Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, February 27, 2016
ကံကြီးလို့  သေကံမရောက်သက်မပျောက် တဲ့ကလေး။
(တာဘို)။
via Nik Nayman
....................
 မြန်မာလုပ်သား (၂၀၀)ကျော်အား အကြော
ကလေးငယ်များကို တစ်ယောက်တည်း မထားရစ်ခဲ့ကြပါနဲ ့။
ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က ၄၁-တိုးချဲ့ရပ်ကွက်၊ မဟာမြိုင်အိမ်ရာ၊ တိုက် ၁၃ B4 (၄ လွှာ) ပြတင်းပေါက်မှ ကလေးငယ်တစ်ဦး ပြုတ်ကျခဲ့ပါတယ်။ ကံကောင်းစွာပဲ ကလေးငယ်ဟာ B3 (၃လွှာ) ရဲ့ ဆန်းရှိတ်အမိုးပေါ် တင်နေခဲ့ပါတယ်။
လမ်းသွားလမ်းလာများ မြင်တွေ့၍ ကလေးငယ်အား ငြိမ်ငြိမ်နေရန် အော်ဟစ်သတိပေးကြပါတယ်။ (၃ လွှာ) အခန်းမှ ဦး ----- က အဲကွန်းပေါ်တက်ပြီး ကလေးခြေထောက်အား ကိုင်၍ ထိန်းထားပေးခဲ့ပါတယ်။ ပတ်ဝန်းကျင်မှ ပြည်သူများ၊ လူငယ်များသည် ကလေးအသက်အား ကယ်တင်ရန် ၄ လွှာ သို့ ပြေးတက်သွားကြရာ အခန်းတံခါးကို သော့ ပိတ်လျက်သား တွေ့ရှိကြတယ်။ သော့ကို ခက်ခက်ခဲခဲ ရိုက်ဖျက်ပြီး ကလေးငယ်အား ဆွဲတင်ကာ ကယ်တင်လိုက် နိုင်ပါတယ်။
မိခင်ဖြစ်သူမှာ ကလေးအိပ်ပျော်နေတုန်း အခန်းတံခါးအား သော့ပိတ်ပြီး စျေးသွားသည်ဟု သိရပါသည်။ ကလေး အိပ်ရာနိုးတော့ အမေအား မတွေ့ရ၍ ပြတင်းပေါက်မှ ထွက်ဖို ့ကြိုးစားတာ ဖြစ်နိုင်ပါတယ်။
ကလေးမိဘများအနေဖြင့် ဒီလိုဖြစ်ရပ်မျိုး တွေမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ ကလေးက ကံတော်တော်ကောင်းလို့ပါ နဲနဲလေး ဟန်ချက်ပျက်သွားတာနဲ့ မတွေးရဲစရာပဲ။
မိဘတွေ ကိုယ့်ကလေးကိုယ် ဂရုစိုက်ကြပါ။
(တာဘို)။
via Nik Nayman င်းမကြားဘဲ အလုပ်ထုတ်လိုက်သည့် အတွက် ထိုင်းနိုင်ငံတွင် ဆန္ဒပြ
No comments:
Post a Comment