Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 14, 2016

တရုတ္ထုတ္ ဆံပင္စည္းၾကိဳးမ်ားက ကာလသားေရာဂါကူးစက္မႈ ျဖစ္ပြားေစႏုိင္ဟု အေမရိကန္က်န္းမာေရးဌာန Center For Disease သတိေပး

Victor.PaaTung on 2016-02-11 13:38
Center For Disease(CDC) က တစ္ပတ္ရစ္ ကြန္ဒုံးမ်ားအား ရာဘာၾကိဳးနဲ႔ ဆံပင္စည္းၾကိဳးမ်ားအျဖစ္ ျပန္လည္ ထုတ္လုပ္ျပီး အေမရိကတြင္ ေရာင္းခ်ထားေၾကာင္း အေမရိကန္ျပည္သူမ်ားအား  သတိေပးေျပာၾကား ကာ ျပည္သူ႔က်န္းမာေရး အာမခံခ်က္နဲ႔ ပတ္သက္ျပီး စိုးရိမ္ထိတ္လန္႔မႈေတြ တုိးပြားေစခဲ့ပါတယ္။ ယင္းပစၥည္းမ်ားအား ေဒသတြင္း လဟာျပင္ေစ်းမ်ားမွာ ေရာင္းခ်ထားတဲ့အျပင္ ႏုိင္ငံတစ္ဝွမ္း အလွျပင္ဆုိင္မ်ားမွာ လည္း ေတြ႔ရပါတယ္။

ဒီအခ်က္က ယင္းထုတ္ကုန္ပစၥည္းမ်ား အသုံးျပဳေနတဲ့ consumer မ်ားရဲ႕ က်န္းမာေရးကို ျခိမ္းေျခာက္ေနျပီး ဆံပင္စည္းၾကိဳးမ်ားနဲ႔ ရာဘာၾကိဳးအသုံးျပဳျခင္းက AIDS၊ ေရာဂါ၊ လိင္အဂၤါအသားမာတက္ျခင္းနဲ႔ တျခား ကာလာသားေရာဂါ (STD) ကူးစက္ေရာဂါ ပ်ံ႕ႏွံ႔မႈ ျဖစ္ေစႏုိင္ေၾကာင္း စိုးရိမ္ရပါတယ္။ ဒါ့ေၾကာင့္ CDC အေနနဲ႔  အခုလုိ ထုတ္ျပန္ခ်က္ျပဳလုပ္ခဲ့ပါတယ္။ "မသန္႔ရွင္းေသာ တစ္ပတ္ႏြမ္း ကြန္းဒုံးမ်ားျဖင့္ ျပဳလုပ္ထားတဲ့ ဆံပင္စည္းၾကိဳးနဲ႔ ရာဘာၾကိဳးေပၚက ဘက္တီးရီးယားပိုးမ်ားနဲ႔ ဗိုင္းရပ္စ္ ပိုးမႊားတို႔မွာ အမ်ားသုံးအိမ္သာမွာ ေတြ႔ရတဲ့ ဘက္တီးရီးယားထက္ ၄ ဆ ပိုမ်ားပါတယ္။ ဝယ္ယူသုံးစြဲသူမ်ားအေနျဖင့္ ယင္းဆံပင္စည္းၾကဳိးမ်ားအား အသုံးျပဳတဲ့အခါမွာ ပါးစပ္နဲ႔ ကိုက္တာမ်ဳိး ျပဳလုပ္ပါက AIDS၊ အဂၤါဇာတ္အဖုေပါက္ျခင္း၊ ေရယုန္နဲ႔ တျခားေသာ ကာလသားေရာဂါေတြ ကူးစက္ခံရႏိုင္ေျခရိွပါတယ္။ တရုတ္ႏုိင္ငံတြင္ ထုတ္လုပ္သည့္ ဒီပစၥည္းမ်ားအား ဝယ္ယူမသုံးစြဲဖုိ႔ သတိေပးေၾကာင္း" လို႔ ေဖာ္ျပထားပါတယ္။

Los Angeles ျမိဳ႕ခံတစ္ဦးေျပာတာက "ေဒသတြင္းရိွ အလွျပင္ဆုိင္တစ္ခုမွာ ဝယ္ခဲ့ေသာ ဆံပင္စည္းၾကိဳးမ်ား တစ္ပတ္ရစ္ ကြန္ဒုံးမ်ားျဖင့္ ျပဳလုပ္ထားမွန္း သိရတဲ့အခါ စိတ္ပ်က္သြားခဲ့ေၾကာင္း သူမ ေျပာဆိုခဲ့ပါတယ္။ ဒီအေၾကာင္း ၾကားေတာ့ မယုံႏုိင္ဘူး။ ကပ္ေၾကးယူျပီး အနားသတ္ကေလးေတြ ေသခ်ာ ျဖတ္ထုတ္ခဲ့တယ္။ အထဲမွာ သုံးျပီးသား ကြန္ဒုံးေတြေတြ႔လုိက္ေတာ့ ပါးစပ္အေဟာင္းသား ျဖစ္သြားခဲ့ရတယ္" လုိ႔ Shantea Green ေျပာဆိုခဲ့ပါတယ္။

တရုတ္ထုတ္ ဆံပင္စည္းၾကိဳးမ်ား ဝယ္ထားတယ္ဆုိပါက ခ်က္ခ်င္း လြင့္ပစ္ရန္ CDC မွ ျပင္းထန္စြာ အၾကံျပဳထားပါတယ္။

Ref: Now8news
Trend Myanmar
............
တရုတ်ထုတ် ဆံပင်စည်းကြိုးများက ကာလသားရောဂါကူးစက်မှု ဖြစ်ပွားစေနိုင်ဟု အမေရိကန်ကျန်းမာရေးဌာန Center For Disease သတိပေး

Victor.PaaTung on 2016-02-11 13:38
Center For Disease(CDC) က တစ်ပတ်ရစ် ကွန်ဒုံးများအား ရာဘာကြိုးနဲ့ ဆံပင်စည်းကြိုးများအဖြစ် ပြန်လည် ထုတ်လုပ်ပြီး အမေရိကတွင် ရောင်းချထားကြောင်း အမေရိကန်ပြည်သူများအား  သတိပေးပြောကြား ကာ ပြည်သူ့ကျန်းမာရေး အာမခံချက်နဲ့ ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်မှုတွေ တိုးပွားစေခဲ့ပါတယ်။ ယင်းပစ္စည်းများအား ဒေသတွင်း လဟာပြင်စျေးများမှာ ရောင်းချထားတဲ့အပြင် နိုင်ငံတစ်ဝှမ်း အလှပြင်ဆိုင်များမှာ လည်း တွေ့ရပါတယ်။

ဒီအချက်က ယင်းထုတ်ကုန်ပစ္စည်းများ အသုံးပြုနေတဲ့ consumer များရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေပြီး ဆံပင်စည်းကြိုးများနဲ့ ရာဘာကြိုးအသုံးပြုခြင်းက AIDS၊ ရောဂါ၊ လိင်အင်္ဂါအသားမာတက်ခြင်းနဲ့ တခြား ကာလာသားရောဂါ (STD) ကူးစက်ရောဂါ ပျံ့နှံ့မှု ဖြစ်စေနိုင်ကြောင်း စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် CDC အနေနဲ့  အခုလို ထုတ်ပြန်ချက်ပြုလုပ်ခဲ့ပါတယ်။ "မသန့်ရှင်းသော တစ်ပတ်နွမ်း ကွန်းဒုံးများဖြင့် ပြုလုပ်ထားတဲ့ ဆံပင်စည်းကြိုးနဲ့ ရာဘာကြိုးပေါ်က ဘက်တီးရီးယားပိုးများနဲ့ ဗိုင်းရပ်စ် ပိုးမွှားတို့မှာ အများသုံးအိမ်သာမှာ တွေ့ရတဲ့ ဘက်တီးရီးယားထက် ၄ ဆ ပိုများပါတယ်။ ဝယ်ယူသုံးစွဲသူများအနေဖြင့် ယင်းဆံပင်စည်းကြိုးများအား အသုံးပြုတဲ့အခါမှာ ပါးစပ်နဲ့ ကိုက်တာမျိုး ပြုလုပ်ပါက AIDS၊ အင်္ဂါဇာတ်အဖုပေါက်ခြင်း၊ ရေယုန်နဲ့ တခြားသော ကာလသားရောဂါတွေ ကူးစက်ခံရနိုင်ခြေရှိပါတယ်။ တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် ဒီပစ္စည်းများအား ဝယ်ယူမသုံးစွဲဖို့ သတိပေးကြောင်း" လို့ ဖော်ပြထားပါတယ်။

Los Angeles မြို့ခံတစ်ဦးပြောတာက "ဒေသတွင်းရှိ အလှပြင်ဆိုင်တစ်ခုမှာ ဝယ်ခဲ့သော ဆံပင်စည်းကြိုးများ တစ်ပတ်ရစ် ကွန်ဒုံးများဖြင့် ပြုလုပ်ထားမှန်း သိရတဲ့အခါ စိတ်ပျက်သွားခဲ့ကြောင်း သူမ ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း ကြားတော့ မယုံနိုင်ဘူး။ ကပ်ကြေးယူပြီး အနားသတ်ကလေးတွေ သေချာ ဖြတ်ထုတ်ခဲ့တယ်။ အထဲမှာ သုံးပြီးသား ကွန်ဒုံးတွေတွေ့လိုက်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတယ်" လို့ Shantea Green ပြောဆိုခဲ့ပါတယ်။

တရုတ်ထုတ် ဆံပင်စည်းကြိုးများ ဝယ်ထားတယ်ဆိုပါက ချက်ချင်း လွင့်ပစ်ရန် CDC မှ ပြင်းထန်စွာ အကြံပြုထားပါတယ်။

Ref: Now8news
Trend Myanmar

No comments:

Post a Comment