Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 27, 2016

ျမန္မာလုပ္သား (၂၀၀)ေက်ာ္အား အေၾကာင္းမၾကားဘဲ အလုပ္ထုတ္လိုက္သည့္ အတြက္ ထိုင္းႏိုင္ငံတြင္ ဆႏၵျပ( မြန်မာလုပ်သား (၂၀၀)ကျော်အား အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်သည့် အတွက် ထိုင်းနိုင်ငံတွင် ဆန္ဒပြ)


တာခ်ီလိတ္၊ ေဖေဖာ္ဝါရီလ (၂၈) ရက္ ။ ။ ထိုင္းႏိုင္ငံ၊ စမြတ္စခြန္ခရိုင္အတြင္းရွိ ေရာ္ဘာစက္ရံုမွ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား(၂၀၂)ဦးအား ႀကိဳတင္အေၾကာင္းၾကားျခင္းမရွိဘဲ ေဖေဖာ္၀ါရီလ(၂၇)ရက္ေန႔တြင္ အလုပ္မွ ထုတ္ပစ္လိုက္သျဖင့့္ ဆႏၵျပလွ်က္ရွိေၾကာင္း ျမန္မာသံရံုး အလုပ္သမား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီမဟာမိတ္အဖြဲ႕မွ သိရသည္။

"အလုပ္သမားေတြကို ရုတ္တရက္ေခၚၿပီး အလုပ္ျဖဳတ္ပစ္လိုက္ၾကတာ။ စာခ်ဳပ္အတိုင္းလည္း မဟုတ္ဘူး။ ဒီအထဲမွာ MOUနဲ႔ အလုပ္လုပ္ေနတဲ့ သူေတြလည္းပါတယ္။ အဓိက ဘာမွအေၾကာင္းမၾကား နစ္နာေၾကးမေပးဘဲ အလုပ္ျဖဳတ္လိုက္ၾကလို႔ မေက်မနပ္ျဖစ္ေနၾကတာ။ ဒါေၾကာင့္ဆႏၵျပေနၾကတာ"ဟု ျမန္မာသံရံုး အလုပ္သမားကူညီေစာင့္ေရွာက္ေရးေကာ္မတီ မဟာမိတ္အဖြဲ႕(AAC)မွ ကိုရဲမင္းက ေျပာသည္။



ထိုုင္းႏိုင္ငံ၊ စမြတ္စခြန္ခရိုင္၊ အုန္းႏြဲ႕နယ္ေျမ၊ စြယ္လံုလစ္အပိုင္းရိွ TOYODAGOSEI ရာဘာပစၥည္း ထုတ္လုပ္သည့္စက္ရံုမွ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား(၂၀၀)ေက်ာ္ အလုပ္လုပ္ကိုင္လွ်က္ရွိေသာ အလုပ္သမားမ်ားျဖစ္ေၾကာင္း သိရသည္။

"ျဖစ္ခ်င္ေတာ့ သူတို႔က အလုပ္ရွင္နဲ႔ တိုက္ရိုက္ စာခ်ဳပ္ခ်ဳပ္ၿပီး အလုပ္လုပ္တဲ့ အလုပ္သမားေတြမဟုတ္ဘူး။ တဆင့့္ခံ ကန္ထရိုက္နဲ႔ အလုပ္လုပ္တဲ့ အလုပ္သမားေတြျဖစ္ေနတယ္။ ကၽြန္ေတာ္တို႔အခု နစ္နာေၾကး၊ ေလ်ာ္ေၾကးေတြရေအာင္ လုပ္လုပ္ေပးေနပါတယ္"ဟု AAC မဟာမိတ္အဖြဲ႕ တာ၀န္ခံကိုရဲမင္းမွ ဆက္လက္ေျပာသည္။

ျမန္မာ အလုပ္သမားမ်ား ဆႏၵျပေနရာသို႔ ထိုင္းဘုရင့္တပ္မေတာ္မွ တာ၀န္ရွိသူမ်ားႏွင့္ စစ္သားမ်ား၊ ထိုင္းရဲတပ္ဖြဲ႕၀င္မ်ားလည္း လာေရာက္ခဲ့ၿပီး ထိုင္းႏိုင္ငံ အလုပ္သမားကာကြယ္ေစာင့္ေရွာက္ေရး အဖြဲ႕ျဖစ္သည့္(ဆ၀ါဒီကန္)ႏွင့္ အလုပ္သမား၀န္ႀကီးဌာနမွ တာ၀န္ရွိသူမ်ားလည္း လာေရာက္ေျဖရွင္းေပးလွ်က္ရွိေၾကာင္း ျမန္မာသံရံုး အလုပ္သမားကူညီေစာင့္ေရွာက္ေရးေကာ္မတီ မဟာမိတ္အဖြဲ႕(AAC)မွ သိရသည္။

ဓာတ္ပံု ။ ။ ကိုရဲမင္း(AAC)
Tachileik News Agency
http://www.tachileik.net
..........


တာချီလိတ်၊ ဖေဖော်ဝါရီလ (၂၈) ရက် ။ ။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်အတွင်းရှိ ရော်ဘာစက်ရုံမှ မြန်မာရွှေ့ပြောင်း အလုပ်သမား(၂၀၂)ဦးအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် အလုပ်မှ ထုတ်ပစ်လိုက်သဖြင့့် ဆန္ဒပြလျှက်ရှိကြောင်း မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီမဟာမိတ်အဖွဲ့မှ သိရသည်။

"အလုပ်သမားတွေကို ရုတ်တရက်ခေါ်ပြီး အလုပ်ဖြုတ်ပစ်လိုက်ကြတာ။ စာချုပ်အတိုင်းလည်း မဟုတ်ဘူး။ ဒီအထဲမှာ MOUနဲ့ အလုပ်လုပ်နေတဲ့ သူတွေလည်းပါတယ်။ အဓိက ဘာမှအကြောင်းမကြား နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်လိုက်ကြလို့ မကျေမနပ်ဖြစ်နေကြတာ။ ဒါကြောင့်ဆန္ဒပြနေကြတာ"ဟု မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ မဟာမိတ်အဖွဲ့(AAC)မှ ကိုရဲမင်းက ပြောသည်။


ထိုုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ အုန်းနွဲ့နယ်မြေ၊ စွယ်လုံလစ်အပိုင်းရှိ TOYODAGOSEI ရာဘာပစ္စည်း ထုတ်လုပ်သည့်စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား(၂၀၀)ကျော် အလုပ်လုပ်ကိုင်လျှက်ရှိသော အလုပ်သမားများဖြစ်ကြောင်း သိရသည်။

"ဖြစ်ချင်တော့ သူတို့က အလုပ်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ပြီး အလုပ်လုပ်တဲ့ အလုပ်သမားတွေမဟုတ်ဘူး။ တဆင့့်ခံ ကန်ထရိုက်နဲ့ အလုပ်လုပ်တဲ့ အလုပ်သမားတွေဖြစ်နေတယ်။ ကျွန်တော်တို့အခု နစ်နာကြေး၊ လျော်ကြေးတွေရအောင် လုပ်လုပ်ပေးနေပါတယ်"ဟု AAC မဟာမိတ်အဖွဲ့ တာဝန်ခံကိုရဲမင်းမှ ဆက်လက်ပြောသည်။

မြန်မာ အလုပ်သမားများ ဆန္ဒပြနေရာသို့ ထိုင်းဘုရင့်တပ်မတော်မှ တာဝန်ရှိသူများနှင့် စစ်သားများ၊ ထိုင်းရဲတပ်ဖွဲ့ဝင်များလည်း လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဖြစ်သည့်(ဆဝါဒီကန်)နှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း လာရောက်ဖြေရှင်းပေးလျှက်ရှိကြောင်း မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ မဟာမိတ်အဖွဲ့(AAC)မှ သိရသည်။

ဓာတ်ပုံ ။ ။ ကိုရဲမင်း(AAC)
Tachileik News Agency
http://www.tachileik.net

No comments:

Post a Comment