Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 21, 2016

ေရရွားပါးမႈ ျပႆနာ ရန္ကုန္တိုင္း လႊတ္ေတာ္မွာ အဆိုတင္မည္

ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစႏၵာမင္းကို ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Kyaw Zaw Win/ RFA
ေႏြရာသီ ေရရွားပါးမႈျပႆနာ ႏွစ္စဥ္ႀကဳံေတြ႔ေနရတဲ့ ရန္ကုန္ၿမိဳ႕ တစ္ဘက္ကမ္းက ေက်းရြာေတြမွာ ေရရွားပါးမႈ ျပႆနာ ေျဖရွင္းႏုိင္ေအာင္ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္မွာ အဆိုတင္သြားမယ္လုိ႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ေရရွားပါးမႈ ျပႆနာေျဖရွင္းႏိုင္ဖို႔ ၂၀၁၇ - ၁၈ ဘတ္ဂ်က္မွာ ေငြေၾကး ပုိမုိသုံးစြဲ သြားႏိုင္ေရး လႊတ္ေတာ္မွာ အဆိုတင္သြင္းမယ္လို႔ ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစႏၵာမင္းက ေျပာပါတယ္။

"ဒီေသာက္ေရကေနတူးထားတယ္ ဆိုတာက ဟိုးေရွးေခတ္ကလုပ္ထားၿပီးေတာ့ ပံုစံမေျပာင္းဘူးျဖစ္ေနတယ္၊ ၂ဝ၁၆နဲ႔ ၂ဝ၁၇ ရဲ႕ဘတ္ဂ်က္ကေတာ့ ေရးဆြဲၿပီး သြားၿပီ၊ ဒီထဲမွာေတာ့ ထည့္လို႔မရေတာ့ဘူး၊ ဒါေပမယ့္ ေထြအုပ္နဲ႔ အစည္းအေဝးမွာ က်မတို႔လုပ္ပါတယ္၊ ၂ဝ၁၇၊ ၂ဝ၁၈ရဲ႕လာမယ့္ ဘတ္ဂ်က္မွာေတာ့ ေရရွား ပါးတဲ့အတြက္ ေသာက္ေရေလွာင္ကန္ေတြကို ဘယ္လိုလုပ္ၾကမလဲ၊ ေလွာင္ကန္ေတြကို ရပ္ကြက္ တိုင္း၊ ရပ္ကြက္တိုင္းမွာ ဘာေတြလုပ္ထားေပးမလဲဆိုတဲ့ အတြက္ က်မဘတ္ဂ်က္ေငြ ေတာ္ေတာ္မ်ားမ်ားကိုေတာ့ သံုးစြဲဖို႔ရွိတယ္၊ ေရငန္ေတြကို ေရခ်ိဳျဖစ္ေအာင္ဘယ္လို လုပ္မလဲ၊ ဘယ္ေနရာကေနေရပိုက္သြယ္ ၿပီးေပးမလဲဆိုတာကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကေျဖရွင္းေပးခဲ့ဖို႔ေကာင္းတယ္၊ ဟိုးတုန္းတည္းက ျဖစ္ေနတဲ့ကိစၥေတြ၊ အဲ့ဒါေတြ မေျဖရွင္းေပးခဲ့တဲ့အတြက္ က်မတို႔ ဘတ္ဂ်က္ေငြေတြ ေတာ္ေတာ္မ်ားမ်ားသံုးစြဲၿပီး လုပ္ရမယ္လို႔ က်မထင္တယ္"

ရန္ကုန္တစ္ဘက္ကမ္းက ေက်းရြာေတြဟာ ေႏြရာသီေရာက္လာတာနဲ႔ တူးေဖာ္ထားတဲ့ ေသာက္သုံးေရကန္ ေတြဟာ ခမ္းေျခာက္သြားတာေၾကာင့္ အဲဒီေက်းရြာေတြမွာ ေနထုိင္တဲ့ ေဒသခံေတြေသာက္သုံးေရရွားပါမႈ ျပ ႆနာနဲ႔ ႏွစ္စဥ္ႀကဳံေတြ႔ရပါတယ္။

၂၀၁၆ - ၁၇ ဘတ္ဂ်က္မွာေတာ့ ရန္ကုန္ၿမိဳ႕ တစ္ဘက္ကမ္း ေရရွားပါးမႈ ျပႆနာေျဖရွင္းဖို႔အတြက္ ဘတ္ဂ်က္ သုံးစြဲဖို႔ ထည့္ထားတာကို မေတြ႔ရဘူးလုိ႔ ေျပာပါတယ္။

ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နယ္မွာ တူးေဖာ္ၿပီးသား ေရကန္ ၇၀ ေက်ာ္ရွိေနေပမယ့္ ႏွစ္ေပါင္းၾကာျမင့္ေနတာေၾကာင့္ ေသာက္ေရအျဖစ္ အသုံးမျပဳသင့္ေတာ့ ဘူးလုိ႔ ေျပာပါတယ္။

ဒလ၊ ဆိပ္ႀကီးခေနာင္တုိ ၿမိဳ႕နယ္ေတြဟာ ေရငံထြက္တဲ့ ေဒသေတြျဖစ္တာေၾကာင့္ အဝီစိတြင္းတူးေဖာ္ဖို႔ အခက္အခဲရွိေနၿပီး ေႏြရာသီေရာက္တာနဲ႔ ပရဟိတ အဖြဲ႔အစည္းေတြ၊ ေရသန္႔အလွဴရွင္ေတြက ႏွစ္စဥ္သြား ေရာက္လွဴဒါန္းေနရတာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
............
 ဆိပ်ကြီးခနောင်တိုမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
နွေရာသီ ရေရှားပါးမှုပြဿနာ နှစ်စဉ်ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့ တစ်ဘက်ကမ်းက ကျေးရွာတွေမှာ ရေရှားပါးမှု ပြဿနာ ဖြေရှင်းနိုင်အောင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရေရှားပါးမှု ပြဿနာဖြေရှင်းနိုင်ဖို့ ၂၀၁၇ - ၁၈ ဘတ်ဂျက်မှာ ငွေကြေး ပိုမိုသုံးစွဲ သွားနိုင်ရေး လွှတ်တော်မှာ အဆိုတင်သွင်းမယ်လို့ ဆိပ်ကြီးခနောင်တိုမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

"ဒီသောက်ရေကနေတူးထားတယ် ဆိုတာက ဟိုးရှေးခေတ်ကလုပ်ထားပြီးတော့ ပုံစံမပြောင်းဘူးဖြစ်နေတယ်၊ ၂ဝ၁၆နဲ့ ၂ဝ၁၇ ရဲ့ဘတ်ဂျက်ကတော့ ရေးဆွဲပြီး သွားပြီ၊ ဒီထဲမှာတော့ ထည့်လို့မရတော့ဘူး၊ ဒါပေမယ့် ထွေအုပ်နဲ့ အစည်းအဝေးမှာ ကျမတို့လုပ်ပါတယ်၊ ၂ဝ၁၇၊ ၂ဝ၁၈ရဲ့လာမယ့် ဘတ်ဂျက်မှာတော့ ရေရှား ပါးတဲ့အတွက် သောက်ရေလှောင်ကန်တွေကို ဘယ်လိုလုပ်ကြမလဲ၊ လှောင်ကန်တွေကို ရပ်ကွက် တိုင်း၊ ရပ်ကွက်တိုင်းမှာ ဘာတွေလုပ်ထားပေးမလဲဆိုတဲ့ အတွက် ကျမဘတ်ဂျက်ငွေ တော်တော်များများကိုတော့ သုံးစွဲဖို့ရှိတယ်၊ ရေငန်တွေကို ရေချိုဖြစ်အောင်ဘယ်လို လုပ်မလဲ၊ ဘယ်နေရာကနေရေပိုက်သွယ် ပြီးပေးမလဲဆိုတာကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ကဖြေရှင်းပေးခဲ့ဖို့ကောင်းတယ်၊ ဟိုးတုန်းတည်းက ဖြစ်နေတဲ့ကိစ္စတွေ၊ အဲ့ဒါတွေ မဖြေရှင်းပေးခဲ့တဲ့အတွက် ကျမတို့ ဘတ်ဂျက်ငွေတွေ တော်တော်များများသုံးစွဲပြီး လုပ်ရမယ်လို့ ကျမထင်တယ်"

ရန်ကုန်တစ်ဘက်ကမ်းက ကျေးရွာတွေဟာ နွေရာသီရောက်လာတာနဲ့ တူးဖော်ထားတဲ့ သောက်သုံးရေကန် တွေဟာ ခမ်းခြောက်သွားတာကြောင့် အဲဒီကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေသောက်သုံးရေရှားပါမှု ပြ ဿနာနဲ့ နှစ်စဉ်ကြုံတွေ့ရပါတယ်။

၂၀၁၆ - ၁၇ ဘတ်ဂျက်မှာတော့ ရန်ကုန်မြို့ တစ်ဘက်ကမ်း ရေရှားပါးမှု ပြဿနာဖြေရှင်းဖို့အတွက် ဘတ်ဂျက် သုံးစွဲဖို့ ထည့်ထားတာကို မတွေ့ရဘူးလို့ ပြောပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ တူးဖော်ပြီးသား ရေကန် ရ၀ ကျော်ရှိနေပေမယ့် နှစ်ပေါင်းကြာမြင့်နေတာကြောင့် သောက်ရေအဖြစ် အသုံးမပြုသင့်တော့ ဘူးလို့ ပြောပါတယ်။

ဒလ၊ ဆိပ်ကြီးခနောင်တို မြို့နယ်တွေဟာ ရေငံထွက်တဲ့ ဒေသတွေဖြစ်တာကြောင့် အဝီစိတွင်းတူးဖော်ဖို့ အခက်အခဲရှိနေပြီး နွေရာသီရောက်တာနဲ့ ပရဟိတ အဖွဲ့အစည်းတွေ၊ ရေသန့်အလှူရှင်တွေက နှစ်စဉ်သွား ရောက်လှူဒါန်းနေရတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment