Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 24, 2016

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်အမျိုးသားနေ့ သဝဏ်လွှာတွင် ဖက်ဒရယ်စနစ်ကို အဓိက ထည့်သွင်း ပြောကြား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်အမျိုးသားနေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အဓိကထား ထည့်သွင်း ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၄ ရက် ( ယနေ့တွင် ) ကျရောက်မည့် ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“တကယ်တော့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ရုပ်ဝတ္ထုသဘော ဆက်စပ် ပေါင်းစည်းခြင်း ဆိုတာထက် စိတ်ဓာတ်ကို အခြေခံပြီး စုဖွဲ့ တည်ထောင်ရတာ ဖြစ်တယ်လို့ နားလည်မိပါတယ်။ ကျွန်မတို့ ပြည်ထောင်စုသားများဟာ အခုလို အမျိုးသားနေ့များ ကျင်းပပြီး အမျိုးသားရေး လက္ခဏာ ရပ်တွေကို မတိမ်ကော မပပျောက်အောင် ကြိုးပမ်းဆောင်ရွက်ရုံမက ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ မိသားစုအသွင်ကို ထိန်းဖို့ ကြိုးစားတာဟာ အလွန်အနှစ်သာရ ရှိလှပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကျရောက်သည့် ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကို မွန်ပြည်နယ်၊ ဘီလူးကျွန်းချောင်းဆုံ၌ ကျင်းပခဲ့ပြီး မွန်ပြည်နယ်နှင့် အခြားမွန်ဒေသရှိ မြို့နယ်များ တွင်လည်း မြို့နယ်၊ ကျေးရွာအလိုက် ကျင်းပခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ မွန်တွေက မွန်အမျိုးသားနေ့ ရောက်ရင် အိမ်တိုင်းစေ့ အလံတွေ လွှင့်တယ်။ အာဇာနည်တွေကို ရည်မှန်းပြီး ဘုန်းကြီး ဆွမ်းကပ်တယ်။ မွန်အမျိုးသားနေ့ကို မွန်တွေရှိတဲ့ ဘယ်နေရာမှာမဆို ကျင်းပတယ်။ တစ်ယောက်တည်း ရှိရင် တစ်ယောက်တည်း ကျင်းပတယ် ” ဟု မွန်လူမှုအခြေပြု အသင်းမှ ဒါရိုက်တာ နိုင်အောင်သန်းလွင်က ပြောသည်။

ပထမ ဟံသာဝတီ မင်းနေပြည်တော် စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ် (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြုကာ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး လွတ်လပ်ရေး ရသည့်နှစ် ၁၉၄၈ ခုနှစ်တွင် စတင် ကျင်းပခဲ့ကြကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies


........................................


အမိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ် ဥက္ကဋ္ဌ ဒေါ်အောင္ဆန်းစုကြည္က မြန်အမိုးသားနေ့အတြက် ပေးပို့သည့် သဝဏ္လွှာတြင် စစ္မွန်သည့် ဖက္ဒရယ်ျပည်ထောင္စု စနစ္ကို အဓိကထား ထည့်သြင်းျေပာကြားလိုက်သည်။

ဖေဖ်ာဝါရီ ၂၄ ရက် ( ယေန့တြင် ) က်ရောက္မည့် ၆၉ ကြိမ်ျေမာက် မြန်အမိုးသားနေ့သို့ ပေးပို့သည့် ဒေါ်အောင္ဆန်းစုကြည်၏ သဝဏ္လွှာတြင် ယင်းကဲ့သို့ ထည့်သြင်းျေပာကြားလိုက်ျခင်ျးဖစ်ကြောင်း သိရသည်။

“တကယ်တော့ ဖက္ဒရယ်ျပည်ထောင္စုဆိုတာ ရုပ်ဝတ္ထုသေဘာ ဆက္စပ် ပေါင်းစည်ျးခင်း ဆိုတာထက် စိတ္ဓာတ္ကို အျေခခံပြီး စုဖြဲ့ တည်ထောင်ရတျာဖစ္တယ္လို့ နားလည္မိပါတယ်။ ကျန္မြတိျု့ပည်ထောင္စုသားမ်ားဟာ အခုလို အမိုးသားနေ့မ်ား က်င်းပပြီး အမိုးသားရေး လက္ခဏာ ရပ်တြေကို မတိမ်ကော မပေပ်ာက်အောင် ကြိုးပမ်းဆောင်ြရက်ရုံမကျပည်ထောင္စုကြီး တစ္ခုလုံးရဲ့ မိသားစုအသြင္ကို ထိန်းဖို့ ကြိုးစားတာဟာ အလြန်အနွစ်သာရ ရွိလွပါတယ် ” ဟု ဒေါ်အောင္ဆန်းစုကြည်၏ သဝဏ္လွှာတြင် ထည့်သြင်းျေပာကြားချဲ့ခင်ျးဖစ်သည်။

ဖေဖ်ာဝါရီလ ၂၄ ရက္တြင် က်ရောက်သည့် ၆၉ ကြိမ်ျေမာက် မြန်အမိုးသားနေ့ (ဗဟို) ကို မြန်ျပည္နယ်၊ ဘီလူးကျနြ်းခော်င်းဆုံ၌ က်င်းပခဲ့ပြီး မြန်ျပည္နယ်နွင့် အျခားမြန်ဒေသရွိ မြို့နယ္မ်ား တြင္လည်း မြို့နယ်၊ ကေ်းရြာအလိုက် က်င်းပခဲ့ကြေကြာင်း သိရသည်။

“ကျန်ြတ္တောို့ မြန်တြေက မြန်အမိုးသားနေ့ ရောက်ရင် အိမ္တိုင်းစေ့ အလံတြေ လွှငြ့်တယ်။ အာဇာနည်တြေကို ရည္မွန်းပြီး ဘုန်းကြီး ဆြမ်းကပ္တယ်။ မြန်အမိုးသားနေ့ကို မြန်တြေရွိတဲ့ ဘယ်နေရာမွာမဆို က်င်းပတယ်။ တစ်ယောက္တည်း ရွိရင် တစ်ယောက္တည်း က်င်းပတယ် ” ဟု မြန္လူမှုအျေချပု အသင်းမွ ဒါရိုက္တာ နိုင်အောင်သန်းလြင္ကျေပာသည်။

ပထမ ဟံသာဝတီ မင်းနျေပည်တော် စတင္တည်ထောင္ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆ ခုနွစ် (အေဒီ ၅၇၃) တပို့တြဲ လျပည့်ကော်် ၁ ရက်နေ့ကို အစျြဲပုကာ မြန်အမိုးသားနေ့အျဖစ် သတ္မွတ္ခဲ့ပြီး လြတ္လပ်ရေး ရသည့်နွစ် ၁၉၄၈ ခုနွစ္တြင် စတင် က်င်းပခဲ့ကြေကြာင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment