Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 10, 2016

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၁၀၁ ႏွစ္ျပည့္ပြဲ ရန္ကုန္စီးပြားေရးတကၠသိုလ္ ခြင့္မျပဳ

ဗုိလ္ခ်ဳပ္ေအာင္ဆန္း ၁ဝ၁ ႏွစ္ျပည့္ ေမြးေန႔အႀကိဳ အခမ္းအနားကို ေဖေဖာ္ဝါရီလ ၁ဝ ရက္ေန႔က ေက်ာင္းသားမ်ားသမဂၢက ဦးစီးၿပီး ဒဂုံတကၠသိုလ္မွာ က်င္းပခဲ့စဥ္။ Photo: Aung Thain Kha/RFA
လာမယ့္ ေဖေဖာ္၀ါရီလ ၁၃ရက္ေန႔မွာ က်ေရာက္မယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၁၀၁ ႏွစ္ျပည့္ ေမြးေန႔ အႀကိဳအခမ္းအနားကို ရန္ကုန္တုိင္းေဒသႀကီး ေတာင္ဒဂုံၿမိဳ႕နယ္က ရန္ကုန္စီးပြားေရးတကၠသိုလ္မွာ ေက်ာင္းသားေက်ာင္းသူေတြက ဒီေန႔ က်င္းပဖို႔ စီစဥ္တာကို ပါေမာကၡခ်ဳပ္က ခြင့္မျပဳဘူးလို႔ သိရပါတယ္။

တကၠသိုလ္ပရိ၀ုဏ္ထဲမွာ က်င္းပခြင့္မေပးတာေၾကာင့္ ေက်ာင္းအျပင္မွာပဲ က်င္းပခဲ့တယ္လုိ႔ ရန္ကုန္စီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ ကိုမင္းသူေက်ာ္က ေျပာပါတယ္။

"ဗိုလ္ခ်ဳပ္ေမြးေန႔ပြဲကို က်ေနာ္တို႔ ႏွစ္တိုင္းက်င္းပတယ္၊ အဲဒီ့အတြက္ေက်ာင္းမွာ ပါေမာကၡခ်ဳပ္ကို က်ေနာ္တို႔ေျပာတယ္၊ သူကခြင့္မျပဳဘူး၊ က်ေနာ္တို႔ က်င္းပမယ္လို႔ သတ္မွတ္ထားတဲ့ ကြင္းျပင္ႀကီးႏွစ္ခုလံုးကို တကၠသိုလ္အပိုင္ ဖယ္ရီကားႀကီးေတြနဲ႔ သူတို႔ပိတ္ပစ္လိုက္တယ္၊ ဒီေန႔ က်ေနာ္တို႔ပြဲကို မပ်က္ပ်က္ေအာင္ ဖ်က္တဲ့သေဘာေပါ့ေနာ္၊ ကံေကာင္းခ်င္ေတာ့ က်ေနာ္တို႔ ေျမကြက္လပ္တစ္ခုကို သြားေတြ႕ၿပီး ပြဲကို က်ေနာ္တို႔အစီအစဥ္အတိုင္း လုပ္တယ္ေပါ့ေနာ္၊ ေက်ာင္းေရွ႕မွာ လံုၿခံဳေရးေတြရာ ေထာက္လွမ္းေရးေတြေရာ ဆရာေတြေရာ အမ်ားႀကီးပဲ၊ အားလံုးက က်ေနာ္တို႔ကို ေစာင့္ၾကည့္ၿပီး ဗီဒီယို ဓါတ္ပံုေတြရိုက္ေနတယ္"

လာမယ့္ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေမြးေန႔ဟာ ေက်ာင္းပိတ္ရက္ ျဖစ္ေနတာေၾကာင့္ ဒဂံုတကၠသိုလ္နဲ႔ ရန္ကုန္စီးပြားေရးတကၠသိုလ္တုိ႔မွာ ဒီေန႔ က်င္းပတာျဖစ္ပါတယ္။

ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေမြးေန႔အထိမ္းအမွတ္ပြဲကို ရန္ကုန္စီးပြားေရးတကၠသိုလ္မွာ လြန္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္ကတည္းက က်င္းပခဲ့တာျဖစ္ၿပီး ဒီႏွစ္မွာ တားျမစ္ခံရတာလို႔ သိရပါတယ္။ ဒဂံုတကၠသိုလ္မွာေတာ့ ေက်ာင္း၀င္းထဲမွာ က်င္းပခဲ့ၾကတာျဖစ္ၿပီး သံခ်ပ္ေတြနဲ႔ ေဖ်ာ္ေျဖခဲ့ၾကသလို ဗုိလ္ခ်ဳပ္ေအာင္ဆန္းအမွတ္တရ ကဗ်ာေတြ ရြတ္ဆုိခဲ့ၾကတယ္လို႔ သိရပါတယ္။

လာမယ့္ ေဖေဖာ္၀ါရီလ ၁၃ရက္ေန႔မွာ အန္အယ္လ္ဒီပါတီ ရံုးခ်ဳပ္နဲ႔ တုိင္းေဒသႀကီး/ျပည္နယ္အသီးသီး အန္အယ္လ္ဒီပါတီရံုးေတြမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမြးေန႔အထိမ္းအမွတ္ပဲြေတြကို က်င္းပၾကမွာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........................
 ဗိုလ်ချုပ်အောင်ဆန်း ၁ဝ၁ နှစ်ပြည့် မွေးနေ့အကြို အခမ်းအနားကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ကျောင်းသားများသမဂ္ဂက ဦးစီးပြီး ဒဂုံတက္ကသိုလ်မှာ ကျင်းပခဲ့စဉ်။ Photo: Aung Thain Kha/RFA
လာမယ့် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့် မွေးနေ့ အကြိုအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေက ဒီနေ့ ကျင်းပဖို့ စီစဉ်တာကို ပါမောက္ခချုပ်က ခွင့်မပြုဘူးလို့ သိရပါတယ်။

တက္ကသိုလ်ပရိ၀ုဏ်ထဲမှာ ကျင်းပခွင့်မပေးတာကြောင့် ကျောင်းအပြင်မှာပဲ ကျင်းပခဲ့တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသူကျော်က ပြောပါတယ်။

"ဗိုလ်ချုပ်မွေးနေ့ပွဲကို ကျနော်တို့ နှစ်တိုင်းကျင်းပတယ်၊ အဲဒီ့အတွက်ကျောင်းမှာ ပါမောက္ခချုပ်ကို ကျနော်တို့ပြောတယ်၊ သူကခွင့်မပြုဘူး၊ ကျနော်တို့ ကျင်းပမယ်လို့ သတ်မှတ်ထားတဲ့ ကွင်းပြင်ကြီးနှစ်ခုလုံးကို တက္ကသိုလ်အပိုင် ဖယ်ရီကားကြီးတွေနဲ့ သူတို့ပိတ်ပစ်လိုက်တယ်၊ ဒီနေ့ ကျနော်တို့ပွဲကို မပျက်ပျက်အောင် ဖျက်တဲ့သဘောပေါ့နော်၊ ကံကောင်းချင်တော့ ကျနော်တို့ မြေကွက်လပ်တစ်ခုကို သွားတွေ့ပြီး ပွဲကို ကျနော်တို့အစီအစဉ်အတိုင်း လုပ်တယ်ပေါ့နော်၊ ကျောင်းရှေ့မှာ လုံခြုံရေးတွေရာ ထောက်လှမ်းရေးတွေရော ဆရာတွေရော အများကြီးပဲ၊ အားလုံးက ကျနော်တို့ကို စောင့်ကြည့်ပြီး ဗီဒီယို ဓါတ်ပုံတွေရိုက်နေတယ်"

လာမယ့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဟာ ကျောင်းပိတ်ရက် ဖြစ်နေတာကြောင့် ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှာ ဒီနေ့ ကျင်းပတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်ပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာ တားမြစ်ခံရတာလို့ သိရပါတယ်။ ဒဂုံတက္ကသိုလ်မှာတော့ ကျောင်းဝင်းထဲမှာ ကျင်းပခဲ့ကြတာဖြစ်ပြီး သံချပ်တွေနဲ့ ဖျော်ဖြေခဲ့ကြသလို ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ အန်အယ်လ်ဒီပါတီ ရုံးချုပ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး အန်အယ်လ်ဒီပါတီရုံးတွေမှာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်ပွဲတွေကို ကျင်းပကြမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment