Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 22, 2016

ေဒသလႊတ္ေတာ္ အႀကီးအကဲေတြ သတိရွိဖို႔ ေဒၚစုတိုက္တြန္း

 ေဒသလႊတ္ေတာ္ အႀကီးအကဲ ခန္႔အပ္ခံၾကရ ၿပီးေနာက္ ေဒၚစုနဲ႔ ပထမဆုံးေတြ႕ဆုံ
အစိုးရအလႊဲ အေျပာင္းမလုပ္ေသးတဲ့ အတြက္ အလုပ္ လုပ္ရာမွာ သတိရွိဖို႔ ျပည္နယ္နဲ႔တိုင္း အသီးသီးက လႊတ္ေတာ္ ဥကၠ႒နဲ႔ ဒုတိယ ဥကၠ႒ေတြကို NLD အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္း စုၾကည္က ေျပာခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က တိုင္းနဲ႔ျပည္နယ္ ၁၂ ခုက လႊတ္ေတာ္အႀကီးအကဲေတြကို ေနျပည္ေတာ္မွာ ေခၚယူ ေတြ႕ဆုံရာမွာ ျပည္သူေတြ စိတ္ပ်က္မယ့္ အလုပ္ မလုပ္ၾကဖို႔လည္း ေဒၚေအာင္ဆန္း စုၾကည္က သတိေပးခဲ့တယ္လို႔ NLD ဗဟို အလုပ္အမွုေဆာင္ ဦးဝင္းထိန္က ဘီဘီစီကိုေျပာ ပါတယ္။

နိုင္ငံသားေတြ အတြက္ပူးေပါင္းေဆာင္ရြက္ဖို႔နဲ႔ တျခားအဖြဲ႕အစည္းေတြအေပၚေလးစားဖို႔လည္း ေဒၚေအာင္ဆန္း စုၾကည္က လႊတ္ေတာ္ ေခါင္းေဆာင္ေတြကို မွာၾကားေၾကာင္း ခ်င္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးဇိုဘြဲက ဘီဘီစီ ကိုေျပာပါတယ္။

ဥပေဒျပဳေရး အာဏာျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တိုင္းေဒသႀကီး လႊတ္ေတာ္ေတြကို ေအာင္ေအာင္ျမင္ျမင္ လႊဲေျပာင္း နိုင္ခဲ့ ေပမဲ့ အုပ္ခ်ဳပ္ေရး အာဏာျဖစ္တဲ့ အစိုးရလႊဲေျပာင္းဖို႔က ရက္ေပါင္း ၄၀ နီးပါးက်န္ပါေသးလို႔ အထူးဂ႐ုစိုက္ေဆာင္ရြက္ဖို႔ ေဒၚေအာင္ဆန္း စုၾကည္က သတိ ေပးတာျဖစ္ပါတယ္။

လက္ရွိအစိုးရအေနနဲ႔ ၿပီးခဲ့တဲ့ေရြးေကာက္တုန္းက အခုလို အႀကီးအက်ယ္ ရွုံးလိမ့္မယ္လို႔ေမၽွာ္လင့္မထားတဲ့အတြက္ အာဏာ လႊဲေျပာင္းကာနီးမွာ မတည္ မၿငိမ္ျဖစ္မွာနဲ႔ လက္ရွိနိုင္ငံေရး အေျခအေနကို စိုးရိမ္တာ တို႔ေၾကာင့္ အခုလိုသတိေပးတာ ျဖစ္နိုင္တယ္ လို႔လႊတ္ေတာ္ ကိုယ္စားလွယ္အခ်ိဳ႕ကသုံးသပ္ေနၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
..........
  ဒေသလွှတ်တော် အကြီးအကဲ ခန့်အပ်ခံကြရ ပြီးနောက် ဒေါ်စုနဲ့ ပထမဆုံးတွေ့ဆုံ
အစိုးရအလွှဲ အပြောင်းမလုပ်သေးတဲ့ အတွက် အလုပ် လုပ်ရာမှာ သတိရှိဖို့ ပြည်နယ်နဲ့တိုင်း အသီးသီးက လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တိုင်းနဲ့ပြည်နယ် ၁၂ ခုက လွှတ်တော်အကြီးအကဲတွေကို နေပြည်တော်မှာ ခေါ်ယူ တွေ့ဆုံရာမှာ ပြည်သူတွေ စိတ်ပျက်မယ့် အလုပ် မလုပ်ကြဖို့လည်း ဒေါ်အောင်ဆန်း စုကြည်က သတိပေးခဲ့တယ်လို့ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ဘီဘီစီကိုပြော ပါတယ်။

နိုင်ငံသားတွေ အတွက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တခြားအဖွဲ့အစည်းတွေအပေါ်လေးစားဖို့လည်း ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော် ခေါင်းဆောင်တွေကို မှာကြားကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲက ဘီဘီစီ ကိုပြောပါတယ်။

ဥပဒေပြုရေး အာဏာဖြစ်တဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကို အောင်အောင်မြင်မြင် လွှဲပြောင်း နိုင်ခဲ့ ပေမဲ့ အုပ်ချုပ်ရေး အာဏာဖြစ်တဲ့ အစိုးရလွှဲပြောင်းဖို့က ရက်ပေါင်း ၄၀ နီးပါးကျန်ပါသေးလို့ အထူးဂရုစိုက်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်း စုကြည်က သတိ ပေးတာဖြစ်ပါတယ်။

လက်ရှိအစိုးရအနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်တုန်းက အခုလို အကြီးအကျယ် ရှုံးလိမ့်မယ်လို့မျှော်လင့်မထားတဲ့အတွက် အာဏာ လွှဲပြောင်းကာနီးမှာ မတည် မငြိမ်ဖြစ်မှာနဲ့ လက်ရှိနိုင်ငံရေး အခြေအနေကို စိုးရိမ်တာ တို့ကြောင့် အခုလိုသတိပေးတာ ဖြစ်နိုင်တယ် လို့လွှတ်တော် ကိုယ်စားလှယ်အချို့ကသုံးသပ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment