Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 10, 2016

ကန္ သံအမတ္ႀကီးသစ္ကို ျမန္မာႏိုင္ငံျခားေရးဌာန ႀကိဳဆို

ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး အသစ္ Scot Marciel 
၂၀၁၆ ခုႏွစ္ ႏွစ္လယ္ပိုင္းေလာက္မွာ တာဝန္လႊဲေျပာင္း ယူေတာ့မယ့္ ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး အသစ္အျဖစ္ အဆိုျပဳထားတဲ့ Scot Marciel ကို အေမရိကန္ အထက္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့အတြက္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာန ႀကိဳဆိုလိုက္ပါတယ္။ Scot Marciel ဟာ အာရွေရးရာ ကြ်မ္းက်င္သူ တစ္ဦး လည္းျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ ပါဝင္ ကူညီဖို႔လည္း ေမွ်ာ္လင့္တယ္လို႔ ႏိုင္ငံျခားေရး ဒုဝန္ႀကီးက ေျပာဆိုလိုက္ပါတယ္။ အျပည့္အစံုကို VOA သတင္းေထာက္ မသိဂၤ ီလင္းက ေျပာျပေပးပါမယ္။

ျမန္မာႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္ၾကီးအျဖစ္ တာဝန္ထမ္းေဆာင္ဖို႔အတြက္ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာန အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ အႀကီးတန္း ဒု လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီး Scot Alan Marciel ကို အေမရိကန္ အထက္လႊတ္ေတာ္ကေန ကန္႔ကြက္မဲမရွိ အတည္ျပဳလိုက္ပါတယ္။ ရန္ကုန္ၿမိဳ႕ အေမရိကန္သံရံုး ေျပာေရးဆိုခြင့္ရွိသူကလည္း အတည္ျပဳ ေျပာဆုိျပီး တာဝန္လႊဲေျပာင္းေရးေတြကို ေနာက္ပိုင္းမွာ သတင္းထုတ္ျပန္သြားမယ္လို႔ အခုလို ေျပာပါတယ္။

“ေဖေဖာ္ဝါရီလ ၉ ရက္ေန႔မွာ အေမရိကန္ အထက္လႊတ္ေတာ္က Scot Marciel ကို ျမန္မာႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္ၾကီးအျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ အတည္ျပဳလိုက္ပါတယ္။ လက္ရွိသံအမတ္ၾကီး Mitchell တာဝန္ျပီးဆံုးခ်ိန္မွာ ျပန္လည္ထြက္ခြာဖို႔နဲ႔၊ သံအမတ္ၾကီးအသစ္ Marciel တို႔ ေရာက္လာမယ့္အခ်ိန္ေတြကို ေနာက္ပိုင္းမွာအေသးစိပ္ သတင္းထုတ္ျပန္သြားပါ့မယ္။”

လက္ရွိသံအမတ္ႀကီး Derek Mitchell ရဲ႕ သက္တမ္းကုန္ဆံုးမယ့္ ၂၀၁၆ ခုႏွစ္ ဇြန္လေနာက္ပိုင္းမွာ လာေရာက္ တာဝန္ထမ္းေဆာင္ရမွာပါ။

သံအမတ္ၾကီးအသစ္ျဖစ္လာမယ့္ Scot Marciel ဟာ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ မွာ ကြ်မ္းက်င္သူတစ္ဦးျဖစ္တာေၾကာင့္ ျမန္မာ့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ ထဲထဲဝင္ဝင္ ပူးေပါင္းကူညီႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ျပီး ၾကိဳဆိုတယ္လို႔ ႏိုင္ငံျခားေရး ဒုဝန္ၾကီး ဦးသန္႔ေက်ာ္က အခုလို ေျပာဆိုလိုက္ပါတယ္။

“Scot Marciel က ျမန္မာအေၾကာင္းလည္း သူသိၿပီးသားပဲေလ။ အရင္တုန္းကလည္း အင္ဒိုနီးရွားမွာ လုပ္ခဲ့တယ္။ သံအမွတ္လုပ္ခဲ့တယ္ေပါ့ေနာ္။ အဲေတာ့ Asia အေၾကာင္းသိေနတာေပါ့ေနာ္။ Asia Mentality လည္း read လုပ္လို႔ရတဲ့ ပုဂၢိဳလ္တေယာက္ေပါ့ေနာ္။ က်ေနာ္တို႔အေနနဲ႔က အသံအမတ္အသစ္ လာမယ့္အေပၚမွာ ႀကိဳဆိုပါတယ္။ အမွန္အတိုင္းေျပာရရင္ေတာ့ က်ေနာ္တို႔အေနနဲ႔ သူလာတဲ့ကိစၥကို ႀကိဳဆိုတယ္။ သူ႔အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ေရွ႕သြားမယ့္ ခရီးလမ္းေပါ့ေနာ္။ ဒီမိုကေရစီနဲ႔ ျမန္မာႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚမွာ သူ႔အေနနဲ႔ ပါ၀င္ၿပီးေတာ့ ဒီအစိုးရအပါအ၀င္၊ ေနာင္ လာမယ့္ အစိုးရနဲ႔လည္း ပူးေပါင္းေဆာင္ရြက္ႏိုင္မယ္လို႔ ယံုၾကည္ထားတယ္ေလ။”

လက္ရွိျမန္မာႏုိင္ငံမွာ ၂၀၁၅ ေရြးေကာက္ပြဲအႏိုင္ရ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ ဒုတိယအၾကိမ္လႊတ္ေတာ္ အစည္းအေဝးေတြ စတင္ေနျပီး မတ္လ ၁၇ ရက္ေန႔ေနာက္ပိုင္းမွာေတာ့ သမၼတေရြးခ်ယ္ေရး လုပ္ငန္းစဥ္ေတြ ျပဳလုပ္မွာျဖစ္ပါတယ္။ဧျပီလမွာ အစိုးရသစ္ တရားဝင္ တက္လာတဲ႔ အခါမွာ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ပတ္သက္တဲ႔ စိန္ေခၚမႈေတြ အမ်ားၾကီး ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ျမန္မာႏုိင္ငံမွာ လာေရာက္တာဝန္ထမ္းေဆာင္မယ့္ သံအမတ္ႀကီး အသစ္အေနနဲ႔ အေတာ္ကို ႀကိဳးစား အားထုတ္ ရလိမ့္မယ္လို႔ ႏိုင္ငံတကာ အေရးကြ်မ္းက်င္သူ ေဒါက္တာခင္ေဇာ္ဝင္းက အခုလို သံုးသပ္လိုက္ပါတယ္။

“Scot Marciel လာမယ့္အခ်ိန္က်ရင္ ပိုၿပီးေတာ့ စိန္ေခၚမႈေတြက မ်ားလိမ္႔မယ္။ ဆိုေတာ့ အရင္တုန္းကေတာ့ ဦးသိန္းစိန္ အစိုးရလက္ထက္ေပါ့ကြာ။ ဒီမိုကေရစီနဲ႔ အရပ္သားအစိုးရတပိုင္းေပါ့ေနာ္။ သူတို႔လည္းအဆင့္ဆင့္သြားေနၾကတာ။ အခုက်ေတာ့ ေျပာမယ္ဆိုလိုရရွိရင္ ဒီမိုကေရစီ အရပ္သားအစိုးရဘက္ကို ပိုၿပီးေတာ့ ယိမ္းလာတယ္ေလ။ တခ်ိန္ထဲမွာလည္း စိန္ေခၚမႈေတြ အခက္အခဲေတြက ပိုၿပီးေတာ့ မ်ားလာတယ္။ အဲဒါက ဘယ္လိုမွာ ျငင္းလို႔မရဘူး။ အဲဒါေၾကာင့္မို႔လို႔ Scot Marciel လာတဲ့ အခ်ိန္ဆိုရင္ ပိုၿပီးေတာ့ သူ႔အေနနဲ႔ ပိုႀကိဳးပမ္းအားထုတ္ရမယ္လို႔ ထင္တယ္ေနာ္။”

အခု အထက္လႊတ္ေတာ္က အတည္ျပဳေပးလိုက္တဲ့ ၀န္ႀကီး Scot Marciel ဟာ ၂၀၀၇ ခုႏွစ္ကေန ၂၀၁၀ ျပည့္ႏွစ္အထိ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ လက္ေထာက္ႏုိင္ငံျခားေရး၀န္ႀကီးအျပင္ အာဆီယံဆုိင္ရာ အေမရိကန္ သံအမတ္ႀကီး အျဖစ္ တာ၀န္ထမ္းေဆာင္စဥ္ ကာလအတြင္း ျမန္မာႏုိင္ငံကို အႀကိမ္ႀကိမ္ လာေရာက္ခဲ့ဖူးပါတယ္။ ၂၀၁၀ ကေန ၂၀၁၃ ခုႏွစ္အထိလည္း အင္ဒိုနီးရွားႏုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး အခုလက္ရွိမွာေတာ့ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ အႀကီးတန္း ဒု လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီးတာ၀န္ကိုေတာ့၂၀၁၃ ခုႏွစ္မွာ စတင္ထမ္းေဆာင္ခဲ့တာ ျဖစ္ပါတယ္။

သိဂႌလင္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.................
 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အသစ် Scot Marciel
၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ တာဝန်လွှဲပြောင်း ယူတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အသစ်အဖြစ် အဆိုပြုထားတဲ့ Scot Marciel ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကြိုဆိုလိုက်ပါတယ်။ Scot Marciel ဟာ အာရှရေးရာ ကျွမ်းကျင်သူ တစ်ဦး လည်းဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပါဝင် ကူညီဖို့လည်း မျှော်လင့်တယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Alan Marciel ကို အမေရိကန် အထက်လွှတ်တော်ကနေ ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပါတယ်။ ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူကလည်း အတည်ပြု ပြောဆိုပြီး တာဝန်လွှဲပြောင်းရေးတွေကို နောက်ပိုင်းမှာ သတင်းထုတ်ပြန်သွားမယ်လို့ အခုလို ပြောပါတယ်။

“ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အမေရိကန် အထက်လွှတ်တော်က Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အတည်ပြုလိုက်ပါတယ်။ လက်ရှိသံအမတ်ကြီး Mitchell တာဝန်ပြီးဆုံးချိန်မှာ ပြန်လည်ထွက်ခွာဖို့နဲ့၊ သံအမတ်ကြီးအသစ် Marciel တို့ ရောက်လာမယ့်အချိန်တွေကို နောက်ပိုင်းမှာအသေးစိပ် သတင်းထုတ်ပြန်သွားပါ့မယ်။”

လက်ရှိသံအမတ်ကြီး Derek Mitchell ရဲ့ သက်တမ်းကုန်ဆုံးမယ့် ၂၀၁၆ ခုနှစ် ဇွန်လနောက်ပိုင်းမှာ လာရောက် တာဝန်ထမ်းဆောင်ရမှာပါ။

သံအမတ်ကြီးအသစ်ဖြစ်လာမယ့် Scot Marciel ဟာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ မှာ ကျွမ်းကျင်သူတစ်ဦးဖြစ်တာကြောင့် မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ထဲထဲဝင်ဝင် ပူးပေါင်းကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ကြိုဆိုတယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောဆိုလိုက်ပါတယ်။

“Scot Marciel က မြန်မာအကြောင်းလည်း သူသိပြီးသားပဲလေ။ အရင်တုန်းကလည်း အင်ဒိုနီးရှားမှာ လုပ်ခဲ့တယ်။ သံအမှတ်လုပ်ခဲ့တယ်ပေါ့နော်။ အဲတော့ Asia အကြောင်းသိနေတာပေါ့နော်။ Asia Mentality လည်း read လုပ်လို့ရတဲ့ ပုဂ္ဂိုလ်တယောက်ပေါ့နော်။ ကျနော်တို့အနေနဲ့က အသံအမတ်အသစ် လာမယ့်အပေါ်မှာ ကြိုဆိုပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ကျနော်တို့အနေနဲ့ သူလာတဲ့ကိစ္စကို ကြိုဆိုတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့သွားမယ့် ခရီးလမ်းပေါ့နော်။ ဒီမိုကရေစီနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ သူ့အနေနဲ့ ပါ၀င်ပြီးတော့ ဒီအစိုးရအပါအဝင်၊ နောင် လာမယ့် အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ထားတယ်လေ။”

လက်ရှိမြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးတွေ စတင်နေပြီး မတ်လ ၁၇ ရက်နေ့နောက်ပိုင်းမှာတော့ သမ္မတရွေးချယ်ရေး လုပ်ငန်းစဉ်တွေ ပြုလုပ်မှာဖြစ်ပါတယ်။ဧပြီလမှာ အစိုးရသစ် တရားဝင် တက်လာတဲ့ အခါမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရမှာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ လာရောက်တာဝန်ထမ်းဆောင်မယ့် သံအမတ်ကြီး အသစ်အနေနဲ့ အတော်ကို ကြိုးစား အားထုတ် ရလိမ့်မယ်လို့ နိုင်ငံတကာ အရေးကျွမ်းကျင်သူ ဒေါက်တာခင်ဇော်ဝင်းက အခုလို သုံးသပ်လိုက်ပါတယ်။

“Scot Marciel လာမယ့်အချိန်ကျရင် ပိုပြီးတော့ စိန်ခေါ်မှုတွေက များလိမ့်မယ်။ ဆိုတော့ အရင်တုန်းကတော့ ဦးသိန်းစိန် အစိုးရလက်ထက်ပေါ့ကွာ။ ဒီမိုကရေစီနဲ့ အရပ်သားအစိုးရတပိုင်းပေါ့နော်။ သူတို့လည်းအဆင့်ဆင့်သွားနေကြတာ။ အခုကျတော့ ပြောမယ်ဆိုလိုရရှိရင် ဒီမိုကရေစီ အရပ်သားအစိုးရဘက်ကို ပိုပြီးတော့ ယိမ်းလာတယ်လေ။ တချိန်ထဲမှာလည်း စိန်ခေါ်မှုတွေ အခက်အခဲတွေက ပိုပြီးတော့ များလာတယ်။ အဲဒါက ဘယ်လိုမှာ ငြင်းလို့မရဘူး။ အဲဒါကြောင့်မို့လို့ Scot Marciel လာတဲ့ အချိန်ဆိုရင် ပိုပြီးတော့ သူ့အနေနဲ့ ပိုကြိုးပမ်းအားထုတ်ရမယ်လို့ ထင်တယ်နော်။”

အခု အထက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ၀န်ကြီး Scot Marciel ဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအပြင် အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ဖူးပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိလည်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုလက်ရှိမှာတော့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုတော့၂၀၁၃ ခုနှစ်မှာ စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment