Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

လိမ္တတ္တဲ့ကေလးေတြက ၾကီးလာတဲ့အခါမွာ ပုိျပီးေအာင္ျမင္ႏိုင္ေၾကာင္း သိရ

သိပၸံပညာအရ သင့္ကေလး ေကာင္းေကာင္းလိမ္တတ္တယ္ဆုိရင္ ဘာမွမျဖစ္မစုိးရိမ္ပါနဲ႔။ အားလုံးေကာင္းပါတယ္တဲ့။ Toronto တကၠသုိလ္မွ သုေတသနပညာရွင္ Dr.Kang Lee က ငယ္ရြယ္စဥ္မွာ လူၾကီးကုိ လွည့္စားႏုိင္တဲ့ ကေလးေတြက ၾကီးလာတဲ့ အခါမွာ လူမႈေရးေအာင္ျမင္မႈေတြ ပိုရတတ္ျပီး အက်င့္ပ်က္ဆုိးသြမ္းတဲ့ လူငယ္ေလးေတြကေတာ့ လိမ္လည္ႏုိင္တဲ့ အစြမ္းနိမ့္ပါတယ္  လို႔ ေျပာၾကားခဲ့ပါတယ္။ ပုိျပီးငယ္ရြယ္တဲ့ အခ်ိန္မွာ လိမ္တတ္ေလ ပုိျပီးပုံမွန္ ဖြံ႕ျဖိဳးမႈရွိေလပါပဲ။
ကေလးသူငယ္ဖြံ႔ျဖိဳးေရးသုေတသနအဖြဲ႔ေခါင္းေဆာင္ Lee က ကေလးေတြဘာေၾကာင့္ လိမ္ရသလဲဆုိတာကုိ သိႏုိ္င္ဖုိ႔ ကေလးေပါင္း ၂၀၀၀ ေက်ာ္ကိုေလ့လာခဲ့ပါတယ္။ မိဘအမ်ားစုက ကုိယ့္သားသမီးလိမ္တာကို ေတြ႔တဲ့အခါမွာ စုိးရိမ္တတ္ၾကပါတယ္။ ဒါေပမဲ့ အဲ့ဒီအစား သူတုိ႔ရဲ႔ဘ၀မွတ္တုိင္တစ္ခု စုိက္လုိက္ႏုိင္သလို္ ခံစားလိုက္ပါလို႔ ဆုိပါတယ္။

ကေလးတစ္ေယာက္ ဘယ္အရြယ္မွာစျပီးလိမ္တတ္ပါသလဲ။ သင့္ကေလးက သင့္ကုိ ၂ ႏွစ္အရြယ္မွာ စျပီးလိမ္ႏုိင္မယ္ဆုိရင္ေတာ့ သူက ပုံမွန္ထက္ကုိ ထူးခၽြန္တဲ့သူတစ္ေယာက္ျဖစ္လာမွာပါ။ ဒီလုိ အရြယ္မွာ လူၾကီးကုိ လွည့္စားႏုိင္တဲ့ ကေလးမ်ဳိးက ၃၀%ေလာက္ပဲရွိပါတယ္။

လူတုိင္းက ေပါင္းသင္းဆက္ဆံေရးမွာ ျဖစ္ေစ၊တစ္ဦးတစ္ယာက္ ေကာင္းက်ဳိးအတြက္ ျဖစ္ေစ အျဖဴေရာင္မုသားသုံးလုိက္ရတာမ်ဳိး လူတုိင္းၾကံဳဖူးၾကမွာပါ။ ဘယ္သူ႔ကိုမွ မထိခုိက္ေစဘဲ အားလုံးအဆင္ေျပသြားေစဖုိ႔ ထက္ထက္ျမက္ျမက္နဲ႔ ဥာဏ္ကုိ လႊာသုံးျပီး မုသားအေသးစားေလးေတြသုံးရတတ္ပါတယ္။

မိဘေတြအေနနဲ႔ ကေလးေတြလိမ္တာကို မိသြားတဲ့အခ်ိန္မွာ လုပ္ရမယ့္အလုပ္ႏွစ္ခုရွိပါတယ္။ကုိ္ယ့္လုိ အရြယ္ေရာက္ျပီးသူတစ္ေယာက္ကုိ္ေတာင္ လွည့္စားႏုိ္င္တဲ့ ကေလးရဲ႕ ထက္ျမက္မႈကုိ ခ်ီးက်ဴးရင္း ရုိးသားမႈရဲ႕ တန္ဖုိိးကိုသင္ေပးရမွာ ျဖစ္ပါတယ္။ ကေလးေတြရဲ႕ ရုိးသားမႈနဲ႕ပတ္သက္ျပီး သင္ၾကားေပးႏုိင္မယ့္ ပုံျပင္ေတြကုိ သိရွိႏုိင္ဖုိ႔ ပုံျပင္ေတြနဲ႔စမ္းသပ္ၾကည့္ခဲ့ပါတဲ့အခါမွာ လိမ္လည္မႈေၾကာင့္ အျပစ္ခံရတယ္ဆုိတဲ့ ပုံျပင္ထက္ ရုိးသားတဲ့သူက ဘယ္လုိေကာင္းက်ဳိးရသလဲဆုိတာ ျပသေပးႏုိင္တဲ့ ပုံျပင္ေတြက ကေလးေတြရဲ႔ အျပဳအမူေပၚမွာ ပိုျပီးသက္ေရာက္မႈ ရွိတာကိုေတြ႔ရပါတယ္။

ဒါေပမဲ့ အေသးစားလိမ္လည္မႈေတြ က်ဴးလြန္တတ္တဲ့ကေလးေတြ ေပါမ်ားေနတဲ့ တုိင္းျပည္တစ္ခု ျဖစ္မလာေစဖုိ႔ မိဘေတြအေနနဲ႔ လွည့္စားတတ္တာကို ဥာဏ္ရည္ျမင့္မားျခင္းရဲ႕ ျပယုဂ္အျဖစ္လက္ခံျပီး ရုိးသားျခင္းရဲ႕ေကာင္းက်ိဳး နဲ႔ တန္ဖုိးကို သိရွိနားလည္ျပီး လက္ခံ က်င့္သုံးခ်င္လာေအာင္ သင္ၾကားေပးရမွာ ျဖစ္ပါတယ္။
Credit - Trend Myanmar
.................
လိမ်တတ်တဲ့ကလေးတွေက ကြီးလာတဲ့အခါမှာ ပိုပြီးအောင်မြင်နိုင်ကြောင်း သိရ

သိပ္ပံပညာအရ သင့်ကလေး ကောင်းကောင်းလိမ်တတ်တယ်ဆိုရင် ဘာမှမဖြစ်မစိုးရိမ်ပါနဲ့။ အားလုံးကောင်းပါတယ်တဲ့။ Toronto တက္ကသိုလ်မှ သုတေသနပညာရှင် Dr.Kang Lee က ငယ်ရွယ်စဉ်မှာ လူကြီးကို လှည့်စားနိုင်တဲ့ ကလေးတွေက ကြီးလာတဲ့ အခါမှာ လူမှုရေးအောင်မြင်မှုတွေ ပိုရတတ်ပြီး အကျင့်ပျက်ဆိုးသွမ်းတဲ့ လူငယ်လေးတွေကတော့ လိမ်လည်နိုင်တဲ့ အစွမ်းနိမ့်ပါတယ်  လို့ ပြောကြားခဲ့ပါတယ်။ ပိုပြီးငယ်ရွယ်တဲ့ အချိန်မှာ လိမ်တတ်လေ ပိုပြီးပုံမှန် ဖွံ့ဖြိုးမှုရှိလေပါပဲ။
ကလေးသူငယ်ဖွံ့ဖြိုးရေးသုတေသနအဖွဲ့ခေါင်းဆောင် Lee က ကလေးတွေဘာကြောင့် လိမ်ရသလဲဆိုတာကို သိနို်င်ဖို့ ကလေးပေါင်း ၂၀၀၀ ကျော်ကိုလေ့လာခဲ့ပါတယ်။ မိဘအများစုက ကိုယ့်သားသမီးလိမ်တာကို တွေ့တဲ့အခါမှာ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအစား သူတို့ရဲ့ဘဝမှတ်တိုင်တစ်ခု စိုက်လိုက်နိုင်သလို် ခံစားလိုက်ပါလို့ ဆိုပါတယ်။

ကလေးတစ်ယောက် ဘယ်အရွယ်မှာစပြီးလိမ်တတ်ပါသလဲ။ သင့်ကလေးက သင့်ကို ၂ နှစ်အရွယ်မှာ စပြီးလိမ်နိုင်မယ်ဆိုရင်တော့ သူက ပုံမှန်ထက်ကို ထူးချွန်တဲ့သူတစ်ယောက်ဖြစ်လာမှာပါ။ ဒီလို အရွယ်မှာ လူကြီးကို လှည့်စားနိုင်တဲ့ ကလေးမျိုးက ၃၀%လောက်ပဲရှိပါတယ်။

လူတိုင်းက ပေါင်းသင်းဆက်ဆံရေးမှာ ဖြစ်စေ၊တစ်ဦးတစ်ယာက် ကောင်းကျိုးအတွက် ဖြစ်စေ အဖြူရောင်မုသားသုံးလိုက်ရတာမျိုး လူတိုင်းကြုံဖူးကြမှာပါ။ ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ အားလုံးအဆင်ပြေသွားစေဖို့ ထက်ထက်မြက်မြက်နဲ့ ဉာဏ်ကို လွှာသုံးပြီး မုသားအသေးစားလေးတွေသုံးရတတ်ပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေလိမ်တာကို မိသွားတဲ့အချိန်မှာ လုပ်ရမယ့်အလုပ်နှစ်ခုရှိပါတယ်။ကို်ယ့်လို အရွယ်ရောက်ပြီးသူတစ်ယောက်ကို်တောင် လှည့်စားနို်င်တဲ့ ကလေးရဲ့ ထက်မြက်မှုကို ချီးကျူးရင်း ရိုးသားမှုရဲ့ တန်ဖိုိးကိုသင်ပေးရမှာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ရိုးသားမှုနဲ့ပတ်သက်ပြီး သင်ကြားပေးနိုင်မယ့် ပုံပြင်တွေကို သိရှိနိုင်ဖို့ ပုံပြင်တွေနဲ့စမ်းသပ်ကြည့်ခဲ့ပါတဲ့အခါမှာ လိမ်လည်မှုကြောင့် အပြစ်ခံရတယ်ဆိုတဲ့ ပုံပြင်ထက် ရိုးသားတဲ့သူက ဘယ်လိုကောင်းကျိုးရသလဲဆိုတာ ပြသပေးနိုင်တဲ့ ပုံပြင်တွေက ကလေးတွေရဲ့ အပြုအမူပေါ်မှာ ပိုပြီးသက်ရောက်မှု ရှိတာကိုတွေ့ရပါတယ်။

ဒါပေမဲ့ အသေးစားလိမ်လည်မှုတွေ ကျူးလွန်တတ်တဲ့ကလေးတွေ ပေါများနေတဲ့ တိုင်းပြည်တစ်ခု ဖြစ်မလာစေဖို့ မိဘတွေအနေနဲ့ လှည့်စားတတ်တာကို ဉာဏ်ရည်မြင့်မားခြင်းရဲ့ ပြယုဂ်အဖြစ်လက်ခံပြီး ရိုးသားခြင်းရဲ့ကောင်းကျိုး နဲ့ တန်ဖိုးကို သိရှိနားလည်ပြီး လက်ခံ ကျင့်သုံးချင်လာအောင် သင်ကြားပေးရမှာ ဖြစ်ပါတယ်။
Credit - Trend Myanmar

No comments:

Post a Comment