Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 13, 2016

ေမာင္းထုတ္ခံ က်ဴ းေက်ာ္အေရး NLD အတြက္ စိန္ေခၚမႈ

ေမာင္းထုတ္ခံရလို႔ ေနစရာေပ်ာက္သြားတဲ့မိသားစုမ်ား။ သတင္းဓာတ္ပံု- ဦးေဇာ္ရမ္း
ျမန္မာႏုိင္ငံမွာ မၾကာေသးခင္ လေတြအတြင္း တရားမ၀င္ ရပ္ကြက္တခ်ိဳ႕မွာ က်ဳးေက်ာ္ေနထုိင္သူေတြအျဖစ္ အာဏာပုိင္ေတြက အတင္းအက်ပ္ ဖယ္ရွားခဲ့တဲ့ အတြက္ လူေပါင္းေထာင္နဲ႔ခ်ီၿပီး ေနစရာမဲ့ ျဖစ္ခဲ့ရပါတယ္။ ဒီျပႆနာဟာ ေရြးေကာက္ပဲြ မွာ တခဲနက္ အႏုိင္ရခဲ့တဲ့ အမ်ဳိးသားဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ (NLD) ပါတီအတြက္ေတာ့ စိန္ေခၚမႈတခုလည္း ျဖစ္လာႏုိင္တဲ့အေၾကာင္း Reuters သတင္းေဆာင္းပါးကုိေတာ့ မနႏၵာခ်မ္းက ဆက္ေျပာျပပါမယ္။

ေရြးေကာက္ပဲြ အႏုိင္ရ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ကုိယ္စားလွယ္ အမ်ားစုအျဖစ္နဲ႔ လႊတ္ေတာ္သစ္ကို က်င္းပဖို႔ ရက္ပုိင္းအလုိမွာပဲ အာဏာပိုင္ေတြက - တရားမ၀င္ က်ဳးေက်ာ္ေနထုိင္သူေတြဆိုၿပီးေတာ့ ဖယ္ရွားခံလိုက္တဲ့အထဲမွာ ရန္ကုန္တုိင္း မဂၤလာဒုံၿမိဳ႕နယ္လည္း တခု ပါ၀င္ခဲ့ပါတယ္။ ဘူဒုိဇာေျမထုိးကားေတြနဲ႔ ရဲအင္အား ၂၀၀ ေလာက္အျပင္ ဒုတ္ေတြကုိင္ေဆာင္ထားတဲ့ ရာနဲ႔ခ်ီတဲ့ အရပ္၀တ္လူတအုပ္က အတင္း၀င္ေရာက္ ဖ်က္ဆီးဖယ္ရွားခဲ့ၾကတာပါ။

တပ္ပုိင္ေျမေပၚမွာ က်ဳးေက်ာ္ေနထုိင္သူေတြဆိုၿပီး ဖယ္ရွားခံခဲ့ရသူ လူေပါင္း ၂၅၀၀ ထဲမွာအသက္အစိတ္အရြယ္ မသႏၱာလည္း ပါ၀င္ၿပီး၊ အခုအခါ ကေလး ၃ ေယာက္နဲ႔အတူ - ပလပ္စတစ္ မိုးကာစေတြနဲ႔ လမ္းေဘးမွာ ျဖစ္ သလိုေလး ေဆာက္ ထားတဲ့ ယိုင္နဲ႔နဲ႔ တဲေလးမွာ ေနထုိင္ေနရတာေၾကာင့္ သူတုိ႔ရဲ႕ လံုၿခံဳမႈအတြက္ အခ်ိန္နဲ႔အမွ် စိုးရိမ္ေနရတယ္လို႔ ငိုေႂကြးရင္း ေျပာခဲ့ပါတယ္။

“ေယာက်ာ္းေတြက ရရာအလုပ္ကို ထြက္လုပ္ေနၾကရတာ။ ညေနေစာင္းလာလို႔ရွိရင္ မိုးခ်ဳပ္ရင္ကို သတိ၀ီရိယနဲ႔ အိပ္ေနရတယ္ က်မတို႔ ဘ၀မွာ။ သူမ်ားက လာၿပီး မီးဒုတ္နဲ႔ပစ္လည္း က်မတို႔ပဲ ခံရမွာပဲ။”

တခ်ိဳ႕သူေတြကေတာ့ ၂၀၀၈ ခုႏွစ္က ျမစ္၀ကၽြန္းေပၚေဒသမွာ နာဂစ္ဆုိင္ကလုန္း တိုက္ခတ္ၿပီးေနာက္ပိုင္း ရန္ကုန္ကို ေျပာင္းေရႊ႕လာသူေတြ လို႔ ဆိုပါတယ္။ Reuters က ျမင္ခဲ့ရတဲ့ မိတၱဴ အမိန္႔စာတေစာင္မွာေတာ့ - မဂၤလာဒံုက်ဴးေက်ာ္ဖယ္ရွားေရးကို အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက လုပ္ေဆာင္ခဲ့ တာျဖစ္ၿပီး၊ ျပည္ထဲေရး၀န္ႀကီးဌာန ကို အစီရင္ခံတင္ျပခဲ့တယ္လုိ႔ ပါရွိပါတယ္။

က်ဴးေက်ာ္သူေတြ ဖယ္ရွားခံခဲ့ရတဲ့ ေျမကို ျမန္မာ့စီးပြားေရးဦးပိုင္ကုမၸဏီက ပိုင္ဆုိင္တာျဖစ္ၿပီး၊ ရန္ကုန္ကုိ ေျပာင္းလာတဲ့သူ ေတာ္ေတာ္မ်ားမ်ားကေတာ့ - သူတုိ႔ ေနေနတဲ့ ေျမကို စစ္တပ္က ပိုင္တယ္ဆိုတာ မသိထားၾကပါဘူး။ ေနစရာ မရွိတဲ့အတြက္ ဘာမွမရွိတဲ့ ေျမအလြတ္ေပၚမွာ အိမ္ေဆာက္ၿပီး ေနထုိင္လာၾက တာ ျဖစ္ပါတယ္။

အခုလို ေျမယာအျငင္းပြားမႈ ျပႆနာေတြဟာ စစ္အစိုးရလက္ထက္ကတည္းက ရွိခဲ့တဲ့ ေျဖရွင္းရခက္တဲ့ ကိစၥတခုပါ။ မၾကာေသးခင္က ႏွစ္ေတြကစလို႔ စစ္တပ္ေရာ၊ စစ္တပ္နဲ႔ဆက္ႏြယ္တဲ့ လုပ္ငန္းေတာ္ေတာ္မ်ားမ်ားက ေျမေတြကို သိမ္းယူ လာေနတာ ျဖစ္တယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ က ေျပာဆိုၾကပါတယ္။

ျမန္မာႏုိင္ငံမွာ ႏုိင္ငံတကာဥပေဒပညာရွင္မ်ားေကာ္မရွင္ (ICJ) ရဲ႕ ႏုိင္ငံတကာ ဥပေဒအႀကံေပး Daniel Aguirre ကေတာ့ - ျမန္မာႏုိင္ငံမွာ အခုလို အတင္းအဓမၼ ဖယ္ရွားခံရသူ ေတာ္ေတာ္မ်ားမ်ားဟာ - အကူအညီ မရရွိၾကဘူးလို႔ အခုလို ေျပာခဲ့ပါတယ္။

“ဒီလူေတြမွာ ပညာေရး၊ က်န္းမာေရး ေစာင့္ေရွာက္မႈတုိ႔ အၿမဲတမ္း ေနစရာတုိ႔ မရွိၾကပါဘူး။ အုပ္ခ်ဳပ္ေရးမွာ ပါ၀င္ခြင့္မရၾကသလုိ၊ လုံၿခံဳေရးကုိ ၿခိမ္းေျခာက္ခံရတဲ့ အႏၱရာယ္ေတြလည္း ရွိေနပါတယ္။”

ဒါ့အျပင္ ျမန္မာႏုိင္ငံမွာ ေျမယာပိုင္ဆုိင္ခြင့္နဲ႔ ပတ္သက္ၿပီး ခိုင္မာတဲ့ ဥပေဒေတြ ျပဌာန္းဖုိ႔ လိုေနၿပီလို႔လည္း သူက အခုလို ဆက္ေျပာခဲ့ပါတယ္။

“ေနာက္ဆုံးတေန႔မွာေတာ့ ေဆြစဥ္မ်ဳိးဆက္ ေနလာၾကတဲ့ ေျမေတြကုိ ပုိင္ဆုိင္ခြင့္ေပးႏုိင္မယ့္ ဥပေဒသစ္ေတြ ျပဌာန္းရပါလိမ့္မယ္။ ဒီလုိမွ မဟုတ္ရင္ေတာ့ ဒီလူေတြ ဖယ္ရွားခံရၿပီး၊ လမ္းေဘးေရာက္၊ ပန္းၿခံေရာက္ တျခား လြတ္တဲ့ေနရာေတြကုိ ေရာက္ ကုန္ၿပီး၊ အဲဒီမွာလည္း တခါထပ္ၿပီး ေမာင္းထုတ္ ခံရဦးမွာပါ။ ေျမပုိင္ဆုိင္ခြင့္ အေထာက္အထား မရွိၾကတဲ့လူေတြ တေနရာက တေနရာ ေမာင္းထုတ္ခံရၿပီး လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရတဲ့ ပုံစံမ်ဳိးေတြကုိ ႏုိင္ငံတကာမွာလည္း ရွိေနပါတယ္။”

အခုလို ေနအိမ္ေတြ ဖ်က္ဆီးခံလုိက္ရတဲ့ မဂၤလာဒံုၿမိဳ႕နယ္က အိမ္ေျခမဲ့သူေတြ ကို ေလ်ာ္ေၾကးေပးၿပီး၊ အိမ္ျပန္ေဆာက္ေပးမယ္လို႔ အစိုးရ တာ၀န္ရွိသူေတြက ေျပာဆုိ ထားေပမဲ့လည္း - ေနအိမ္ေတြ ဖ်က္ဆီးခံလိုက္ရတာ သီတင္း ၂ ပတ္ေလာက္ ၾကာလာတဲ့အထိ - သူတို႔အေနနဲ႔ ဘာအကူအညီမွ မရေသးဘူးလို႔ - Reuters ကို ေျပာဆုိခဲ့ၾကပါတယ္။

အဲဒီအစား - ရဟန္းသံဃာေတြနဲ႔ ေစတနာရွင္ေတြကေန - ဒီလူေတြကို ေငြေၾကးနဲ႔ အစားအေသာက္ေတြ ေပးကမ္းတာကို ျမင္ေတြ႔ရပါတယ္။ ႏို၀င္ဘာ ေရြးေကာက္ပြဲမွာ အႏုိင္ရၿပီးေနာက္ - မၾကာခင္ တက္လာေတာ့မယ့္ NLD အစိုးရသစ္အေနနဲ႔ ဒီလို အျငင္းပြားမႈျပႆနာေတြကို ဘယ္လို ကိုင္တြယ္ေျဖရွင္းသြားမလဲဆုိတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ျမန္မာႏုိင္ငံမွာ လက္ဖက္စိုက္ခင္းကအစ - စီးကရက္ထုတ္လုပ္တာ၊ ဘီယာထုတ္လုပ္တာ၊ ေက်ာက္စိမ္းတူးေဖာ္ေရးနဲ႔ ဘဏ္လုပ္ငန္းေတြ အဆံုး စီးပြားေရးလုပ္ငန္း ေတာ္ေတာ္မ်ားမ်ားမွာ ဦးပိုင္ကုမၸဏီက ပါ၀င္ပတ္သက္ေနတာပါ။ ဦးပိုင္ကုမၸဏီက ထူေထာင္ထားတဲ့ ျမနႏၵာေရသန္႔ စက္႐ံုရဲ႕ မန္ေနဂ်ာ ဗိုလ္မႉး၀င္းျမင့္ကေတာ့ - ဒီေျမကို ဦးပိုင္က ပိုင္ဆိုင္ေပမဲ့ ဘာလုပ္ဖို႔ စီစဥ္ထားသလဲ ဆုိတာကိုေတာ့ သူ မသိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဦးပိုင္ကုမၸဏီကို အင္တာဗ်ဴးေမးခြင့္ ေတာင္းခံခဲ့ေပမဲ့ မတံု႔ျပန္ခဲ့ပါဘူး။

NLD ပါတီရဲ႕ ေရြးေကာက္ပြဲအႏုိင္ရ ကိုယ္စားလွယ္ေတြကေန က်မ္းသစၥာက်ိန္ဆိုဖို႔ရာ တပတ္ေတာင္ မလိုေတာ့တဲ့ - ဇန္န၀ါရီလ ၂၆ ရက္ေန႔မွာပဲ အာဏာပိုင္ေတြက မဂၤလာဒံုၿမိဳ႕နယ္တြင္းမွာ တရားမ၀င္ က်ဳးေက်ာ္ေနထုိင္သူေတြ ဆိုၿပီးေတာ့ ေနအိမ္ေတြ ကို အဓမၼ ဖ်က္ဆီးခဲ့တာ ျဖစ္ပါတယ္။ မတ္လကုန္ သမၼတဦးသိန္းစိန္အစိုးရ သက္တမ္းျပည့္တဲ့အခ်ိန္မွာေတာ့ - အစိုးရသစ္ တက္လာမယ့္ NLD ပါတီအေနနဲ႔ ဆက္လက္ ကိုင္တြယ္ေျဖရွင္းရမွာလည္း ျဖစ္ပါတယ္။

နႏၵာခ်မ္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........
 မောင်းထုတ်ခံရလို့ နေစရာပျောက်သွားတဲ့မိသားစုများ။ သတင်းဓာတ်ပုံ- ဦးဇော်ရမ်း
မြန်မာနိုင်ငံမှာ မကြာသေးခင် လတွေအတွင်း တရားမဝင် ရပ်ကွက်တချို့မှာ ကျုးကျော်နေထိုင်သူတွေအဖြစ် အာဏာပိုင်တွေက အတင်းအကျပ် ဖယ်ရှားခဲ့တဲ့ အတွက် လူပေါင်းထောင်နဲ့ချီပြီး နေစရာမဲ့ ဖြစ်ခဲ့ရပါတယ်။ ဒီပြဿနာဟာ ရွေးကောက်ပွဲ မှာ တခဲနက် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွက်တော့ စိန်ခေါ်မှုတခုလည်း ဖြစ်လာနိုင်တဲ့အကြောင်း Reuters သတင်းဆောင်းပါးကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် အများစုအဖြစ်နဲ့ လွှတ်တော်သစ်ကို ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ အာဏာပိုင်တွေက - တရားမဝင် ကျုးကျော်နေထိုင်သူတွေဆိုပြီးတော့ ဖယ်ရှားခံလိုက်တဲ့အထဲမှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်လည်း တခု ပါ၀င်ခဲ့ပါတယ်။ ဘူဒိုဇာမြေထိုးကားတွေနဲ့ ရဲအင်အား ၂၀၀ လောက်အပြင် ဒုတ်တွေကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ အရပ်ဝတ်လူတအုပ်က အတင်းဝင်ရောက် ဖျက်ဆီးဖယ်ရှားခဲ့ကြတာပါ။

တပ်ပိုင်မြေပေါ်မှာ ကျုးကျော်နေထိုင်သူတွေဆိုပြီး ဖယ်ရှားခံခဲ့ရသူ လူပေါင်း ၂၅၀၀ ထဲမှာအသက်အစိတ်အရွယ် မသန္တာလည်း ပါ၀င်ပြီး၊ အခုအခါ ကလေး ၃ ယောက်နဲ့အတူ - ပလပ်စတစ် မိုးကာစတွေနဲ့ လမ်းဘေးမှာ ဖြစ် သလိုလေး ဆောက် ထားတဲ့ ယိုင်နဲ့နဲ့ တဲလေးမှာ နေထိုင်နေရတာကြောင့် သူတို့ရဲ့ လုံခြုံမှုအတွက် အချိန်နဲ့အမျှ စိုးရိမ်နေရတယ်လို့ ငိုကြွေးရင်း ပြောခဲ့ပါတယ်။

“ယောကျာ်းတွေက ရရာအလုပ်ကို ထွက်လုပ်နေကြရတာ။ ညနေစောင်းလာလို့ရှိရင် မိုးချုပ်ရင်ကို သတိ၀ီရိယနဲ့ အိပ်နေရတယ် ကျမတို့ ဘဝမှာ။ သူများက လာပြီး မီးဒုတ်နဲ့ပစ်လည်း ကျမတို့ပဲ ခံရမှာပဲ။”

တချို့သူတွေကတော့ ၂၀၀၈ ခုနှစ်က မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ပြီးနောက်ပိုင်း ရန်ကုန်ကို ပြောင်းရွှေ့လာသူတွေ လို့ ဆိုပါတယ်။ Reuters က မြင်ခဲ့ရတဲ့ မိတ္တူ အမိန့်စာတစောင်မှာတော့ - မင်္ဂလာဒုံကျူးကျော်ဖယ်ရှားရေးကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လုပ်ဆောင်ခဲ့ တာဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ကို အစီရင်ခံတင်ပြခဲ့တယ်လို့ ပါရှိပါတယ်။

ကျူးကျော်သူတွေ ဖယ်ရှားခံခဲ့ရတဲ့ မြေကို မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး၊ ရန်ကုန်ကို ပြောင်းလာတဲ့သူ တော်တော်များများကတော့ - သူတို့ နေနေတဲ့ မြေကို စစ်တပ်က ပိုင်တယ်ဆိုတာ မသိထားကြပါဘူး။ နေစရာ မရှိတဲ့အတွက် ဘာမှမရှိတဲ့ မြေအလွတ်ပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်လာကြ တာ ဖြစ်ပါတယ်။

အခုလို မြေယာအငြင်းပွားမှု ပြဿနာတွေဟာ စစ်အစိုးရလက်ထက်ကတည်းက ရှိခဲ့တဲ့ ဖြေရှင်းရခက်တဲ့ ကိစ္စတခုပါ။ မကြာသေးခင်က နှစ်တွေကစလို့ စစ်တပ်ရော၊ စစ်တပ်နဲ့ဆက်နွယ်တဲ့ လုပ်ငန်းတော်တော်များများက မြေတွေကို သိမ်းယူ လာနေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေပညာရှင်များကော်မရှင် (ICJ) ရဲ့ နိုင်ငံတကာ ဥပဒေအကြံပေး Daniel Aguirre ကတော့ - မြန်မာနိုင်ငံမှာ အခုလို အတင်းအဓမ္မ ဖယ်ရှားခံရသူ တော်တော်များများဟာ - အကူအညီ မရရှိကြဘူးလို့ အခုလို ပြောခဲ့ပါတယ်။

“ဒီလူတွေမှာ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတို့ အမြဲတမ်း နေစရာတို့ မရှိကြပါဘူး။ အုပ်ချုပ်ရေးမှာ ပါ၀င်ခွင့်မရကြသလို၊ လုံခြံုရေးကို ခြိမ်းခြောက်ခံရတဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ မြေယာပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ဥပဒေတွေ ပြဌာန်းဖို့ လိုနေပြီလို့လည်း သူက အခုလို ဆက်ပြောခဲ့ပါတယ်။

“နောက်ဆုံးတနေ့မှာတော့ ဆွေစဉ်မျိုးဆက် နေလာကြတဲ့ မြေတွေကို ပိုင်ဆိုင်ခွင့်ပေးနိုင်မယ့် ဥပဒေသစ်တွေ ပြဌာန်းရပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒီလူတွေ ဖယ်ရှားခံရပြီး၊ လမ်းဘေးရောက်၊ ပန်းခြံရောက် တခြား လွတ်တဲ့နေရာတွေကို ရောက် ကုန်ပြီး၊ အဲဒီမှာလည်း တခါထပ်ပြီး မောင်းထုတ် ခံရဦးမှာပါ။ မြေပိုင်ဆိုင်ခွင့် အထောက်အထား မရှိကြတဲ့လူတွေ တနေရာက တနေရာ မောင်းထုတ်ခံရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပုံစံမျိုးတွေကို နိုင်ငံတကာမှာလည်း ရှိနေပါတယ်။”

အခုလို နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ မင်္ဂလာဒုံမြို့နယ်က အိမ်ခြေမဲ့သူတွေ ကို လျော်ကြေးပေးပြီး၊ အိမ်ပြန်ဆောက်ပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောဆို ထားပေမဲ့လည်း - နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတာ သီတင်း ၂ ပတ်လောက် ကြာလာတဲ့အထိ - သူတို့အနေနဲ့ ဘာအကူအညီမှ မရသေးဘူးလို့ - Reuters ကို ပြောဆိုခဲ့ကြပါတယ်။

အဲဒီအစား - ရဟန်းသံဃာတွေနဲ့ စေတနာရှင်တွေကနေ - ဒီလူတွေကို ငွေကြေးနဲ့ အစားအသောက်တွေ ပေးကမ်းတာကို မြင်တွေ့ရပါတယ်။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် - မကြာခင် တက်လာတော့မယ့် NLD အစိုးရသစ်အနေနဲ့ ဒီလို အငြင်းပွားမှုပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ လက်ဖက်စိုက်ခင်းကအစ - စီးကရက်ထုတ်လုပ်တာ၊ ဘီယာထုတ်လုပ်တာ၊ ကျောက်စိမ်းတူးဖော်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ အဆုံး စီးပွားရေးလုပ်ငန်း တော်တော်များများမှာ ဦးပိုင်ကုမ္ပဏီက ပါ၀င်ပတ်သက်နေတာပါ။ ဦးပိုင်ကုမ္ပဏီက ထူထောင်ထားတဲ့ မြနန္ဒာရေသန့် စက်ရုံရဲ့ မန်နေဂျာ ဗိုလ်မှူးဝင်းမြင့်ကတော့ - ဒီမြေကို ဦးပိုင်က ပိုင်ဆိုင်ပေမဲ့ ဘာလုပ်ဖို့ စီစဉ်ထားသလဲ ဆိုတာကိုတော့ သူ မသိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီကို အင်တာဗျူးမေးခွင့် တောင်းခံခဲ့ပေမဲ့ မတုံ့ပြန်ခဲ့ပါဘူး။

NLD ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကနေ ကျမ်းသစ္စာကျိန်ဆိုဖို့ရာ တပတ်တောင် မလိုတော့တဲ့ - ဇန်နဝါရီလ ၂၆ ရက်နေ့မှာပဲ အာဏာပိုင်တွေက မင်္ဂလာဒုံမြို့နယ်တွင်းမှာ တရားမဝင် ကျုးကျော်နေထိုင်သူတွေ ဆိုပြီးတော့ နေအိမ်တွေ ကို အဓမ္မ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ မတ်လကုန် သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းပြည့်တဲ့အချိန်မှာတော့ - အစိုးရသစ် တက်လာမယ့် NLD ပါတီအနေနဲ့ ဆက်လက် ကိုင်တွယ်ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။

နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment