယ္ေပါ႔ဗ်ာ။ အားလုံးကုိ ၿခံဳငုံၾကည့္မယ္ဆုိရင္ ဒီသတင္းက တပ္မေတာ္နဲ႔ NLD ၾကားမွာ ၅၉(စ) ကုိ ေဆြးေႏြးေနၿပီး ေျပလည္ဖုိ႔ မ်ားတယ္လုိ႔ ထုတ္လြင့္သြားတာပါပဲ" ဟု ဆုိသည္။

The Ladies ၏ ေလ႔လာခ်က္အရ လူမူကြန္ယက္စာမ်က္ႏွာမ်ားေပၚတြင္ ျဖန္႔ေ၀ၾကသည္မ်ားမွာ MNTV သတင္းေၾကငွာခ်ိန္တြင္ ဓါတ္ပုံရုိက္ကူးထားသည့္ ပုံမ်ားကုိ ျဖန္႔ေ၀ၾကျခင္း ျဖစ္ၿပီး ျပဳျပင္ထားျခင္းမ်ိဳး မေတြ႕ရွိေသးပါ။

The Ladies News
https://www.facebook.com/News.TheLadies

................................................................

"၅၉(စ) ပြင်ဆင်ရေး တပ်မတော်နှင့် ပြေလည်နိုင်" ဆိုသည့်သတင်း ရွှေသံလွင်မီဒီယာ၏ MNTV ရုပ်သံသတင်းဌာနက အမှန်တကယ် ထုတ်လွှင့်ခဲ့ခြင်းဖြစ်
9 February 2016

ဖေဖော်ဝါရီလ ရ ရက် ညဦးပိုင်းက လူမူကွန်ယက်စာမျက်နာများတွင် ပျံလွင့်ခဲ့သည့် "၅၉(စ) ပြင်ဆင်ရေး တပ်မတော်နှင့် ပြေလည်နိုင်" ဆိုသည့်သတင်း ရွှေသံလွင်မီဒီယာကုမ္ပဏီ လက်အောက်ရှိ MNTV ရုပ်သံသတင်းဌာနက ထုတ်လွှင့်ခဲ့မှုအပေါ် ဖေဖော်ဝါရီ ၈ရက်တွင် MNTVက ၎င်းတို့၏ ရုပ်သံသတင်းဌာနမှ တစ်ဆင့် ကြေငြာချက်ထုတ်ပြန်ကာ ဖြေရှင်းလိုက်သည်။

"MNTV၏ ရ.၂.၂၀၁၆ ည ရနာရီ သတင်းအစီအစဉ်တွင် ပုဒ်မ ၅၉(စ) နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ သဘောထားများကို ထုတ်လွှင့်ခဲ့ပါသည်။ ယခုအခါ လူမှုကွန်ယက်စာမျက်နှာများတွင် လွှတ်တော်ကိုယ်စားလှယ် အချို့၏ ပြောကြားချက်များကို ကောက်နုတ်ယူပြီး ပုဒ်မ ၅၉(စ) နှင့် ပတ်သက်၍ ပြေလည်မှု ရရှိပြီဟု ဖော်ပြနေသည် ကို တွေ့ရှိရပါသည်။ အဆိုပါဖော်ပြချက်မှာ MNTV သတင်းအစီအစဉ်တွင် ဖော်ပြချက်နှင့် ကွဲလွဲနေပါကြောင်း နှင့် MNTV အနေဖြင့် ပုဒ်မ ၅၉(စ) ပြင်ဆင်မှု ပြေလည်မှု ရရှိပြီဟု သတင်းထုတ်ပြန်ခြင်း မဟုတ်ပါကြောင်း တင်ပြအပ်ပါသည်" ဟု ပြန်လည် ရှင်းလင်းထားသည်။

"အန်ကယ်လည်း အခု အဲ့ဒီ့ကိစ္စ အရမ်းရှင်းနေရတယ်။ ကိုယ်မလုပ်တဲ့ ကိစ္စတစ်ခုကို ဖိုတိုရှော့နဲ့ ဖွတာပေါ့နော်။ ဒါအတည်ပြုပါ ဆိုရင်တော့ We did not do that (ကျွန်တော်တို့ ဒီလိုမလုပ်ပါဘူး)။ ဒါမျိုးသတင်းမျိုးဆိုတာ အစိုးရကပဲ MRTV တို့ ကပဲ ထုတ်ပြန် ရမှာပေါ့နော်" ဟု ရွှေသံလွင်မီဒီယာကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးကို မဇ္ဈိမသတင်းဌာနသို့ ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး Multi Media ကျွမ်းကျင်သူ ကိုရာဇာ က "ဖိုတိုရှော့ဆိုတာ ဗီဒီယိုဖိုင်အပေါ် လုပ်လို့မရပါဘူး၊ ဖိုတိုရှော့ဆိုတာ ပုံအသေပေါ်မှာပဲ ပြုလုပ်လို့ရတာပါ။ ဗီဒီယိုဖိုင်တစ်ခုကို စာသားပြုပြင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ပြုလုပ်ရန် အချိန်ကြာမြင့်ပြီး ကျွမ်းကျင်မှု အထူးလိုအပ်ပါတယ်။ အဲသည်လို ပြုလုပ်နိုင်တဲ့ ဆော့ဖ်ဝဲလ်မျိုးလဲ ပြည်တွင်းမှာ မရှိသလောက်ပါပဲ" ဟု The Ladies သို့ ပြောကြားခဲ့သည်။

အဆိုပါ သတင်းထုတ်လွင့်မှုကို ကြည့်ခဲ့ရသည့် NLD ကိုယ်စားလှယ်တစ်ဦးက "ကျွန်တော် ကိုယ်တိုင် အဲသည်သတင်းကို ထိုင်ကြည့်ခဲ့တာပါ။ တိုင်းရင်းသားတွေကို မေးတယ်။ ၀န်ကြီး ဦးရဲထွဋ်ကလည်း သူ့ရဲ့ ထင်မြင်ချက်ကို အဲသည်သတင်းမှာ ပြောခဲ့တယ်။ မြေးနဲ့ ချွှေးမကိုတော့ ပယ်ဖျက်သင့်တယ်ပေါ့ဗျာ။ အားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် ဒီသတင်းက တပ်မတော်နဲ့ NLD ကြားမှာ ၅၉(စ) ကို ဆွေးနွေးနေပြီး ပြေလည်ဖို့ များတယ်လို့ ထုတ်လွင့်သွားတာပါပဲ" ဟု ဆိုသည်။

The Ladies ၏ လေ့လာချက်အရ လူမူကွန်ယက်စာမျက်နှာများပေါ်တွင် ဖြန့်ဝေကြသည်များမှာ MNTV သတင်းကြေငှာချိန်တွင် ဓါတ်ပုံရိုက်ကူးထားသည့် ပုံများကို ဖြန့်ဝေကြခြင်း ဖြစ်ပြီး ပြုပြင်ထားခြင်းမျိုး မတွေ့ရှိသေးပါ။

The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment