Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

ေဒၚေအာင္ဆန္းစုၾကည္ဆီက တုိင္းရင္းသားေတြရဲ႕ ေမွ်ာ္လင့္ခ်က္


အခု ၂၀၁၆ ႏွစ္သစ္မွာေတာ့ အစုိးရသစ္တာ၀န္လႊဲေျပာင္းမႈေတြကုိ လုပ္ေဆာင္ေတာ့မွာျဖစ္ၿပီး ျပည္သူေတြ ေမွ်ာ္လင့္ေတာင့္တေနၾကတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစုိးရ တက္လာေတာ့မွာ ျဖစ္ပါတယ္။

အစုိးရသစ္အေနနဲ႔ သူတုိ႔ရဲ႕ အေစာပုိင္း သက္တမ္းကာလမွာ ေျဖရွင္းရမယ့္ ျပသနာေတြ အေျမာက္အျမားရွိေနၿပီး က်န္းမာေရး၊ ပညာေရး၊ ၿငိမ္းခ်မ္းေရး၊ လာဘ္စားမႈ တုိက္ဖ်က္ေရး စတာေတြ အပါအ၀င္ ေျဖရွင္းစရာမ်ားစြာက ေစာင့္စားေနပါတယ္။

ျမန္မာႏုိင္ငံထဲက တုိင္းရင္းသားေတြကေတာ့ အစုိးရသစ္လက္ထက္မွာ ျပည္တြင္း ၿငိမ္းခ်မ္းေရးရဖုိ႔ကုိသာ အဓိက ေမွ်ာ္လင့္ေနၾကတာျဖစ္ၿပီး စစ္ေရွာင္ဒုကၡသည္ေတြဘ၀ကေန ကင္းလြတ္ခ်င္ေနၾကပါၿပီ။

ရွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ထဲက ေသနတ္သံေတြ မတိတ္ႏုိင္ေသးတာကေတာ့ ဒီအစုိးရ လက္ထက္မွာ ရပ္ထားႏုိင္ဦးမယ္ မထင္ပါဘူး။

ဦးသိန္းစိန္အစုိးရလက္ထက္မွာ တုိင္းရင္းသား လက္နက္ကုိင္တစ္ဖြဲ႕ခ်င္းစီနဲ႔ ေတြ႕ဆုံခဲ့ၿပီး အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ေတြ လက္မွတ္ေရးထုိးႏုိင္ခဲ့တယ္ဆုိတာကလည္း သတင္းေတြထဲမွာပဲ ရွိေနဆဲ ျဖစ္ၿပီး တကယ့္ စစ္ပြဲေတြကေတာ့ ရပ္တန္႔လုိ႔မရႏုိင္ခဲ့ပါဘူး။

ေရြးေကာက္ပြဲမွာ အႏုိင္ရၿပီးတဲ့ေနာက္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးကုိသာ အာရုံစုိက္ၿပီး လုပ္ကုိင္သြားဖုိ႔ရွိတယ္ဆုိၿပီး စကားသံေတြ ထြက္ေပၚလာခဲ့ဖူးပါတယ္။
တုိင္းရင္းသားေတြကေတာ့ အဲဒီ အသံေတြေနာက္လုိက္ၿပီး အစုိးရသစ္လက္ထက္မွာ သူတုိ႔အေနနဲ႔ ၿငိမ္းခ်မ္းစြာ ေနထုိင္ရဖုိ႔ကုိ ေမွ်ာ္လင့္ခ်က္ ထားလာခဲ့ၾကပါတယ္။

၂၀၁၄-၁၅ ခုႏွစ္ရဲ႕ စစ္တမ္းေတြအရ ျမန္မာႏုိင္ငံ လူဦးေရရဲ႕ ၁၀ ရာခုိင္ႏႈန္းဟာ စစ္ပြဲျဖစ္ပြားတဲ့ ေဒသေတြမွာရွိေနၾကတယ္လုိ႔ သိရၿပီး ေနာက္ထပ္ လူဦးေရရဲ႕ ၄၀ ရာခုိင္ႏႈန္းေလာက္က စစ္ပြဲေတြရဲ႕ အက်ိဳးသက္ေရာက္မႈရွိတဲ့ ေဒသေတြမွာ ေနထုိင္ၾကသူေတြပါ။

တစ္ႏုိင္ငံလုံးအပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ကုိ လက္မွတ္ေရးထိုးၿပီးတဲ့ေနာက္ ျပည္သူ ေတာ္ေတာ္မ်ားမ်ားအေနနဲ႔ ၿငိမ္းခ်မ္းေရးရဲ႕ အသီးအပြင့္ေတြကုိ အခ်ိန္တုိတုိအတြင္း ခံစားၾကရမယ္လုိ႔ ဦးသိန္းစိန္က ဆုိခဲ့ေပမယ့္လည္း လက္ေတြ႕အေကာင္အထည္ေပၚလာျခင္းေတာ့ မရွိေသးပါဘူး။

ပအုိ၀္းအမ်ိဳးသားလြတ္ေျမာက္ေရး အဖြဲ႕ခ်ဳပ္ဥကၠဌ ဦးခြန္ဥကၠာကေတာ့ အစုိးရသစ္အေနနဲ႔ သူတုိ႔ရဲ႕ ဦးစားေပးအလုပ္ေတြထဲမွာ ၿငိမ္းခ်မ္းေရးထက္ အာဏာလႊဲေျပာင္းႏုိင္ေရးကသာ အဓိက က်မယ္လုိ႔ အင္တာဗ်ဴး တစ္ခုမွာ ေျဖဆုိခဲ့ၿပီး အျခားတုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕ေတြအေနနဲ႔လည္း အစုိးရသစ္ရဲ႕ ေျခလွမ္းေတြကုိ ေစာင့္ၾကည့္ေနၾကပါတယ္။

ေနျပည္ေတာ္မွာေတာ့ ၿပီးခဲ့တဲ့ ဇန္န၀ါရီ ၁၂ ရက္ေန႔က ၁၆ ရက္ေန႔အထိ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခဲ့ႀကီးကုိ က်င္းပခဲ့ပါတယ္။

ဦးသိန္းစိန္၊ ဦးသူရေရႊမန္း၊ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕ေတြရဲ႕ေခါင္းေဆာင္ တျဖစ္လည္း KNU ကရင္အမ်ိဳးသားအစည္းအရုံး ဥကၠဌ ေစာမူတူးေစးဖုိးတုိ႔ တက္ေရာက္ခဲ့ၾကၿပီး အျခားတုိင္းရင္းသားေခါင္းေဆာင္ ေတာ္ေတာ္မ်ားမ်ားလည္း တက္ေရာက္ခဲ့ၾကေပမယ့္ ဒီေဆြးေႏြးပြဲက စစ္ပြဲေတြ ရပ္တန္႔ဖို႔ထက္ ႏုိင္ငံေရး၊ စီးပြားေရ၊ လုံၿခဳံေရး၊ ေျမယာနဲ႔ သဘာ၀ ပတ္၀န္းက်င္ဆုိင္ရာ မူ၀ါဒေတြကုိပဲ ေဆြးေႏြးခဲ့ၾကလုိ႔ တုိင္းရင္းသားေတြအတြက္ တကယ္တမ္းအက်ိဳးရွိတဲ့ ေဆြးေႏြးပြဲတစ္ခုေတာ့ မဟုတ္ခဲ့ပါဘူး။

ေရြးေကာက္ပြဲမွာ အႏုိင္ရထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အန္အယ္လ္ဒီ က လက္ရွိအခ်ိန္မွာ အစုိးရရဲ႕ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးလုပ္ငန္းေတြမွာ ေရလုိက္ငါးလုိက္ လုိက္ပါေဆာင္ရြက္ေနတဲ့ ပုံစံပါပဲ။ အဆင္ေျပေအာင္သာ လုိက္ပါေဆာင္ရြက္ေနၿပီး ေနာက္အစုိးရအျဖစ္ ကူးေျပာင္းမႈေတြ လုပ္ၿပီးမွသာ သူတုိ႔ လုိခ်င္တာေတြကုိ ျပန္လည္ျပင္ဆင္မယ့္၊ ျပဳျပင္မယ့္ စိတ္ဓာတ္နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာကုိလည္း ေတြ႕ႏုိင္ပါတယ္။

တကယ္ေတာ့ ျမန္မာႏုိင္ငံမွာ တုိင္းရင္းသားလက္နက္ကုိင္ေတြနဲ႔ ၿငိမ္းခ်မ္းေရးရယူဖုိ႔ဆုိတာ တကယ္မလြယ္တဲ့ ကိစၥေတြထဲက တစ္ခုလုိ႔ ေျပာရမွာပါ။
အစုိးရနဲ႔ လက္နက္ကုိင္ တပ္ဖြဲ႕ေတြၾကား၊ တုိင္းရင္းသား လက္နက္ကုိင္ေတြရဲ႕ မာေက်ာတဲ့ယုံၾကည္ခ်က္ေတြနဲ႔ စစ္တပ္ရဲ႕ အထိမခံမႈေတြအၾကားက နားလည္မႈဆုိတာ အခ်ိန္အၾကာႀကီး တည္ေဆာက္ရမယ့္ ကိစၥေတြထဲက တစ္ခု ျဖစ္ႏုိင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အစုိးရအဖြဲ႕အေနနဲ႔ တုိင္းရင္းသားေတြရဲ႕ ယုံၾကည္မႈ၊ အားကုိးမႈေတြကုိ ရခ်င္တယ္ဆုိရင္ေတာ့ ဒီ ခက္ခဲတဲ့ကိစၥႀကီးကုိပဲ ျမန္ႏုိင္သမွ် ျမန္ေအာင္ ကုိင္တြယ္ရမွာျဖစ္ၿပီး စစ္ပြဲေတြ အျမန္ဆုံးရပ္ေအာင္ ႀကိဳးစားရမွာပါ။

တကယ္လုိ႔ ေဒၚေအာင္ဆန္းစုၾကည္ကသာ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕ေတြကုိ နားလည္မႈထားၿပီး ပူးေပါင္းေဆာင္ရြက္ႏုိင္ေအာင္ ႀကိဳးစားမယ္ဆုိရင္ ဒါက တုိင္းရင္းသားေတြအတြက္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏွစ္သစ္လက္ေဆာင္ ျဖစ္လာမွာျဖစ္ၿပီး ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိမယ့္ အသြင္ကုိ ေဆာင္လာမယ္ဆုိတာ အမွန္ျဖစ္ပါေၾကာင္း သုံးသပ္လုိက္ရပါတယ္။

Written by အယ္ဒီတာ
Kantarawaddy Times
http://www.ktimes.org
....................................


အခု ၂၀၁၆ နှစ်သစ်မှာတော့ အစိုးရသစ်တာဝန်လွှဲပြောင်းမှုတွေကို လုပ်ဆောင်တော့မှာဖြစ်ပြီး ပြည်သူတွေ မျှော်လင့်တောင့်တနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာတော့မှာ ဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ သူတို့ရဲ့ အစောပိုင်း သက်တမ်းကာလမှာ ဖြေရှင်းရမယ့် ပြသနာတွေ အမြောက်အမြားရှိနေပြီး ကျန်းမာရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး၊ လာဘ်စားမှု တိုက်ဖျက်ရေး စတာတွေ အပါအဝင် ဖြေရှင်းစရာများစွာက စောင့်စားနေပါတယ်။

မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေကတော့ အစိုးရသစ်လက်ထက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ကိုသာ အဓိက မျှော်လင့်နေကြတာဖြစ်ပြီး စစ်ရှောင်ဒုက္ခသည်တွေဘဝကနေ ကင်းလွတ်ချင်နေကြပါပြီ။

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက သေနတ်သံတွေ မတိတ်နိုင်သေးတာကတော့ ဒီအစိုးရ လက်ထက်မှာ ရပ်ထားနိုင်ဦးမယ် မထင်ပါဘူး။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်ဆိုတာကလည်း သတင်းတွေထဲမှာပဲ ရှိနေဆဲ ဖြစ်ပြီး တကယ့် စစ်ပွဲတွေကတော့ ရပ်တန့်လို့မရနိုင်ခဲ့ပါဘူး။

ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုသာ အာရုံစိုက်ပြီး လုပ်ကိုင်သွားဖို့ရှိတယ်ဆိုပြီး စကားသံတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။
တိုင်းရင်းသားတွေကတော့ အဲဒီ အသံတွေနောက်လိုက်ပြီး အစိုးရသစ်လက်ထက်မှာ သူတို့အနေနဲ့ ငြိမ်းချမ်းစွာ နေထိုင်ရဖို့ကို မျှော်လင့်ချက် ထားလာခဲ့ကြပါတယ်။

၂၀၁၄-၁၅ ခုနှစ်ရဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ စစ်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာရှိနေကြတယ်လို့ သိရပြီး နောက်ထပ် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်က စစ်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုရှိတဲ့ ဒေသတွေမှာ နေထိုင်ကြသူတွေပါ။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် ပြည်သူ တော်တော်များများအနေနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို အချိန်တိုတိုအတွင်း ခံစားကြရမယ်လို့ ဦးသိန်းစိန်က ဆိုခဲ့ပေမယ့်လည်း လက်တွေ့အကောင်အထည်ပေါ်လာခြင်းတော့ မရှိသေးပါဘူး။

ပအို၀်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ဥက္ကာကတော့ အစိုးရသစ်အနေနဲ့ သူတို့ရဲ့ ဦးစားပေးအလုပ်တွေထဲမှာ ငြိမ်းချမ်းရေးထက် အာဏာလွှဲပြောင်းနိုင်ရေးကသာ အဓိက ကျမယ်လို့ အင်တာဗျူး တစ်ခုမှာ ဖြေဆိုခဲ့ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အစိုးရသစ်ရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်နေကြပါတယ်။

နေပြည်တော်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ၁၆ ရက်နေ့အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခဲ့ကြီးကို ကျင်းပခဲ့ပါတယ်။

ဦးသိန်းစိန်၊ ဦးသူရရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ခေါင်းဆောင် တဖြစ်လည်း KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုးတို့ တက်ရောက်ခဲ့ကြပြီး အခြားတိုင်းရင်းသားခေါင်းဆောင် တော်တော်များများလည်း တက်ရောက်ခဲ့ကြပေမယ့် ဒီဆွေးနွေးပွဲက စစ်ပွဲတွေ ရပ်တန့်ဖို့ထက် နိုင်ငံရေး၊ စီးပွားရေ၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကိုပဲ ဆွေးနွေးခဲ့ကြလို့ တိုင်းရင်းသားတွေအတွက် တကယ်တမ်းအကျိုးရှိတဲ့ ဆွေးနွေးပွဲတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။

ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ က လက်ရှိအချိန်မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေမှာ ရေလိုက်ငါးလိုက် လိုက်ပါဆောင်ရွက်နေတဲ့ ပုံစံပါပဲ။ အဆင်ပြေအောင်သာ လိုက်ပါဆောင်ရွက်နေပြီး နောက်အစိုးရအဖြစ် ကူးပြောင်းမှုတွေ လုပ်ပြီးမှသာ သူတို့ လိုချင်တာတွေကို ပြန်လည်ပြင်ဆင်မယ့်၊ ပြုပြင်မယ့် စိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုလည်း တွေ့နိုင်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရယူဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စတွေထဲက တစ်ခုလို့ ပြောရမှာပါ။
အစိုးရနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကြား၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ မာကျောတဲ့ယုံကြည်ချက်တွေနဲ့ စစ်တပ်ရဲ့ အထိမခံမှုတွေအကြားက နားလည်မှုဆိုတာ အချိန်အကြာကြီး တည်ဆောက်ရမယ့် ကိစ္စတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု၊ အားကိုးမှုတွေကို ရချင်တယ်ဆိုရင်တော့ ဒီ ခက်ခဲတဲ့ကိစ္စကြီးကိုပဲ မြန်နိုင်သမျှ မြန်အောင် ကိုင်တွယ်ရမှာဖြစ်ပြီး စစ်ပွဲတွေ အမြန်ဆုံးရပ်အောင် ကြိုးစားရမှာပါ။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နားလည်မှုထားပြီး ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားမယ်ဆိုရင် ဒါက တိုင်းရင်းသားတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်လက်ဆောင် ဖြစ်လာမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အသွင်ကို ဆောင်လာမယ်ဆိုတာ အမှန်ဖြစ်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

Written by အယ်ဒီတာ
Kantarawaddy Times
http://www.ktimes.org

No comments:

Post a Comment