Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 15, 2016

နိုင္ငံအႏွံ႔ေပါ့ဆမႈေၾကာင့္ မီးေလာင္ကြ်မ္းမႈ အမ်ားအျပား ျဖစ္ပြားျခင္းေၾကာင့္ ေကာ့မွဴးၿမဳိ ့နယ္၌ မီးေဘး အႏၱရာယ္ႀကဳိတင္ ကာကြယ္ႏုိင္ရန္ ေဒၚေအာင္ဆန္းစုၾကည္ အေၾကာင္းၾကား


    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၁၅ ရက္ (ဆင္ဟြာ)

    ျမန္မာနိုင္ငံေနရာ ေဒသအႏွံ႔တြင္ ေပါ့ဆမႈေၾကာင့္ မီးေလာင္ကြ်မ္းမႈ အမ်ားအျပား ျဖစ္ပြားလ်က္ ရွိျခင္းေၾကာင့္ ေကာ့မွဴးၿမဳိ ့နယ္တြင္ မီးေဘး အႏၱရာယ္ ႀကဳိတင္ ကာကြယ္ႏုိင္ေရး ႏွင့္ ပတ္သက္၍ အျခား လုိအပ္ခ်က္မ်ား အားလုံးကုိၿမဳိ ့နယ္ အုပ္ခ်ဳပ္ေရးမွဴးမွ မီးသတ္ ဦးစီးဌာန ႏွင့္ ညႇိႏႈိင္း၍ စီမံခ်က္ အျမန္ဆုံး တင္ျပရန္ ေမတၱာရပ္ခံစာအား ေကာ့မွဴး မဲဆႏၵနယ္မွ ျပည္သူ ့လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန ့ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ ေကာ့မွဴးၿမဳိ ့နယ္ အုပ္ခ်ဳပ္ေရးမွဴးထံသုိ ့ေပးပုိ ့အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။

ေကာ့မွဴးၿမဳိ ့နယ္ တစ္ခုလုံး အတုိင္းအတာအေနျဖင့္ မီးေဘး အႏၱရာယ္ ႀကဳိတင္ ကာကြယ္ေရး ႏွင့္ ပတ္သက္၍ မီးသတ္ ဦးစီးဌာန ႏွင့္ ပူးေပါင္းကာ လူေန ထူထပ္သည့္ ရပ္ကြက္ ၊ ေစ်း ၊ ေက်ာင္း ၊ ေဆးရုံ ၊ ရုံးလူေနအိမ္ ေနရာတုိ႔တြင္ မီးသတ္ဘူးမ်ား ေဆာင္ထားရွိရန္ ပညာေပး လွဳံ႕ေဆာ္မႈမ်ား ေဆာင္ရြက္ရန္ စသည့္ အခ်က္မ်ားအရ ႀကဳိတင္ကာကြယ္မႈမ်ား ျပင္ဆင္ျပဳလုပ္ထားရန္ အထူးလုိအပ္မည္ ျဖစ္ေၾကာင္း အေၾကာင္းၾကားစာတြင္ ေဖာ္ျပထားသည္။

အမ်ဳိးသား ဒီမုိကေရစီ အဖြဲ ့ခ်ဳပ္ (NLD) ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္သည္ ၿပီးခဲ့သည့္ ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္ ေကာ့မွဴးၿမဳိ ့နယ္ ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္ အျဖစ္ ဝင္ေရာက္ ယွဥ္ၿပဳိင္ ေရြးခ်ယ္ အႏုိင္ရရွိခဲ့ၿပီး ၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲတြင္လည္း ေကာ့မွဴးၿမဳိ ့နယ္ ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္ အျဖစ္ ျပန္လည္ အေရြးခ်ယ္ခံ အႏုိင္ရရွိခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
...............


    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံနေရာ ဒေသအနှံ့တွင် ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု အများအပြား ဖြစ်ပွားလျက် ရှိခြင်းကြောင့် ကော့မှူးမြို ့နယ်တွင် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး နှင့် ပတ်သက်၍ အခြား လိုအပ်ချက်များ အားလုံးကိုမြို ့နယ် အုပ်ချုပ်ရေးမှူးမှ မီးသတ် ဦးစီးဌာန နှင့် ညှိနှိုင်း၍ စီမံချက် အမြန်ဆုံး တင်ပြရန် မေတ္တာရပ်ခံစာအား ကော့မှူး မဲဆန္ဒနယ်မှ ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ ့ဖေဖော်ဝါရီ ၁၅ ရက်တွင် ကော့မှူးမြို ့နယ် အုပ်ချုပ်ရေးမှူးထံသို ့ပေးပို ့အကြောင်းကြားခဲ့ကြောင်း သိရသည်။

ကော့မှူးမြို ့နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး နှင့် ပတ်သက်၍ မီးသတ် ဦးစီးဌာန နှင့် ပူးပေါင်းကာ လူနေ ထူထပ်သည့် ရပ်ကွက် ၊ စျေး ၊ ကျောင်း ၊ ဆေးရုံ ၊ ရုံးလူနေအိမ် နေရာတို့တွင် မီးသတ်ဘူးများ ဆောင်ထားရှိရန် ပညာပေး လှုံ့ဆော်မှုများ ဆောင်ရွက်ရန် စသည့် အချက်များအရ ကြိုတင်ကာကွယ်မှုများ ပြင်ဆင်ပြုလုပ်ထားရန် အထူးလိုအပ်မည် ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို ့နယ် ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ကော့မှူးမြို ့နယ် ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြန်လည် အရွေးချယ်ခံ အနိုင်ရရှိခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment