Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

ထြက္ေပၚ တုိင္း/ျပည္နယ္လႊတ္ေတာ္ အႀကီးအကဲအမည္စာရင္း အတည္မျပဳႏုိင္ေၾကာင္း NLD ေျပာ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို ၂ဝ၁၅ ခုႏွစ္ စက္တင္ဘာလ ၂၂ ရက္ေန႔က ေကာ့မွဴးၿမိဳ႕နယ္ လူထုေဟာေျပာပြဲမွာ ေတြ႔ရစဥ္။ Photo: RFA
ေဒၚေအာင္ဆန္းစုၾကည္လက္မွတ္နဲ႔ တိုင္းနဲ႔ျပည္နယ္အသီးသီးက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရံုး ေတြကို ခ်ိတ္ပိတ္ေပး ပို႔ထားတဲ့ လႊတ္ေတာ္ဥကၠဌနဲ႔ ဒုတိယဥကၠဌေတြရဲ႕ အမည္စာရင္းေတြကို ဒီေန႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္က NLD ရံုးေတြမွာ ဖြင့္ေဖာက္ဖတ္ရႈခဲ့ၾကၿပီး၊ ထြက္ေပၚေနတဲ့ အမည္စာရင္းေတြကုိေတာ့ အတည္မျပဳႏုိင္ေၾကာင္း NLD တာဝန္ရွိသူေတြ က ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌနဲ႔ ဒုတိယဥကၠဌေတြရဲ႕ အမည္စာရင္းကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အားလံုးေရွ႕မွာ ဒီေန႔မနက္ ဖြင့္ေဖာက္ခဲ့တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

"ေျပာလို႔မရဘူးဗ်ာ၊ သူတို႔ကလည္းပိတ္လိုက္တာကို၊ အထက္က အန္ကယ္လ္တို႔ကို ခ်ျပတာေပါ့ေနာ္၊  ဒီဟာေတြ လိုက္နာၿပီး ဒီလိုလုပ္ဖို႔ဆိုတာ၊ အဲ့ဒါေလးကို သူတို႔အမိန္႔ေပးတဲ့သေဘာပါပဲ၊ အမ်ားရဲ႕သေဘာတူဆိုေတာ့ အားလံုးကလက္ခံရမယ့္ အေနအထားပါ၊ အထက္က အကုန္လံုးကို ၾကည့္ၿပီးေလ့လာၿပီးေတာ့ တာဝန္ေပးလိုက္ တာေပါ့ေလ၊ အန္ကယ္လ္တို႔လည္း လက္ခံပါတယ္"

အင္တာနက္လူမႈကြန္ရက္ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာလည္း NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က လ်ာထားတဲ့ တိုင္းေဒသႀကီးနဲ ႔ျပည္နယ္အသီးသီးရဲ့ လႊတ္ေတာ္ဥကၠဌနဲ႔ ဒုတိယဥကၠဌေတြရဲ႕ အမည္စာရင္းေတြလည္း ထြက္ေပၚေနပါတယ္။

ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ လႊတ္ေတာ္အစည္းေဝးေတြၿပီးမွသာ အၿပီးသတ္အေျဖကိုရမွာျဖစ္တာေၾကာင့္ အခုထြက္ေပၚေနတဲ့ သတင္းေတြကို အတည္ျပဳေပးလို႔မရဘူးလို႔ ရန္ကုန္တုိင္း ေရြးေကာက္ပြဲေအာင္ႏုိင္ေရး ဥကၠ႒ ေဒါက္တာ စုိးဝင္းဦးက ေျပာ ပါတယ္။

"က်ေနာ္တို႔ ပါတီအေနနဲ႔ေတာ့ တရားဝင္အတည္မျပဳေပးႏိုင္ပါဘူးခင္ဗ်၊ ဘာေၾကာင့္လဲဆိုေတာ့ မေသခ်ာ ဗဟိုက စီအီၤးစီကေနၿပီးေတာ့ အန္ကယ္လ္ ဦးဝင္းထိန္ ေျဖထားပါတယ္ခင္ဗ်၊ က်ေနာ္တို႔ အတည္မျပဳေပးႏိုင္ပါဘူး လို႔ ေျဖထားပါတယ္၊ လႊတ္ေတာ္က ေဖေဖာ္ဝါရီ ၈ ရက္ေန႔က်မွ တၿပိဳင္နက္ က်င္းပမွာေပါ့ေလ၊ အဲ့လိုက်င္းပၿပီး ထြက္လာတဲ့ရလဒ္ကမွ ဒါအတည္ျဖစ္မွာပါ၊ တကယ့္လုပ္မယ့္ေန႔မနက္အထိ ဗဟိုက အခ်ိန္မေရြးေျပာင္းလို႔ရတယ္ဗ်၊ အားလံုးကလည္း အထက္နဲ႔ေအာက္နဲ႔ တိုင္ပင္ၿပီးလုပ္ၾကတဲ့အခါက်ေတာ့ က်ေနာ္ထင္ပါတယ္ အခုအခ်ိန္ထိ ဘာကိုမွ က်ေနာ္ အတည္ျပဳေပးလို႔ မရပါဘူး၊ ဒါမူအားျဖင့္ မရပါဘူး"

မနက္ျဖန္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွာ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္း ေဒသႀကီး၊ မႏၱေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ခ်င္းျပည္နယ္အစရွိတဲ့ တိုင္းနဲ႔ ျပည္နယ္ေတြက အဖြဲ႔ခ်ဳပ္ရံုးေတြမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ခန္႔အပ္ဖို႔လ်ာထားတဲ့ လႊတ္ေတာ္ဥကၠဌနဲ႔ ဒုတိယဥကၠဌေတြရဲ႕ အမည္စာရင္းကို ဖြင့္ေဖာက္သြားမယ္လို႔သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌအျဖစ္ ဒဂံုၿမိဳ႕နယ္က အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေမာင္ထြန္း၊ မႏၱေလးတိုင္းေဒသႀကီးေဒသႀကီးလႊတ္ေတာ္ ဥကၠဌအျဖစ္ ပုသိမ္ႀကီးၿမိဳ႕နယ္က ဦးေအာင္ေက်ာ္ဦး၊ မြန္ျပည္နယ္ လႊတ္ေတာ္ဥကၠဌအျဖစ္ သံျဖဴဇရပ္ၿမိဳ႕နယ္က ေဒၚတင္အိ၊ ခ်င္းျပည္နယ္လႊတ္ ေတာ္ဥကၠဌအျဖစ္ ဟားခါးၿမိဳ႕နယ္က ဦးဇိုဘြဲ၊ ကယားျပည္နယ္လႊတ္ေတာ္ ဥကၠဌအျဖစ္ ရွားေတာၿမိဳ႕နယ္က ဦးလွေထြး၊ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌအျဖစ္ လက္ပံတန္းၿမိဳ႕နယ္က ဦးခင္ေမာင္ရင္တို႔ကို ေရြးခ်ယ္ထားတယ္လို႔ သတင္းေတြ ထြက္ေနတာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
............
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ကော့မှူးမြို့နယ် လူထုဟောပြောပွဲမှာ တွေ့ရစဉ်။ Photo: RFA
ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး တွေကို ချိတ်ပိတ်ပေး ပို့ထားတဲ့ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းတွေကို ဒီနေ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က NLD ရုံးတွေမှာ ဖွင့်ဖောက်ဖတ်ရှုခဲ့ကြပြီး၊ ထွက်ပေါ်နေတဲ့ အမည်စာရင်းတွေကိုတော့ အတည်မပြုနိုင်ကြောင်း NLD တာဝန်ရှိသူတွေ က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးရှေ့မှာ ဒီနေ့မနက် ဖွင့်ဖောက်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

"ပြောလို့မရဘူးဗျာ၊ သူတို့ကလည်းပိတ်လိုက်တာကို၊ အထက်က အန်ကယ်လ်တို့ကို ချပြတာပေါ့နော်၊  ဒီဟာတွေ လိုက်နာပြီး ဒီလိုလုပ်ဖို့ဆိုတာ၊ အဲ့ဒါလေးကို သူတို့အမိန့်ပေးတဲ့သဘောပါပဲ၊ အများရဲ့သဘောတူဆိုတော့ အားလုံးကလက်ခံရမယ့် အနေအထားပါ၊ အထက်က အကုန်လုံးကို ကြည့်ပြီးလေ့လာပြီးတော့ တာဝန်ပေးလိုက် တာပေါ့လေ၊ အန်ကယ်လ်တို့လည်း လက်ခံပါတယ်"

အင်တာနက်လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လျာထားတဲ့ တိုင်းဒေသကြီးနဲ ့ပြည်နယ်အသီးသီးရဲ့ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ လွှတ်တော်အစည်းဝေးတွေပြီးမှသာ အပြီးသတ်အဖြေကိုရမှာဖြစ်တာကြောင့် အခုထွက်ပေါ်နေတဲ့ သတင်းတွေကို အတည်ပြုပေးလို့မရဘူးလို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက ပြော ပါတယ်။

"ကျနော်တို့ ပါတီအနေနဲ့တော့ တရားဝင်အတည်မပြုပေးနိုင်ပါဘူးခင်ဗျ၊ ဘာကြောင့်လဲဆိုတော့ မသေချာ ဗဟိုက စီအီင်္းစီကနေပြီးတော့ အန်ကယ်လ် ဦးဝင်းထိန် ဖြေထားပါတယ်ခင်ဗျ၊ ကျနော်တို့ အတည်မပြုပေးနိုင်ပါဘူး လို့ ဖြေထားပါတယ်၊ လွှတ်တော်က ဖေဖော်ဝါရီ ၈ ရက်နေ့ကျမှ တပြိုင်နက် ကျင်းပမှာပေါ့လေ၊ အဲ့လိုကျင်းပပြီး ထွက်လာတဲ့ရလဒ်ကမှ ဒါအတည်ဖြစ်မှာပါ၊ တကယ့်လုပ်မယ့်နေ့မနက်အထိ ဗဟိုက အချိန်မရွေးပြောင်းလို့ရတယ်ဗျ၊ အားလုံးကလည်း အထက်နဲ့အောက်နဲ့ တိုင်ပင်ပြီးလုပ်ကြတဲ့အခါကျတော့ ကျနော်ထင်ပါတယ် အခုအချိန်ထိ ဘာကိုမှ ကျနော် အတည်ပြုပေးလို့ မရပါဘူး၊ ဒါမူအားဖြင့် မရပါဘူး"

မနက်ဖြန် ဖေဖော်ဝါရီလ ရ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်အစရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေက အဖွဲ့ချုပ်ရုံးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်ဖို့လျာထားတဲ့ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းကို ဖွင့်ဖောက်သွားမယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌအဖြစ် ဒဂုံမြို့နယ်က အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ထွန်း၊ မန္တလေးတိုင်းဒေသကြီးဒေသကြီးလွှတ်တော် ဥက္ကဌအဖြစ် ပုသိမ်ကြီးမြို့နယ်က ဦးအောင်ကျော်ဦး၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌအဖြစ် သံဖြူဇရပ်မြို့နယ်က ဒေါ်တင်အိ၊ ချင်းပြည်နယ်လွှတ် တော်ဥက္ကဌအဖြစ် ဟားခါးမြို့နယ်က ဦးဇိုဘွဲ၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရှားတောမြို့နယ်က ဦးလှထွေး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌအဖြစ် လက်ပံတန်းမြို့နယ်က ဦးခင်မောင်ရင်တို့ကို ရွေးချယ်ထားတယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment