Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 13, 2016

ရကၡိဳင့္တပ္မေတာ္ကုိ လက္နက္ခ် အလင္းဝင္ဖုိ႔ ဖိတ္ေခၚစာျဖန္႔ေဝ


Arakan Army AA ေခၚ ရကၡိဳင့္တပ္မေတာ္ တပ္ဖြဲ႕ဝင္ တခ်ဳိ႕ကို ေတြ႕ရစဥ္။ Photo: Arakan Army
ရကၡိဳင့္တပ္မေတာ္ AA တပ္ဖြဲ႔ဝင္ေတြကို လက္နက္ခ်ၿပီး အလင္းဝင္ၾကဖို႔ ဖိတ္ေခၚတဲ့စာေတြကို ရခိုင္ျပည္နယ္အစိုးရ အဖြဲ႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြကတစ္ဆင့္ မေန႔က ျဖန္႔ေ၀လိုက္ပါတယ္။

လက္နက္ခ် အလင္းဝင္လာသူေတြရွိရင္ သူတုိ႔ရဲ့ရပိုင္ခြင့္ေတြရရွိေအာင္ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔က ေဆာင္ ရြက္ေပးသြားမယ္လို႔ ရခိုင္ျပည္နယ္အစိုးရ သတင္းထုတ္ျပန္ေရးေကာ္မတီ ဥကၠဌ ဦးလွသိန္းက ေျပာပါတယ္။

"ထုတ္ျပန္တယ္ဆိုတဲ့ဟာက လက္နက္နဲ႔ ၿငိမ္းခ်မ္းေရး လဲလွယ္ဖို႔ဆိုလို႔ရွိရင္ ရခိုင္ျပည္နယ္အတြက္ကလည္း အေရးယူေဆာင္ရြက္ၿပီးသားပဲေလ၊ တကယ္လို႔ ဟိုဟာျဖစ္လို႔ရွိရင္ က်ေနာ္တို႔က အေပၚကိုခ်ိတ္ၿပီးေတာ့ ရပိုင္ခြင့္ေတြ ရေအာင္လုပ္ေပးမွာေပါ့ဗ်ာ၊ အဲ့သေဘာမ်ဳိးပါပဲ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြကေနတဆင့္ ရပ္ေက်းေတြကိုျဖန္႔မယ္၊ ၁၇ ၿမိဳ႕နယ္ တစ္ျပည္နယ္လံုးကိုျဖန္႔တာ"

အဲဒီစာေတြကို ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ ျပည္နယ္လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးထိန္လင္း ဦးေဆာင္တဲ့ တည္ၿငိမ္ေရးနဲ႔ တရားဥပေဒ စိုးမိုးေရးေကာ္မတီက ထုတ္ျပန္တာလို႔ သိရပါတယ္။

ရကၡိဳင့္တပ္မေတာ္ AA တပ္ဖြဲ႔ဝင္ေတြအေနနဲ႔ လက္နက္ပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ နီးစပ္ရာေက်းရြာအုပ္ခ်ဳပ္ေရး အဖြဲ႔၊ ရဲစခန္း၊ တပ္မေတာ္ စစ္ေၾကာင္းေတြထံျဖစ္ေစ လာေရာက္အလင္းဝင္ၾကဖို႔နဲ႔ အလင္းဝင္ေရာက္လာသူေတြကို ဖမ္းဆီးအေရးယူမွာ မဟုတ္ေၾကာင္းလည္း ပါရွိပါတယ္။

အစိုးရတပ္မေတာ္ထံမွာ လာေရာက္အဖမ္းခံတဲ့ AA တပ္ဖြဲ႔ဝင္ သံုးဦးကို အလင္းဝင္သူေတြအျဖစ္ သတ္မွတ္ၿပီး စီစစ္မႈေတြျပဳလုပ္ကာ အေရးမယူဘဲ ျပန္လႊတ္ေပးသြားမယ္လို႔လည္း ပါရွိပါတယ္။

ၿမိဳ႕ရြာေတြမွာ တိမ္းေရွာင္ေနတဲ့ AA တပ္ဖြဲ႔ဝင္ ဒုတိယဗိုလ္မွဴးႀကီးအဆင့္နဲ႔ တျခားအဆင့္ရွိသူေတြကို အစိုးရ တပ္မေတာ္ဘက္က ဖမ္းဆီးရမိထားၿပီး ေထာင္ဒဏ္ ၃ ႏွစ္၊ ေသဒဏ္ ဒါမွမဟုတ္ ေထာင္ဒဏ္ ႏွစ္ ၂၀ နဲ႔ညီမွ်တဲ့ တစ္သက္တစ္ကၽြန္းဒဏ္ေတြကို က်ခံရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.......

Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်။ Photo: Arakan Army
ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို လက်နက်ချပြီး အလင်းဝင်ကြဖို့ ဖိတ်ခေါ်တဲ့စာတွေကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် မနေ့က ဖြန့်ဝေလိုက်ပါတယ်။

လက်နက်ချ အလင်းဝင်လာသူတွေရှိရင် သူတို့ရဲ့ရပိုင်ခွင့်တွေရရှိအောင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆောင် ရွက်ပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

"ထုတ်ပြန်တယ်ဆိုတဲ့ဟာက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဖို့ဆိုလို့ရှိရင် ရခိုင်ပြည်နယ်အတွက်ကလည်း အရေးယူဆောင်ရွက်ပြီးသားပဲလေ၊ တကယ်လို့ ဟိုဟာဖြစ်လို့ရှိရင် ကျနော်တို့က အပေါ်ကိုချိတ်ပြီးတော့ ရပိုင်ခွင့်တွေ ရအောင်လုပ်ပေးမှာပေါ့ဗျာ၊ အဲ့သဘောမျိုးပါပဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ရပ်ကျေးတွေကိုဖြန့်မယ်၊ ၁၇ မြို့နယ် တစ်ပြည်နယ်လုံးကိုဖြန့်တာ"

အဲဒီစာတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ဦးဆောင်တဲ့ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကော်မတီက ထုတ်ပြန်တာလို့ သိရပါတယ်။

ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နီးစပ်ရာကျေးရွာအုပ်ချုပ်ရေး အဖွဲ့၊ ရဲစခန်း၊ တပ်မတော် စစ်ကြောင်းတွေထံဖြစ်စေ လာရောက်အလင်းဝင်ကြဖို့နဲ့ အလင်းဝင်ရောက်လာသူတွေကို ဖမ်းဆီးအရေးယူမှာ မဟုတ်ကြောင်းလည်း ပါရှိပါတယ်။

အစိုးရတပ်မတော်ထံမှာ လာရောက်အဖမ်းခံတဲ့ AA တပ်ဖွဲ့ဝင် သုံးဦးကို အလင်းဝင်သူတွေအဖြစ် သတ်မှတ်ပြီး စီစစ်မှုတွေပြုလုပ်ကာ အရေးမယူဘဲ ပြန်လွှတ်ပေးသွားမယ်လို့လည်း ပါရှိပါတယ်။

မြို့ရွာတွေမှာ တိမ်းရှောင်နေတဲ့ AA တပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ တခြားအဆင့်ရှိသူတွေကို အစိုးရ တပ်မတော်ဘက်က ဖမ်းဆီးရမိထားပြီး ထောင်ဒဏ် ၃ နှစ်၊ သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် နှစ် ၂၀ နဲ့ညီမျှတဲ့ တစ်သက်တစ်ကျွန်းဒဏ်တွေကို ကျခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment