Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 21, 2016

ႏိုင္ငံျခားလုပ္သားသစ္ ေခၚယူေရး မေလးရွား ဆိုင္းငံ့

မေလးရွားႏုိင္ငံမွာ ျမန္မာအလုပ္သမား (ဓာတ္ပံု - မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုး-ကြာလာလမ္ပူ)
မေလးရွားအစိုးရအေနနဲ႔ ႏိုင္ငံျခားသား အလုပ္သမားအသစ္ ေခၚယူတာေတြ ဆိုင္းငံ့ထားမယ္လုိ႔ မေလးရွား ဒုတိယ၀န္ႀကီးခ်ဳပ္က ေသာၾကာေန႔မွာ ေျပာလုိက္တာေၾကာင့္ ျမန္မာႏုိင္ငံကေန မေလးရွားသြားမယ့္ ျမန္မာအလုပ္သမားေတြအတြက္ မေရမရာ အေျခအေန ျဖစ္လာပါတယ္။

လက္ရွိမွာ ဗီဇာက်ထားၿပီးသား အလုပ္သမားေတြကေတာ့ သြားခြင့္ရမယ္လုိ႔ ျမန္မာ အလုပ္သမား၀န္ႀကီး ဌာန တာ၀န္ရွိသူတဦးက ေမွ်ာ္လင့္ထားပါတယ္။ အျပည့္အစံုကုိ ဆက္သြယ္ေမးျမန္းထားတဲ့ ဗီြအိုေအ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ႏုိင္ငံျခားသားအလုပ္သမားေတြ ေခၚယူတာနဲ႔ပတ္သက္ၿပီး မေလးရွား ဒုတိယ၀န္ႀကီးခ်ဳပ္ရဲ႕ ေျပာဆိုခ်က္ ထြက္လာၿပီးတဲ့ေနာက္ ျမန္မာႏုိင္္ငံကေန မေလးရွားမွာ အလုပ္လုပ္ဖို႔ လစဥ္ သြားေနၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ အခက္ၾကံဳရဖြယ္ ရွိလာတာပါ။

ျပည္ပအလုပ္သမားစုေဆာင္းေရး ေအဂ်င္စီ ၉၂ ခုကေန တာ၀န္ယူၿပီးလုပ္ေပးေနတဲ့ လက္ရွိမွာ ဗီဇာ က်ထားၿပီးသား အလုပ္ သမား ၃၀၀၀ ေက်ာ္ကေတာ့ မေလးရွားကို သြားခြင့္ရမယ္လို႔ ေမွ်ာ္လင့္ထားတဲ့အေၾကာင္း အလုပ္သမား အလုပ္အကုိင္နဲ႔ လူမႈဖူလံုေရး၀န္ႀကီးဌာန အၿမဲတမ္း အတြင္း၀န္လည္းျဖစ္၊ အလုပ္သမားညြန္ၾကားမူ ဦးစီးဌာနရဲ႕ ညြန္ၾကားေရးမွဴးခ်ဳပ္လည္းျဖစ္တဲ့ ဦးမ်ိဳးေအာင္က ေျပာပါတယ္။

“ သူ႔ဆီကို ဗီဇာထုၿပီးသား အလုပ္သမားေတြေတာ့ ရဦးမယ္ေပါ့ေနာ္၊ ေလာေလာဆယ္ေတာ့ သူတို႔လည္း ပြင့္ပြင့္လင္းလင္းေျပာရင္ ဒီဘက္က အဖြဲ႔ကလည္း ဒုတိယ ၀န္ႀကီးခ်ဳပ္ဆိုေတာ့ သူတို႔လည္း သိပ္မလုပ္ရဲဘူး။ က်ေနာ္တို႔လည္းေမးခိုင္းလိုက္တဲ့အခါေတာ့ ဗီဇာထုၿပီးသား ၀င္ဖို႔ေပါ့ သူ႔ႏိုင္ငံကိုေလ၊ ဒီအလုပ္သမားေတြေတာ့ သူတို႔လုပ္မယ္။ က်န္တဲ့ အလုပ္သမားကိစၥေတြကိုေတာ့ သူျပန္ၿပီးေတာ့ အေၾကာင္းျပန္မယ္လို႔ ေလာေလာဆယ္ က်ေနာ္တို႔ information က ဒီလိုပဲရေသးတာေပါ့ေနာ္။ အလုပ္သမားေတြ လိုတယ္ဆို က်ေနာ္တို႔ႏိုင္ငံဆို demand ေတြက အရင္ထက္စာရင္ အမ်ားႀကီးျဖစ္ေနတာေလ။ demand ေတြကလည္း တအား အမ်ားႀကီးေပးထားတယ္၊ ဒီအျပင္ Agency ေတြကလည္း အရင္ထက္စာရင္အမ်ားႀကီးေစ်းေလွ်ာ့ၿပီးေတာ့မွ ယူၿပီးေတာ့ေလ က်ေနာ္တို႔ႏိုင္ငံကိုေခၚေနတာေပါ့ေနာ္။ ဒီလို ထြက္လာတဲ့အခါက်ေတာ့ သူတို႔မွာ တာ၀န္ရွိတဲ့လူေတြလည္း  ၊ က်ေနာ္တို႔နဲ႔ အဆက္အသြယ္လုပ္ေနတဲ့လူေတြမွာ နည္းနည္းေတာ့ surprise ျဖစ္တာေပါ့ေနာ္။”

ဘဂၤလားေဒ့ရွ္ ကအလုပ္သမား ၁.၅ သန္း ကို ေနာက္သံုး ႏွစ္ အတြင္း မွာေခၚယူဖို႕
မေလးရွား အစိုးရနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရတို႕ခ်ဳပ္ထားတဲ့ MOU စာခ်ဳပ္အေပၚ မထိခိုက္ေစဘူးလို႔ မေလးရွားတာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒါေၾကာင့္ ႏွစ္ႏုိင္ငံ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့ ႏိုင္ငံေတြက အလုပ္သမားေတြကေတာ့ ျပႆနာမရွိႏုိ္င္ေပမဲ့ ျမန္မာႏိုင္ငံကေတာ့ အခုထိ မေလးရွားနဲ႔ ႏွစ္ႏုိင္ငံ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးရျခင္း မရိွေသးဘူးလို႔ ဦးမ်ိဳးေအာင္က ဆုိပါတယ္။

“သူက က်ေနာ္တို႔နဲ႔ MOU ထိုးဖို႔ဟာက က်ေနာ္တို႔က Agree ေပးၿပီးေတာ့မွ လုပ္ထားၿပီးၿပီ။ သူတို႔ဆီက အခုထိကို ျပန္မလာတာေပါ့ေနာ္။ က်ေနာ္တို႔က ႏွစ္ႏိုင္ငံ draft ေတြေကာ ၊ မူၾကမ္းေတြေကာ ၊ ႏွစ္ဖက္ အတည္ျပဳခ်က္ေလးေတြလည္း ရၿပီးၿပီ။ ရေတာ့ က်ေနာ္တို႔ ေနာက္ဆံုးဟာေတြလည္းေပးၿပီးၿပီ။ ဘယ္အခ်ိန္ထိုးမလဲဆိုတာကို ပထမ ၿပီးခဲ့တဲ့လ ၂၅၊ ၂၉ လာမယ္ဆိုၿပီးေတာ့ ေျပာတာေပါ့ေနာ္။ ေနာက္က်ေတာ့ အခုမလာျဖစ္ေတာ့ဘူး အဆင္ေပးတဲ့အခါလာမယ္ဆိုၿပီးေတာ့ ေျပာင္းသြားျပန္ေရာေပါ့ေနာ္။ သူတို႔က အဲလိုေလးအေနအထားရွိတယ္ နည္းနည္းေတာ့ ေျပာင္းေနတာေပါ့ေနာ္ သူတို႔ကေတာ့ေလ။”

တႏွစ္ေက်ာ္ၾကာ ပိတ္ပင္ထားတဲ့ ကၽြမ္းက်င္ ေရႊ႕ေျပာင္းအလုပ္သမားမ်ား ျပန္လည္ခန္႕အပ္ေရး အစီအစဥ္ကုိ မေလရွားမွာရွိတဲ့ အလုပ္ရွင္အမ်ားအျပားကေတာင္းဆိုတာေၾကာင့္ တနလၤာေန႔ ကစတင္ခဲ့ၿပီးတဲ့ေနာက္ အခုအခါမွာေတာ့ ရုတ္တရက္ ႏို္င္ငံျခားသား အလုပ္သမားေတြအသစ္ ထပ္မခန္႔ေတာ့ဘူးလို႔ ေျပာၾကားလိုက္တဲ့အတြက္ မေလးရွားကို ထြက္ၿပီး အလုပ္လုပ္ၾကမယ့္ ျမန္မာအလုပ္သမားေတြ အခက္ေတြ႔မယ့္အေရး ၾကံဳလာရတာပါ။
မေလးရွားႏုိင္ငံဟာၿပီးခဲ့တဲ့ လေတြကစၿပီး ဗီဇာေၾကးကို ၁၀ ဆ တိုးေကာက္ခံလိုက္သလို ႏိုင္ငံျခားသားလုပ္သားခြန္ ကုိလည္း၂ ဆတိုးလိုက္တဲ့အတြက္ ကန္႕ကြက္ ေ၀ဖန္တာေတြကိုလည္း ႀကံဳေနရတာပါ။ မေလးရွားမွာ ျမန္မာအလုပ္သမား သိန္းနဲ႔ခ်ီျပီး အလုပ္လုပ္ကို္င္ေနေပမဲ့ အလုပ္လုပ္ခြင့္ပါမစ္ မရွိတဲ့သူေတြကေတာ့ ေနစဥ္လိုလို ဖမ္းဆီးခံေနရတာပါ။

