Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

ျမန္မာ့ကမ္းလြန္ေရနက္ပိုင္း လုပ္ကြက္အမွတ္ AD-7 တြင္ သဘာဝ ဓာတ္ေငြ႕ ထပ္မံရွာေဖြေတြ႕ရွိ


ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁၁

စြမ္းအင္၀န္ႀကီးဌာန၊ ျမန္မာ့ေရနံႏွင့္သဘာ၀ဓာတ္ေငြ႕လုပ္ငန္းႏွင့္ Daewoo International Corporation တို႔သည္ ဘဂၤလားပင္လယ္အတြင္းရွိ ျမန္မာႏိုင္ငံေရနက္ ပိုင္းေဒသလုပ္ကြက္ အမွတ္ AD-7 ၌ ေရနံႏွင့္သဘာဝဓာတ္ေငြ႕တူးေဖာ္ေရးလုပ္ငန္းမ်ား အား ၂၀၀၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၅ ရက္တြင္ ထုတ္လုပ္မႈ အေပၚခြဲေဝခံစားေရး စာခ်ဳပ္(PSC)စာခ်ဳပ္ခ်ဳပ္ဆို၍ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္။



၂၀၁၃ ခုႏွစ္၊ ဇြန္လတြင္ Woodside Energy (Myanmar) Co., Ltd. အစု ရွယ္ယာ ၄၀ ရာခိုင္ႏႈန္း ပါဝင္ရင္းႏွီးျမႇဳပ္ႏွံလာခဲ့ၿပီး Daewoo International Corporation မွ ၆၀ ရာခိုင္ႏႈန္းျဖင့္ လုပ္ငန္း မ်ားကို ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ၂၀၀၇ ခုႏွစ္တြင္ ႏွစ္ဖက္ျမင္ဆိုက္စမစ္တိုင္းတာျခင္း ၂၈၈၇ ဒသမ ၁၇၅ ကီလိုမီတာ၊ ၂၀၀၈ ခုႏွစ္တြင္ သုံးဖက္ျမင္ ဆိုက္စမစ္တိုင္းတာျခင္း ၈၀၇ ဒသမ ၇၇ စတုရန္းကီလိုမီတာ ေဆာင္႐ြက္ခဲ့ၿပီး Processing & Interpretation လုပ္ငန္းမ်ားကို ေဆာင္႐ြက္ ခဲ့သည္။



အဆိုပါလုပ္ကြက္၏ ဘူမိေလ့လာမႈႏွင့္ ဆိုက္စမစ္တိုင္းတာျခင္းရလဒ္မ်ားကို အေျခခံ၍ ရွာေဖြေရး တြင္းအမွတ္ သလင္း(၁)ကို တူးေဖာ္ေရးသေဘၤာ Deepwater Millennium (Drill Ship) ျဖင့္ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီ ၂၂ ရက္တြင္ စတင္တူးေဖာ္ခဲ့ရာ အနက္ ၃၀၃၄ မီတာအထိ တူးေဖာ္ႏိုင္ခဲ့ၿပီး အနက္ ၂၈၀၇ ဒသမ ၅ မီတာတြင္ တြင္းတူးေဖာ္စဥ္တိုင္းတာမႈမ်ားျပဳလုပ္ခဲ့ရာ ရည္မွန္း သဲေၾကာျဖစ္ေသာ G 6 . 9 ၌ သဘာဝဓာတ္ေငြ႕ခိုေအာင္းေနေၾကာင္း တိုင္းတာေတြ႕ရွိခဲ့သည္။

သို႔ျဖစ္၍ Wireline Logging တိုင္းတာမႈဆက္လက္ေဆာင္႐ြက္ခဲ့ရာ အနက္ ၂၈၀၅ မွ ၂၈၆၅ မီတာအၾကား ၆၀ မီတာအထူရွိသဲေၾကာတြင္ ၂၅ မီတာ အထူရွိ အဓိကသဲေၾကာတစ္ခုႏွင့္ က်န္ ၃၅ မီတာအတြင္းရွိ အျခားသဲေၾကာမ်ားတြင္ သဘာဝ ဓာတ္ေငြ႕ ျဖစ္တည္ေနေၾကာင္း အတည္ျပဳ ႏိုင္ခဲ့သည္။



တြင္းအမွတ္သလင္း (၁) သည္ ျမန္မာႏိုင္ငံကမ္းေျခမွ ၇၀ မိုင္ခန္႔အကြာ ကမ္းလြန္ ပင္လယ္ျပင္၏ ေရအနက္ ၈၃၅ မီတာေနရာ၌ တည္ရွိၿပီး တြင္းတူးေဖာ္ရာတြင္ ပင္လယ္ ၾကမ္းျပင္ေအာက္ အနက္ ၂၈၀၅ မီတာခန္႔ ဘူမိသက္တမ္း (Pliocene)သက္တမ္းရွိ သဲေက်ာက္လႊာမ်ားအထိ တူးေဖာ္ ခဲ့ျခင္းျဖစ္သည္။
အဆိုပါလုပ္ကြက္တြင္ သဘာဝဓာတ္ေငြ႕ျဖစ္တည္ ခိုေအာင္းေနေၾကာင္း တိုင္းတာ ရရွိၿပီးေနာက္ ေရွ႕လုပ္ငန္းစဥ္မ်ားအျဖစ္ ရွာေဖြတူးေဖာ္တိုင္းတာေရးလုပ္ငန္းမ်ားကို ဆက္လက္ ေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး ရရွိလာေသာအခ်က္အလက္မ်ားအေပၚမူတည္ကာ စီးပြားျဖစ္ထုတ္လုပ္ႏိုင္မႈ အေျခအေနကို ေဖာ္ထုတ္အတည္ျပဳသြားမည္ျဖစ္သည္။

ထိုကဲ့သို႔ ကမ္းလြန္လုပ္ကြက္အမွတ္ AD-7 ရွိ တြင္းအမွတ္ သလင္း(၁)ႏွင့္ ကမ္းလြန္လုပ္ကြက္ အမွတ္ A-6 ရွိ ေ႐ႊရည္ထြန္း တြင္းအမွတ္(၁) တို႔တြင္ သဘာဝ ဓာတ္ေငြ႕ခိုေအာင္းေနေၾကာင္း အတည္ျပဳႏိုင္ခဲ့ျခင္းေၾကာင့္ ဘဂၤလားပင္လယ္အတြင္းရွိ ျမန္မာ့ကမ္းလြန္ေပနက္လုပ္ကြက္မ်ားတြင္ သဘာဝဓာတ္ေငြ႕ စီးပြားျဖစ္ရွာ ေဖြေတြ႕ရွိ ႏိုင္သည့္ အလားအလာေကာင္းမ်ားရွိေနၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
................


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Daewoo International Corporation တို့သည် ဘင်္ဂလားပင်လယ်အတွင်းရှိ မြန်မာနိုင်ငံရေနက် ပိုင်းဒေသလုပ်ကွက် အမှတ် AD-7 ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ အား ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားရေး စာချုပ်(PSC)စာချုပ်ချုပ်ဆို၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


၂၀၁၃ ခုနှစ်၊ ဇွန်လတွင် Woodside Energy (Myanmar) Co., Ltd. အစု ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံလာခဲ့ပြီး Daewoo International Corporation မှ ၆၀ ရာခိုင်နှုန်းဖြင့် လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၀၇ ခုနှစ်တွင် နှစ်ဖက်မြင်ဆိုက်စမစ်တိုင်းတာခြင်း ၂၈၈၇ ဒသမ ၁၇၅ ကီလိုမီတာ၊ ၂၀၀၈ ခုနှစ်တွင် သုံးဖက်မြင် ဆိုက်စမစ်တိုင်းတာခြင်း ၈၀၇ ဒသမ ရ၇ စတုရန်းကီလိုမီတာ ဆောင်ရွက်ခဲ့ပြီး Processing & Interpretation လုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။


အဆိုပါလုပ်ကွက်၏ ဘူမိလေ့လာမှုနှင့် ဆိုက်စမစ်တိုင်းတာခြင်းရလဒ်များကို အခြေခံ၍ ရှာဖွေရေး တွင်းအမှတ် သလင်း(၁)ကို တူးဖော်ရေးသင်္ဘော Deepwater Millennium (Drill Ship) ဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် စတင်တူးဖော်ခဲ့ရာ အနက် ၃၀၃၄ မီတာအထိ တူးဖော်နိုင်ခဲ့ပြီး အနက် ၂၈၀၇ ဒသမ ၅ မီတာတွင် တွင်းတူးဖော်စဉ်တိုင်းတာမှုများပြုလုပ်ခဲ့ရာ ရည်မှန်း သဲကြောဖြစ်သော G 6 . 9 ၌ သဘာဝဓာတ်ငွေ့ခိုအောင်းနေကြောင်း တိုင်းတာတွေ့ရှိခဲ့သည်။

သို့ဖြစ်၍ Wireline Logging တိုင်းတာမှုဆက်လက်ဆောင်ရွက်ခဲ့ရာ အနက် ၂၈၀၅ မှ ၂၈၆၅ မီတာအကြား ၆၀ မီတာအထူရှိသဲကြောတွင် ၂၅ မီတာ အထူရှိ အဓိကသဲကြောတစ်ခုနှင့် ကျန် ၃၅ မီတာအတွင်းရှိ အခြားသဲကြောများတွင် သဘာဝ ဓာတ်ငွေ့ ဖြစ်တည်နေကြောင်း အတည်ပြု နိုင်ခဲ့သည်။


တွင်းအမှတ်သလင်း (၁) သည် မြန်မာနိုင်ငံကမ်းခြေမှ ရ၀ မိုင်ခန့်အကွာ ကမ်းလွန် ပင်လယ်ပြင်၏ ရေအနက် ၈၃၅ မီတာနေရာ၌ တည်ရှိပြီး တွင်းတူးဖော်ရာတွင် ပင်လယ် ကြမ်းပြင်အောက် အနက် ၂၈၀၅ မီတာခန့် ဘူမိသက်တမ်း (Pliocene)သက်တမ်းရှိ သဲကျောက်လွှာများအထိ တူးဖော် ခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ဖြစ်တည် ခိုအောင်းနေကြောင်း တိုင်းတာ ရရှိပြီးနောက် ရှေ့လုပ်ငန်းစဉ်များအဖြစ် ရှာဖွေတူးဖော်တိုင်းတာရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး ရရှိလာသောအချက်အလက်များအပေါ်မူတည်ကာ စီးပွားဖြစ်ထုတ်လုပ်နိုင်မှု အခြေအနေကို ဖော်ထုတ်အတည်ပြုသွားမည်ဖြစ်သည်။

ထိုကဲ့သို့ ကမ်းလွန်လုပ်ကွက်အမှတ် AD-7 ရှိ တွင်းအမှတ် သလင်း(၁)နှင့် ကမ်းလွန်လုပ်ကွက် အမှတ် A-6 ရှိ ရွှေရည်ထွန်း တွင်းအမှတ်(၁) တို့တွင် သဘာဝ ဓာတ်ငွေ့ခိုအောင်းနေကြောင်း အတည်ပြုနိုင်ခဲ့ခြင်းကြောင့် ဘင်္ဂလားပင်လယ်အတွင်းရှိ မြန်မာ့ကမ်းလွန်ပေနက်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့ စီးပွားဖြစ်ရှာ ဖွေတွေ့ရှိ နိုင်သည့် အလားအလာကောင်းများရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment