Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 15, 2016

သူေဌးမုဒိန္းက်င့္မႈေၾကာင့္ မိမိကိုယ္အဆံုးစီရင္


ထိုင္းႏိုင္ငံ ဥဒြန္ဌာနီၿမိဳ႕ ေနာင္ခမ္ရပ္ကြက္ကမွ အလုပ္သမား လင္မယားႏွစ္ဦးသည္ သူေဌးအိမ္ တစ္အိမ္မွာ အလုပ္လုပ္ေနပါတယ္ မယားျဖစ္သူက ရုပ္ရည္ေလး အသင့္တင့္ လွပမႈေၾကာင့္ သူေဌးက သူမကိုအခါေပါင္းေျမာက္မ်ားစြာ မယားသဖြယ္ျပဳက်င့္ခဲ့တာကို မေက်နပ္တဲ့အတြက္ အႀကိမ္ႀကိမ္ရဲစခန္းႏွင့္ သက္ဆိုင္ရာဌာနသို႔ သြားေရာက္ တိုင္ၾကားခဲ့သည္မွာ အေရးယူေဆာင္ရြက္ေပးျခင္းမရွိ ခဲ့ပါဘူး။

 အဲဒါသာမက သူေဌးကေဒသခံရဲအရာရွိနဲ႔လူႀကီးေတြ သူခင္မင္တယ္ဆိုတဲ့အေၾကာင္း တိုင္တန္းခဲ့တဲ့အမႈကို သက္ဆိုင္ရာမွာလက္မခံခဲ့တဲ့အတြက္ အားရစကားေတြ လာဆိုေနတာေၾကာင့္ ၀မ္းနည္းမိလို႔ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလ ၁၃ရက္ေန႔မွာ လင္မယားႏွစ္ဦးစလံုး အဆိပ္ခတ္ေဆးေသာက္ၿပီး မိမိကိုယ္မိမိ အဆံုးစီရင္ခဲ့ပါတယ္။

 အေလာင္းေဘးမွာစာတစ္ေစာင္ေရးထားခဲ့ ပါေသးတယ္ သူေဌးက ကာေမသုက်ဴးလြန္၍ အမႈတိုင္တန္းရာမွာ မထေျမာက္တဲ့အေၾကာင္းအရာအျဖစ္ပ်က္စာေလးေတြ ေရးထားခဲ့ပါေသးတယ္။

 က်န္ရစ္ေနတဲ့သားတစ္ေယာက္က မေန႔ေဖေဖာ္၀ရီလ ၁၄ရက္ေန႔မွာ သူမိဘႏွစ္ပါးအတြက္ ရိုးရာထံုးတမ္းအရ ကုသိုလ္ေကာင္းမႈလွဴဒါန္းေပးၿပီး စ်ာပနပြဲျပဳလုပ္ေပးခဲ့ပါတယ္။

 က်န္ရစ္သား၏ေျပာျပခ်က္အရ ရဲတပ္ဖြဲ႔က ဤအမႈကိုလိုက္လံေဆာင္ရြက္ ေပးေတာ့မယ္လို႔ဆိုပါတယ္။

MTF Channel
https://www.facebook.com/mtftv
............


ထိုင်းနိုင်ငံ ဥဒွန်ဌာနီမြို့ နောင်ခမ်ရပ်ကွက်ကမှ အလုပ်သမား လင်မယားနှစ်ဦးသည် သူဌေးအိမ် တစ်အိမ်မှာ အလုပ်လုပ်နေပါတယ် မယားဖြစ်သူက ရုပ်ရည်လေး အသင့်တင့် လှပမှုကြောင့် သူဌေးက သူမကိုအခါပေါင်းမြောက်များစွာ မယားသဖွယ်ပြုကျင့်ခဲ့တာကို မကျေနပ်တဲ့အတွက် အကြိမ်ကြိမ်ရဲစခန်းနှင့် သက်ဆိုင်ရာဌာနသို့ သွားရောက် တိုင်ကြားခဲ့သည်မှာ အရေးယူဆောင်ရွက်ပေးခြင်းမရှိ ခဲ့ပါဘူး။

 အဲဒါသာမက သူဌေးကဒေသခံရဲအရာရှိနဲ့လူကြီးတွေ သူခင်မင်တယ်ဆိုတဲ့အကြောင်း တိုင်တန်းခဲ့တဲ့အမှုကို သက်ဆိုင်ရာမှာလက်မခံခဲ့တဲ့အတွက် အားရစကားတွေ လာဆိုနေတာကြောင့် ၀မ်းနည်းမိလို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ လင်မယားနှစ်ဦးစလုံး အဆိပ်ခတ်ဆေးသောက်ပြီး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ပါတယ်။

 အလောင်းဘေးမှာစာတစ်စောင်ရေးထားခဲ့ ပါသေးတယ် သူဌေးက ကာမေသုကျူးလွန်၍ အမှုတိုင်တန်းရာမှာ မထမြောက်တဲ့အကြောင်းအရာအဖြစ်ပျက်စာလေးတွေ ရေးထားခဲ့ပါသေးတယ်။

 ကျန်ရစ်နေတဲ့သားတစ်ယောက်က မနေ့ဖေဖော်ဝရီလ ၁၄ရက်နေ့မှာ သူမိဘနှစ်ပါးအတွက် ရိုးရာထုံးတမ်းအရ ကုသိုလ်ကောင်းမှုလှူဒါန်းပေးပြီး စျာပနပွဲပြုလုပ်ပေးခဲ့ပါတယ်။

 ကျန်ရစ်သား၏ပြောပြချက်အရ ရဲတပ်ဖွဲ့က ဤအမှုကိုလိုက်လံဆောင်ရွက် ပေးတော့မယ်လို့ဆိုပါတယ်။

MTF Channel
https://www.facebook.com/mtftv

No comments:

Post a Comment