ျမန္မာသံရံုးကေတာ့ မေလးရွားထိမ္းသိမ္းေရးစခန္းေတြမွာ ခ်ဳပ္ေႏွာင္ခံထားရတဲ့ ျမန္မာႏို္င္ငံသားေတြကို စီစစ္ၿပီး၂၀၁၅ ခုႏွစ အတြင္းမွာေနရပ္ရင္းကိုျပန္လည္ပို႕ေဆာင္ေပးေနတာ လူ ၅၀၀၀ ေက်ာ္သြားပါၿပီ။ ဒါေပမဲ့ တရား၀င္ျမန္မာအလုပ္သမား ၄၀၀၀ ထက္မနည္းဟာ အလုပ္အကိုင္အခြင့္အလမ္းေတြရဖို႔ လစဥ္ မေလးရွားႏိုင္္ငံကို သြားေရာက္ေနၾကပါတယ္။

မေအးေအးမာ/ ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............
 မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား (ဓာတ်ပုံ - မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)
မလေးရှားအစိုးရအနေနဲ့ နိုင်ငံခြားသား အလုပ်သမားအသစ် ခေါ်ယူတာတွေ ဆိုင်းငံ့ထားမယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်က သောကြာနေ့မှာ ပြောလိုက်တာကြောင့် မြန်မာနိုင်ငံကနေ မလေးရှားသွားမယ့် မြန်မာအလုပ်သမားတွေအတွက် မရေမရာ အခြေအနေ ဖြစ်လာပါတယ်။

လက်ရှိမှာ ဗီဇာကျထားပြီးသား အလုပ်သမားတွေကတော့ သွားခွင့်ရမယ်လို့ မြန်မာ အလုပ်သမားဝန်ကြီး ဌာန တာဝန်ရှိသူတဦးက မျှော်လင့်ထားပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နိုင်ငံခြားသားအလုပ်သမားတွေ ခေါ်ယူတာနဲ့ပတ်သက်ပြီး မလေးရှား ဒုတိယဝန်ကြီးချုပ်ရဲ့ ပြောဆိုချက် ထွက်လာပြီးတဲ့နောက် မြန်မာနိုင််ငံကနေ မလေးရှားမှာ အလုပ်လုပ်ဖို့ လစဉ် သွားနေကြတဲ့ ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ အခက်ကြုံရဖွယ် ရှိလာတာပါ။

ပြည်ပအလုပ်သမားစုဆောင်းရေး အေဂျင်စီ ၉၂ ခုကနေ တာဝန်ယူပြီးလုပ်ပေးနေတဲ့ လက်ရှိမှာ ဗီဇာ ကျထားပြီးသား အလုပ် သမား ၃၀၀၀ ကျော်ကတော့ မလေးရှားကို သွားခွင့်ရမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်လည်းဖြစ်၊ အလုပ်သမားညွန်ကြားမူ ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ ဦးမျိုးအောင်က ပြောပါတယ်။

“ သူ့ဆီကို ဗီဇာထုပြီးသား အလုပ်သမားတွေတော့ ရဦးမယ်ပေါ့နော်၊ လောလောဆယ်တော့ သူတို့လည်း ပွင့်ပွင့်လင်းလင်းပြောရင် ဒီဘက်က အဖွဲ့ကလည်း ဒုတိယ ၀န်ကြီးချုပ်ဆိုတော့ သူတို့လည်း သိပ်မလုပ်ရဲဘူး။ ကျနော်တို့လည်းမေးခိုင်းလိုက်တဲ့အခါတော့ ဗီဇာထုပြီးသား ၀င်ဖို့ပေါ့ သူ့နိုင်ငံကိုလေ၊ ဒီအလုပ်သမားတွေတော့ သူတို့လုပ်မယ်။ ကျန်တဲ့ အလုပ်သမားကိစ္စတွေကိုတော့ သူပြန်ပြီးတော့ အကြောင်းပြန်မယ်လို့ လောလောဆယ် ကျနော်တို့ information က ဒီလိုပဲရသေးတာပေါ့နော်။ အလုပ်သမားတွေ လိုတယ်ဆို ကျနော်တို့နိုင်ငံဆို demand တွေက အရင်ထက်စာရင် အများကြီးဖြစ်နေတာလေ။ demand တွေကလည်း တအား အများကြီးပေးထားတယ်၊ ဒီအပြင် Agency တွေကလည်း အရင်ထက်စာရင်အများကြီးစျေးလျှော့ပြီးတော့မှ ယူပြီးတော့လေ ကျနော်တို့နိုင်ငံကိုခေါ်နေတာပေါ့နော်။ ဒီလို ထွက်လာတဲ့အခါကျတော့ သူတို့မှာ တာဝန်ရှိတဲ့လူတွေလည်း  ၊ ကျနော်တို့နဲ့ အဆက်အသွယ်လုပ်နေတဲ့လူတွေမှာ နည်းနည်းတော့ surprise ဖြစ်တာပေါ့နော်။”

ဘင်္ဂလားဒေ့ရှ် ကအလုပ်သမား ၁.၅ သန်း ကို နောက်သုံး နှစ် အတွင်း မှာခေါ်ယူဖို့
မလေးရှား အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ချုပ်ထားတဲ့ MOU စာချုပ်အပေါ် မထိခိုက်စေဘူးလို့ မလေးရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ သဘောတူ စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံတွေက အလုပ်သမားတွေကတော့ ပြဿနာမရှိနို်င်ပေမဲ့ မြန်မာနိုင်ငံကတော့ အခုထိ မလေးရှားနဲ့ နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုးရခြင်း မရှိသေးဘူးလို့ ဦးမျိုးအောင်က ဆိုပါတယ်။

“သူက ကျနော်တို့နဲ့ MOU ထိုးဖို့ဟာက ကျနော်တို့က Agree ပေးပြီးတော့မှ လုပ်ထားပြီးပြီ။ သူတို့ဆီက အခုထိကို ပြန်မလာတာပေါ့နော်။ ကျနော်တို့က နှစ်နိုင်ငံ draft တွေကော ၊ မူကြမ်းတွေကော ၊ နှစ်ဖက် အတည်ပြုချက်လေးတွေလည်း ရပြီးပြီ။ ရတော့ ကျနော်တို့ နောက်ဆုံးဟာတွေလည်းပေးပြီးပြီ။ ဘယ်အချိန်ထိုးမလဲဆိုတာကို ပထမ ပြီးခဲ့တဲ့လ ၂၅၊ ၂၉ လာမယ်ဆိုပြီးတော့ ပြောတာပေါ့နော်။ နောက်ကျတော့ အခုမလာဖြစ်တော့ဘူး အဆင်ပေးတဲ့အခါလာမယ်ဆိုပြီးတော့ ပြောင်းသွားပြန်ရောပေါ့နော်။ သူတို့က အဲလိုလေးအနေအထားရှိတယ် နည်းနည်းတော့ ပြောင်းနေတာပေါ့နော် သူတို့ကတော့လေ။”

တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင် ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ခန့်အပ်ရေး အစီအစဉ်ကို မလေရှားမှာရှိတဲ့ အလုပ်ရှင်အများအပြားကတောင်းဆိုတာကြောင့် တနင်္လာနေ့ ကစတင်ခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ရုတ်တရက် နို်င်ငံခြားသား အလုပ်သမားတွေအသစ် ထပ်မခန့်တော့ဘူးလို့ ပြောကြားလိုက်တဲ့အတွက် မလေးရှားကို ထွက်ပြီး အလုပ်လုပ်ကြမယ့် မြန်မာအလုပ်သမားတွေ အခက်တွေ့မယ့်အရေး ကြံုလာရတာပါ။
မလေးရှားနိုင်ငံဟာပြီးခဲ့တဲ့ လတွေကစပြီး ဗီဇာကြေးကို ၁၀ ဆ တိုးကောက်ခံလိုက်သလို နိုင်ငံခြားသားလုပ်သားခွန် ကိုလည်း၂ ဆတိုးလိုက်တဲ့အတွက် ကန့်ကွက် ဝေဖန်တာတွေကိုလည်း ကြံုနေရတာပါ။ မလေးရှားမှာ မြန်မာအလုပ်သမား သိန်းနဲ့ချီပြီး အလုပ်လုပ်ကို်င်နေပေမဲ့ အလုပ်လုပ်ခွင့်ပါမစ် မရှိတဲ့သူတွေကတော့ နေစဉ်လိုလို ဖမ်းဆီးခံနေရတာပါ။

မြန်မာသံရုံးကတော့ မလေးရှားထိမ်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ခံထားရတဲ့ မြန်မာနို်င်ငံသားတွေကို စီစစ်ပြီး၂၀၁၅ ခုနှစ အတွင်းမှာနေရပ်ရင်းကိုပြန်လည်ပို့ဆောင်ပေးနေတာ လူ ၅၀၀၀ ကျော်သွားပါပြီ။ ဒါပေမဲ့ တရားဝင်မြန်မာအလုပ်သမား ၄၀၀၀ ထက်မနည်းဟာ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့ လစဉ် မလေးရှားနိုင််ငံကို သွားရောက်နေကြပါတယ်။

မအေးအေးမာ/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment