Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

Oldie မဂၢဇင္း ႏွစ္ပတ္လည္ဆုေပးပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ကုိ သူရဲေကာင္းဆု ခ်ီးျမွင့္


Oldieမဂၢဇင္းႀကီး၏ ႏွစ္ပတ္လည္ဆုေပးပြဲတြင္ ေလဒီေကာလင္းကမ္းပဲလ္ကလည္း ႏုိဘယ္ဆုရွင္ၿငိမ္းခ်မ္းေရးလႈပ္ရွားသူ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ဂုဏ္ျပဳခ်ီးျမွင့္ခံခဲ့ရသည္။

ေဒၚေအာင္ဆန္းစုၾကည္အား ျမန္မာႏုိင္ငံတြင္ၿငိမ္းခ်မ္းေရးစမ့္စပ္ေပးႏုိင္မႈအတြက္ သူမ၏ မ်က္ကြယ္တြင္ ယခုႏွစ္အတြက္ သူရဲေကာင္းဆုခ်ီးျမွင့္ခဲ့သည္။ အသက္ ၆၆ ႏွစ္အရြယ္ ေလဒီကမ္းပဲလ္ကမူ ယင္းဆုထက္ အနည္းငယ္နိမ့္ေသာ ဆုခ်ီးျမွင့္ခံရသည္။

သ႐ုပ္ေဆာင္မင္းသား ပရူနယ္လာစေကးလ္ႏွင့္ တီမုိသီ၀က္စ္ တုိ႔ကုိမူ ခ်န္နယ္ ၄ တြင္ တင္ဆက္ခဲ့ေသာ ဂရိတ္ကင္နယ္ခရီးစဥ္အတြက္ ဆုခ်ီးျမွင့္ခဲ့သည္။ Oldie of the year ၏ အႏိၱမဂုဏ္ျပဳဆုကုိ အသက္ ၉၉ ႏွစ္ရွိ ၿပီး သက္ရွိထင္ရွားရွိေနေသာ ေလ႐ူးသုန္သုန္ဇာတ္ကားမွ မင္းသမီးႀကီး အုိလီးမီးယားေဒဟာ ဗီလန္ႏွင့္ အသက္ ၁၀၁ ႏွစ္ရွိ ယခင္ Queen Council ေဟာင္းတဦး ျဖစ္သူ Baron Hutchinson of Lullington တုိ႔ အား ပူးတြဲခ်ီးျမွင့္ခဲ့သည္။



ၿဗိတိသွ်ဆုသူေကာင္းမ်ဳိးဘြဲ႕ရ အသက္ ၇၅ ႏွစ္အရြယ္ Meacher သည္ tax credits ေဆြးေႏြးပြဲတြင္ သူေကာင္းမ်ဳိးအဖြဲ႕၏ တြန္းလွန္ဆန္႔က်င္မႈကို ဦးေဆာင္ခဲ့မႈျဖင့္ တုိက္ပြဲ၀င္ သူရဲေကာင္းဆုရခဲ့သည္။



ဓာတ္ပုံဆရာဒြန္အကၠကူကင္း ၈၀ ႏွစ္ မွာမူ ပဋိပကၡျဖစ္ရပ္အမွန္တရားမ်ားကုိ မီးေမာင္းထုိးျပခဲ့မႈျဖင့္ အခုႏွစ္၏ သက္ေသထူႏုိင္သူ ဆုရခဲ့သည္။

ေတဇာ၀င္း
Daily Mail
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..........


Oldieမဂ္ဂဇင်းကြီး၏ နှစ်ပတ်လည်ဆုပေးပွဲတွင် လေဒီကောလင်းကမ်းပဲလ်ကလည်း နိုဘယ်ဆုရှင်ငြိမ်းချမ်းရေးလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးစမ့်စပ်ပေးနိုင်မှုအတွက် သူမ၏ မျက်ကွယ်တွင် ယခုနှစ်အတွက် သူရဲကောင်းဆုချီးမြှင့်ခဲ့သည်။ အသက် ၆၆ နှစ်အရွယ် လေဒီကမ်းပဲလ်ကမူ ယင်းဆုထက် အနည်းငယ်နိမ့်သော ဆုချီးမြှင့်ခံရသည်။

သရုပ်ဆောင်မင်းသား ပရူနယ်လာစကေးလ်နှင့် တီမိုသီဝက်စ် တို့ကိုမူ ချန်နယ် ၄ တွင် တင်ဆက်ခဲ့သော ဂရိတ်ကင်နယ်ခရီးစဉ်အတွက် ဆုချီးမြှင့်ခဲ့သည်။ Oldie of the year ၏ အန္တိမဂုဏ်ပြုဆုကို အသက် ၉၉ နှစ်ရှိ ပြီး သက်ရှိထင်ရှားရှိနေသော လေရူးသုန်သုန်ဇာတ်ကားမှ မင်းသမီးကြီး အိုလီးမီးယားဒေဟာ ဗီလန်နှင့် အသက် ၁၀၁ နှစ်ရှိ ယခင် Queen Council ဟောင်းတဦး ဖြစ်သူ Baron Hutchinson of Lullington တို့ အား ပူးတွဲချီးမြှင့်ခဲ့သည်။


ဗြိတိသျှဆုသူကောင်းမျိုးဘွဲ့ရ အသက် ရ၅ နှစ်အရွယ် Meacher သည် tax credits ဆွေးနွေးပွဲတွင် သူကောင်းမျိုးအဖွဲ့၏ တွန်းလှန်ဆန့်ကျင်မှုကို ဦးဆောင်ခဲ့မှုဖြင့် တိုက်ပွဲဝင် သူရဲကောင်းဆုရခဲ့သည်။


ဓာတ်ပုံဆရာဒွန်အက္ကကူကင်း ၈၀ နှစ် မှာမူ ပဋိပက္ခဖြစ်ရပ်အမှန်တရားများကို မီးမောင်းထိုးပြခဲ့မှုဖြင့် အခုနှစ်၏ သက်သေထူနိုင်သူ ဆုရခဲ့သည်။

တေဇာဝင်း
Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment