Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 22, 2016

ဒေါ်အောင်ဆန်းစုကြည်၏ မျှဝေခြင်းအစီအစဉ် ရေးမြို့နယ်တွင် လာမည့်အပတ်စတင်မည်


ရေး၊ ဖေဖော်ဝါရီ ၂၂


အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ မိမိတို့၏ အသုံးမလိုသော ကျောင်းသင်ခန်းစာ စာအုပ်များ၊ ကိုယ်နဲ့ဝတ်လို့မတော်တဲ့ ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်နဲ့ အခြားစာရေးကရိယာစသည့် ကျောင်းသုံးပစ္စည်းများကို နောင်လာမည့် စာသင်နှစ်တွင် ကျောင်းတက်ကြမည့် နွမ်းပါးသူ ကျောင်းသူကျောင်းသားများကို ရည်ရွယ်ပြီး ထောက်ပံ့ကူညီရန်ဖြစ်သည်ဟုလည်း သိရသည်။


ဓါတ်ပုံ - ကျော်နိုင်
Than Lwin Times

..............................


ရေး၊ ဖေဖော်ဝါရီ ၂၂

ဒေါ်အောင်ဆန်းစုကြည်စတင်သော မျှဝေခြင်းအစီအစဉ်လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရေးမြို့နယ်မှ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၌ စတင်မည်ဟု သတင်းရရှိပါသည်။

အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ မိမိတို့၏ အသုံးမလိုသော ကျောင်းသင်ခန်းစာ စာအုပ်များ၊ ကိုယ်နဲ့ဝတ်လို့မတော်တဲ့ ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်နဲ့ အခြားစာရေးကရိယာစသည့် ကျောင်းသုံးပစ္စည်းများကို နောင်လာမည့် စာသင်နှစ်တွင် ကျောင်းတက်ကြမည့် နွမ်းပါးသူ ကျောင်းသူကျောင်းသားများကို ရည်ရွယ်ပြီး ထောက်ပ့ံကူညီရန်ဖြစ်သည်ဟုလည်း သိရသည်။

မိမိတို့ ပိုင်ဆိုင်ပြီး ပိုလျှံနေသောပစ္စည်း များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး မျှဝေသွားရန် ဖိတ်ခေါ်ကြောင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်သို့ပြောကြားခဲ့သည်။

ဓါတ်ပုံ - ကျော်နိုင်
Than Lwin Times
https://www.facebook.com/thanlwintimes9

No comments:

Post a Comment