Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

တစ္ႏုိင္ငံလုံး လွ်ပ္စစ္ဓာတ္အားရရွိေရး ကန္ေဒၚလာ ၅ ဒသမ ၈ ဘီလီယံသုံးစဲြမည္

လွ်ပ္စစ္ဓာတ္အားမရရွိ ေသးေသာ ျပည္သူ ၇ ဒသမ ၂ သန္းလွ်ပ္စစ္မီးရရွိေရး ႏုိင္ငံေတာ္အ စိုးရက အေမရိကန္ ေဒၚလာ ၅ဒသမ ၈ ဘီလီယံအသုံးျပဳသြားမည္ဟု ထုတ္ျပန္ေၾကညာသည္။
လွ်ပ္စစ္ဓာတ္အားမရရွိ ေသးေသာ ျပည္သူ ၇ ဒသမ ၂ သန္းလွ်ပ္စစ္မီးရရွိေရး ႏုိင္ငံေတာ္အ စိုးရက အေမရိကန္ ေဒၚလာ ၅ဒသမ ၈ ဘီလီယံအသုံးျပဳသြားမည္ဟု ထုတ္ျပန္ေၾကညာသည္။

ေရးဆဲြထားေသာ အမ်ဳိး သားစြမ္းအင္မူ၀ါဒကို ဇန္န၀ါရီ ၆ ရက္တြင္ ထုတ္ျပန္ေၾကညာၿပီး ေနာက္ ၂၃ ရက္အၾကာ၌ အ မ်ဳိးသားလွ်ပ္စစ္ဓာတ္အားရရွိ ေရးစီမံကိန္းအတြက္ အေမရိကန္ ေဒၚလာ ၅ ဒသမ ၈ ဘီလီယံသုံး စဲြသြားမည္ဟု ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

အဆုိပါ စီမံကိန္းကို ယခုႏွစ္ တြင္ စတင္အေကာင္အထည္ေဖာ္ ရန္ ရည္ရြယ္ထားၿပီး အစိုးရက မတည္ေငြျဖင့္ စတင္ကာ လိုအပ္ ေသာ ေငြပမာဏအခ်ဳိ႕ကို ကမၻာ့ ဘဏ္မွ ေခ်းယူမည္ဟု သတင္း ရရွိသည္။

တစ္ႏုိင္ငံလုံး လွ်ပ္စစ္ဓာတ္ အားရရွိေရး ျမန္မာႏုိင္ငံ၏ လွ်ပ္စစ္ဓာတ္အားလုိအပ္ခ်က္သည္ မဂၢါ၀ပ္ ၁၄,၅၀၀ (တစ္ေသာင္းေလးေထာင့္ငါးရာ)ရွိသည္ဟု အမ်ဳိးသားစြမ္းအင္စီမံခန္႔ခဲြမႈ ေကာ္မတီက ခန္႔မွန္းထားၿပီး အစိုးရက အေမရိကန္ေဒၚလာ ၅ ဒသမ ၈ ဘီလီယံသုံးစဲြရန္ လ်ာထားသည္။

အဆုိပါ စီမံကိန္းသည္ ၁၅ ႏွစ္ခန္႔ၾကာျမင့္မည္ျဖစ္ၿပီး ၂၀၃၀ တြင္ အၿပီးသတ္အေကာင္အ ထည္ေဖာ္ရန္ အစိုးရအဖဲြ႕က စီမံ ကိန္းေရးဆဲြထားသည္။ စီမံကိန္း ကို သုံးပိုင္းခဲြကာ အေကာင္အ ထည္ေဖာ္မည္ျဖစ္ၿပီး စီမံကိန္း တစ္ခုလွ်င္ ငါးႏွစ္ပိုင္းျခားသတ္ မွတ္သြားမည္ဟု ဆုိသည္။

ပထမငါးႏွစ္အတြက္ ကမၻာ့ ဘဏ္က အေမရိကန္ေဒၚလာ သန္း ၄၀၀ ထုတ္ေခ်းထားၿပီး အဆုိပါ ေငြေၾကးကိုအမ်ဳိးသား လွ်ပ္စစ္ဓာတ္အားရရွိေရးအ တြက္ လိုအပ္သည့္ ပစၥည္းမ်ား ၀ယ္ယူေရးႏွင့္ အႀကံေပးငွားရမ္း သည့္ ေနရာတြင္အသုံးျပဳသြား မည္ဟု လွ်ပ္စစ္စြမ္းအား၀န္ႀကီး ဌာန ဒုတိယ၀န္ႀကီး ဦးေမာ္သာ ေထြးက ဇန္န၀ါရီ ၈ ရက္ ေနျပည္ ေတာ္၌ ျပဳလုပ္သည့္ ေကာ္မတီ ႏွစ္ပတ္လည္အစည္းအေ၀း တြင္ ေျပာၾကားထားသည္။

အဆုိပါ စီမံကိန္းအေကာင္ အထည္ေဖာ္ရန္ အစိုးရက ဒုတိယသမၼတဦးဉာဏ္ထြန္းဦး ေဆာင္ၿပီး စြမ္းအင္၀န္ႀကီးဌာန၊ လွ်ပ္စစ္စြမ္းအား၀န္ႀကီးဌာနတို႔ ပါ၀င္ေသာ အမ်ဳိးသားစြမ္းအင္ စီမံခန္႔ခဲြမႈေကာ္မတီကို ၂၀၁၃ တြင္ ဖဲြ႕စည္းထားၿပီး ျဖစ္ သည္။ ျမန္မာႏုိင္ငံတြင္ လွ်ပ္စစ္ ဓာတ္အားသုံးစဲြသည့္ အိမ္ေထာင္ စု ၁၀ ဒသမ ၈၉ သန္းသာရွိၿပီး က်န္အိမ္ေထာင္စုမ်ားမွာ ယေန႔ ထိ လွ်ပ္စစ္ဓာတ္အားသုံးစဲြႏုိင္ ျခင္း မရွိေသးေပ။
Credit - 7DayDaily
......................
တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံသုံးစွဲမည်

လျှပ်စစ်ဓာတ်အားမရရှိ သေးသော ပြည်သူ ရ ဒသမ ၂ သန်းလျှပ်စစ်မီးရရှိရေး နိုင်ငံတော်အ စိုးရက အမေရိကန် ဒေါ်လာ ၅ဒသမ ၈ ဘီလီယံအသုံးပြုသွားမည်ဟု ထုတ်ပြန်ကြေညာသည်။
လျှပ်စစ်ဓာတ်အားမရရှိ သေးသော ပြည်သူ ရ ဒသမ ၂ သန်းလျှပ်စစ်မီးရရှိရေး နိုင်ငံတော်အ စိုးရက အမေရိကန် ဒေါ်လာ ၅ဒသမ ၈ ဘီလီယံအသုံးပြုသွားမည်ဟု ထုတ်ပြန်ကြေညာသည်။

ရေးဆွဲထားသော အမျိုး သားစွမ်းအင်မူဝါဒကို ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ကြေညာပြီး နောက် ၂၃ ရက်အကြာ၌ အ မျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံသုံး စွဲသွားမည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ယခုနှစ် တွင် စတင်အကောင်အထည်ဖော် ရန် ရည်ရွယ်ထားပြီး အစိုးရက မတည်ငွေဖြင့် စတင်ကာ လိုအပ် သော ငွေပမာဏအချို့ကို ကမ္ဘာ့ ဘဏ်မှ ချေးယူမည်ဟု သတင်း ရရှိသည်။

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားရရှိရေး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် မဂ္ဂါ၀ပ် ၁၄,၅၀၀ (တစ်သောင်းလေးထောင့်ငါးရာ)ရှိသည်ဟု အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု ကော်မတီက ခန့်မှန်းထားပြီး အစိုးရက အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံသုံးစွဲရန် လျာထားသည်။

အဆိုပါ စီမံကိန်းသည် ၁၅ နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ၂၀၃၀ တွင် အပြီးသတ်အကောင်အ ထည်ဖော်ရန် အစိုးရအဖွဲ့က စီမံ ကိန်းရေးဆွဲထားသည်။ စီမံကိန်း ကို သုံးပိုင်းခွဲကာ အကောင်အ ထည်ဖော်မည်ဖြစ်ပြီး စီမံကိန်း တစ်ခုလျှင် ငါးနှစ်ပိုင်းခြားသတ် မှတ်သွားမည်ဟု ဆိုသည်။

ပထမငါးနှစ်အတွက် ကမ္ဘာ့ ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထုတ်ချေးထားပြီး အဆိုပါ ငွေကြေးကိုအမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးအ တွက် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူရေးနှင့် အကြံပေးငှားရမ်း သည့် နေရာတွင်အသုံးပြုသွား မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမော်သာ ထွေးက ဇန်နဝါရီ ၈ ရက် နေပြည် တော်၌ ပြုလုပ်သည့် ကော်မတီ နှစ်ပတ်လည်အစည်းအဝေး တွင် ပြောကြားထားသည်။

အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ရန် အစိုးရက ဒုတိယသမ္မတဦးဉာဏ်ထွန်းဦး ဆောင်ပြီး စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပါ၀င်သော အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီကို ၂၀၁၃ တွင် ဖွဲ့စည်းထားပြီး ဖြစ် သည်။ မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အားသုံးစွဲသည့် အိမ်ထောင် စု ၁၀ ဒသမ ၈၉ သန်းသာရှိပြီး ကျန်အိမ်ထောင်စုများမှာ ယနေ့ ထိ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင် ခြင်း မရှိသေးပေ။
Credit - 7DayDaily

No comments:

Post a Comment