Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

တပ္မေတာ္ႏွင့္ေျပလည္ေအာင္ ေဆာင္ရြက္မည္ဟု NLD နာယက ဦးတင္ဦး ေျပာ



အသြင္ကူးေျပာင္းေရးအတြက္ NLD အေနႏွင့္ တပ္မေတာ္ႏွင့္ ေျပလည္ေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ၎အေနႏွင့္ အစိုးရအဖြဲ႔တြင္ သမၼတရာထူးအပါအ၀င္ မည္သည့္တာ၀န္မွ ရယူမည္မည္မဟုတ္ေၾကာင္း ပါတီနာယက ဦးတင္ဦးက ေဖာ္ေဖာ္၀ါရီ ၃ ရက္ေန႔က သတင္းေထာက္မ်ားကို ေျပာၾကားသည္။

“ဒီမိုကေရစီဘက္ကို ဦးတည္သြားတယ္ဆိုတဲ့ အသြင္ေျပာင္းလာလို႔ ၀မ္းသာစရာေပါ့။ ၅၉ (စ) ကေတာ့ အကန္႔အသတ္ေတြရွိပါတယ္။ သို႔ေသာ္လည္းပဲ ဘယ္ကိစၥမ်ဳိးမဆို ေျပာင္းလဲနိုင္ပါတယ္။ ဘယ္လိုေက်ာ္လႊားမလဲဆိုတာကေတာ့ ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြ စဥ္းစားပါလိမ့္မယ္။ ကြ်န္ေတာ္ကေတာ့ သမၼတ ဘယ္လိုနည္းနဲ႔မွ မလုပ္ပါဘူး။ ကြ်န္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္ေအာင္ျမင္ဖို႔အတြက္၊ ဒီမိုကေရစီလမ္းေၾကာင္းေပၚေရာက္ဖို႔အတြက္၊ တိုင္းရင္းသားစည္းလံုးညီညြတ္ေရးအတြက္၊ ျငိမ္းခ်မ္းေရးအတြက္၊ ေအာင္ျမင္ဖို႔ ထမ္းပိုးေပးမယ္ဆိုတဲ့ ကူညီတဲ့စိတ္နဲ႔ လာခဲ့သူပါ။ ဘာရာထူးတာ၀န္မွ မယူပါဘူး။ နာယကဆိုေတာ့ ပါတီအတြင္းစည္း စနစ္က်ေအာင္ ထိန္းသိမ္းတာကလြဲျပီး ဘာမွမသိပါဘူး။ တပ္မေတာ္ဟာ အဓိကအင္အားစုျဖစ္တဲ့အတြက္ အစြမ္းကုန္ အစစအရာရာ ေျပလည္ေအာင္ ေဆာင္ရြက္သြားၾကမွာပါ”ဟု ဦးတင္ဦးက ေျပာသည္။

ထြန္း(ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.............................


အသွင်ကူးပြောင်းရေးအတွက် NLD အနေနှင့် တပ်မတော်နှင့် ပြေလည်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းအနေနှင့် အစိုးရအဖွဲ့တွင် သမ္မတရာထူးအပါအဝင် မည်သည့်တာဝန်မှ ရယူမည်မည်မဟုတ်ကြောင်း ပါတီနာယက ဦးတင်ဦးက ဖော်ဖော်ဝါရီ ၃ ရက်နေ့က သတင်းထောက်များကို ပြောကြားသည်။

“ဒီမိုကရေစီဘက်ကို ဦးတည်သွားတယ်ဆိုတဲ့ အသွင်ပြောင်းလာလို့ ၀မ်းသာစရာပေါ့။ ၅၉ (စ) ကတော့ အကန့်အသတ်တွေရှိပါတယ်။ သို့သော်လည်းပဲ ဘယ်ကိစ္စမျိုးမဆို ပြောင်းလဲနိုင်ပါတယ်။ ဘယ်လိုကျော်လွှားမလဲဆိုတာကတော့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ စဉ်းစားပါလိမ့်မယ်။ ကျွန်တော်ကတော့ သမ္မတ ဘယ်လိုနည်းနဲ့မှ မလုပ်ပါဘူး။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်အောင်မြင်ဖို့အတွက်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့အတွက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ အောင်မြင်ဖို့ ထမ်းပိုးပေးမယ်ဆိုတဲ့ ကူညီတဲ့စိတ်နဲ့ လာခဲ့သူပါ။ ဘာရာထူးတာဝန်မှ မယူပါဘူး။ နာယကဆိုတော့ ပါတီအတွင်းစည်း စနစ်ကျအောင် ထိန်းသိမ်းတာကလွဲပြီး ဘာမှမသိပါဘူး။ တပ်မတော်ဟာ အဓိကအင်အားစုဖြစ်တဲ့အတွက် အစွမ်းကုန် အစစအရာရာ ပြေလည်အောင် ဆောင်ရွက်သွားကြမှာပါ”ဟု ဦးတင်ဦးက ပြောသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment