Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 14, 2016

လႊတ္ေတာ္ဆိုတာ နပန္းလံုးရမယ့္ႀကိဳးဝုိင္းမဟုတ္ဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ေဒၚေအာင္ဆန္းစုၾကည္က
``လႊတ္ေတာ္ဆိုတာဟာကိုယ္စားလွယ္တစ္ဦးခ်င္း တစ္ဦးခ်င္း ကိုယ့္အတြက္အသံုးခ်ဖို႔စင္ျမင့္လည္းမဟုတ္ပါဘူး၊ရာထူးေနရာရဖို႔အတြက္ခုတံုးေလွခါးထစ္လည္းမဟုတ္ပါဘူး၊သေဘာထားမတူညီတဲ့ ပုဂၢိဳလ္မ်ားအျကားမွာ နပန္းလံုးဖို႔ျကိဳးဝုိင္းလည္းမဟုတ္ပါဘူး။သည္ေနရာဟာကြၽန္မတို႔ အားလံုးဝိုင္းဝန္းၿပီးႏိုင္ငံနဲ႔ျပည္သူ႔အက်ိဳးကိုအတတ္ႏိုင္ဆံုးထမ္းေဆာင္ရမယ့္ ေနရာျဖစ္ပါတယ္။´´ လို႔ လႊတ္ေတာ္ ဝန္းသဘင္ေဆာင္မွာျပဳလုပ္ေနတဲ့ ဒုတိယအႀကိမ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အတြက္ လႊတ္ေတာ္လုပ္ငန္းစဥ္မ်ား႐ွင္းျပျခင္းအစီအစဥ္ဖြင့္ပြဲရဲ႕အဖြင့္မိန္႔ခြန္းမွာထည့္သြင္းေျပာၾကားခဲ့ပါတယ္။
ပါကစၥတန္၊ဘူတန္၊ေတာင္ကိုရီးယားစတဲ့ ျပည္ပႏိုင္ငံေတြက လႊတ္ေတာ္ အေတြ႔ႀကံဳ႐ွိတဲ့ အႀကီးအကဲေတြနဲ႔ ကိုယ္စားလွယ္ေတြ က ဦးေဆာင္႐ွင္းျပေပးသြားမွာျဖစ္ၿပီး သည္သင္တန္းက ျ့ပည္ေထာင္စုလႊတ္ေတာ္ကို္ယ္စားလွယ္ေတြအားလံုးတက္ေရာက္ခြင့္႐ွိမွာျဖစ္ပါတယ္။
အဲ့သည္အစီအစဥ္ကငါးရက္ၾကာက်င္းပသြားမွာျဖစ္ၿပီး
ကိုယ္စားလွယ္မ်ားရဲ႕တာဝန္ဝတၱရား၊ထိန္းသိမ္းအပ္တဲ့ က်င့္ဝတ္သိကၡာေတြ၊လိုက္နာရမယ့္စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ရင္ဆိုင္ရမယ့္စိန္ေခၚမႈေတြကို ႐ွင္းျပေပးသြားမွာျဖစ္တယ္လို႔လည္းသိရပါတယ္။
ေဖသက္ထက္ခင္

Kumudra
..........

``လွှတ်တော်ဆိုတာ နပန်းလုံးရမယ့်ကြိုးဝိုင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော´´
ဒေါ်အောင်ဆန်းစုကြည်က
``လွှတ်တော်ဆိုတာဟာကိုယ်စားလှယ်တစ်ဦးချင်း တစ်ဦးချင်း ကိုယ့်အတွက်အသုံးချဖို့စင်မြင့်လည်းမဟုတ်ပါဘူး၊ရာထူးနေရာရဖို့အတွက်ခုတုံးလှေခါးထစ်လည်းမဟုတ်ပါဘူး၊သဘောထားမတူညီတဲ့ ပုဂ္ဂိုလ်များအကြားမှာ နပန်းလုံးဖို့ကြိုးဝိုင်းလည်းမဟုတ်ပါဘူး။သည်နေရာဟာကျွန်မတို့ အားလုံးဝိုင်းဝန်းပြီးနိုင်ငံနဲ့ပြည်သူ့အကျိုးကိုအတတ်နိုင်ဆုံးထမ်းဆောင်ရမယ့် နေရာဖြစ်ပါတယ်။´´ လို့ လွှတ်တော် ဝန်းသဘင်ဆောင်မှာပြုလုပ်နေတဲ့ ဒုတိယအကြိမ်လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် လွှတ်တော်လုပ်ငန်းစဉ်များရှင်းပြခြင်းအစီအစဉ်ဖွင့်ပွဲရဲ့အဖွင့်မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
ပါကစ္စတန်၊ဘူတန်၊တောင်ကိုရီးယားစတဲ့ ပြည်ပနိုင်ငံတွေက လွှတ်တော် အတွေ့ကြုံရှိတဲ့ အကြီးအကဲတွေနဲ့ ကိုယ်စားလှယ်တွေ က ဦးဆောင်ရှင်းပြပေးသွားမှာဖြစ်ပြီး သည်သင်တန်းက ြ့ပည်ထောင်စုလွှတ်တော်ကို်ယ်စားလှယ်တွေအားလုံးတက်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်။
အဲ့သည်အစီအစဉ်ကငါးရက်ကြာကျင်းပသွားမှာဖြစ်ပြီး
ကိုယ်စားလှယ်များရဲ့တာဝန်ဝတ္တရား၊ထိန်းသိမ်းအပ်တဲ့ ကျင့်ဝတ်သိက္ခာတွေ၊လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေနဲ့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကို ရှင်းပြပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ဖေသက်ထက်ခင်

Kumudra

No comments:

Post a Comment