Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 9, 2016

ဗီဒီယို အႀကိဳခံစားျခင္း (ဂ်ာကင္အေဟာင္းေလး)



On  Tue, 2016-02-09 06:30Issue No.No.1004 Tuesday, February 9, 2016

- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္း က႑မွာေတာ့ လူငယ္အခ်စ္ဇာတ္ကားေလးကို ၫႊန္းေပးလုိက္ပါတယ္။

လင္းညိဳက ရန္ကုန္ၿမိဳ႕ ကို တကၠသိုလ္တက္ဖို႔အတြက္ ေရာက္လာခဲ့တာပါ။ ရန္ကုန္ တကၠသိုလ္ထဲမွာ ဟိုေငးဒီေငးလုပ္ေနတုန္း ကားတစ္စီးကဝင္တိုက္မိမလုိျဖစ္ပါတယ္။ ဒါေပမဲ့လည္းကားသမားကေတာ့ဆင္း ေမးေဖာ္ေတာင္မရခဲ့ပါဘူး။ အဲဒီအခ်ိန္မွာ လူတစ္ေယာက္ကေတာ့ သူ႔ကိုကူူညီခဲ့ပါတယ္။ အဲဒီလူကေတာ့ ေက်ာင္းတက္ေနတာ ခုနစ္ႏွစ္ေလာက္ရွိေနၿပီျဖစ္တဲ့ ေက်ာင္းေပ်ာ္ႀကီးပါ။ အဲဒီလုိနဲ႔ ေက်ာင္းအပ္ဖို႔ သြားတန္းစီခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ သူေကာင္မေလးတစ္ေယာက္ကို လွမ္းၿပီးေတြ႕လိုက္ပါတယ္။ ေကာင္မေလးကို ေငးေနတာေၾကာင့္ ေနာက္ကလူေတြ ေအာ္တာခံလုိက္ရပါေသးတယ္။ သူအေဆာင္ေရာက္တဲ့အခ်ိန္မွာေတာ့ ေကာင္မေလးအေၾကာင္းကို စာအုပ္ထဲမွာေရးခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သူ႔သူ ငယ္ခ်င္းေတြ ေတြ႕ ၿပီး စခဲ့ပါတယ္။ အဲဒီအေၾကာင္းကို သိတဲ့အခ်ိန္မွာ ေကာင္မေလးကိုရွာဖို႔ သူ႔သူငယ္ခ်င္းက ကူညီမယ္လို႔ေျပာခဲ့ပါတယ္။

သူ႔သူငယ္ခ်င္း အစ္ကိုရဲ႕ အကူအညီနဲ႔ လင္းညိဳတို႔အဖြဲ႕ ေကာင္မေလးကို လုိက္ရွာၾကပါတယ္။ တစ္တန္းၿပီး တစ္တန္း လုိက္ရွာခဲ့ေပမယ့္ သူႀကိဳက္ေနတဲ့ ေကာင္မေလးကိုေတာ့ မေတြ႕ခဲ့ပါဘူး။ အဲဒါေၾကာင့္ ေနာက္ေန႔မွာ လုပ္မယ့္ ဖရက္ရွာဝဲလ္ကမ္းမွာ ရွာဖို႔စီစဥ္ခဲ့ပါတယ္။ ဖရက္ရွာဝဲလ္ကမ္းမွာေတာ့ သူရွာေနတဲ့ ေကာင္မေလးကို ေတြ႕ခဲ့ပါတယ္။

ေကာင္မေလးရဲ႕နာမည္ကပိုးဥပါ။ ပိုးဥက တစ္ေက်ာင္းလံုးရဲ႕အလွဆံုး ဆုရရွိခဲ့ပါတယ္။ အဲဒီလိုပဲ ေယာက်္ားေလးေတြထဲမွာ လည္း မင္းထင္သာဆိုတဲ့သူတစ္ ေယာက္ကဆုရခဲ့ပါတယ္။ တစ္ေက်ာင္းလံုးရဲ႕ Queen ဆုရခဲ့တဲ့ပိုးဥကို ခ်ဥ္းကပ္ဖို႔ လင္းညိဳ မဝ့ံမရဲျဖစ္ခဲ့ရပါတယ္။ အဲဒီထက္ဆိုး တာက မင္းထင္သာက ပိုးဥရဲ႕အနားကိုကပ္ေနတာေၾကာင့္ပါ။ အဲဒါေၾကာင့္ သူ႔အေျခအေနကို သူသိၿပီး ပိုးဥကိုစိတ္ဝင္စားေပမယ့္ေနာက္ဆုတ္ခဲ့ပါတယ္။ ဒါေပမဲ့ ပိုးဥအခက္အခဲေတြ႕တိုင္းေတာ့ ကူညီခြင့္ရခဲ့ပါတယ္။ ပထမတစ္ႀကိမ္က ပိုးဥရဲ႕ စာအုပ္ကိုျပန္ေပးခဲ့တာပါ။ ဒုတိယ တစ္ႀကိမ္မွာ ေတာ့ ေက်ာင္းထဲမွာ ပိုးဥရဲ႕ အက်ႌ မေတာ္တဆ ၿပဲသြားတာေၾကာင့္ သူ႔ရဲ႕ ဂ်င္းဂ်ာကင္အက်ႌေလးကို ငွားခဲ့ပါတယ္။

အဲဒီလုိအကူအညီေတြေပး ေပမယ့္ လင္းညိဳကပိုးဥကို ခပ္ တန္းတန္းပဲ ဆက္ဆံပါတယ္။ အဲဒါေၾကာင့္ ပိုးဥက လင္းညိဳကို စာေတာ္တာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္အထင္ႀကီးေနတာလို႔ထင္ခဲ့ပါတယ္။ အဲဒါကို လင္းညိဳကလည္း ျပန္ၿပီးရွင္းမျပခဲ့ပါဘူး။ လင္းညိဳကပိုးဥကို စိတ္ဝင္စားေနေပမယ့္ ဘာေၾကာင့္ ေနာက္ ဆုတ္ခဲ့တာလဲ၊ မင္းထင္သာကိုပိုးဥ တကယ္ျပန္ႀကိဳက္သြားမွာ လား၊ ပိုးဥနဲ႔လင္းညိဳရဲ႕ ဇာတ္လမ္းဘာေတြဆက္ျဖစ္မလဲဆုိ တာကိုေတာ့ ဘိုဘိုထုတ္လုပ္ေရးကျဖန္႔ခ်ိေပးထားတဲ့ ဂ်ာကင္အေဟာင္းေလးဆိုတဲ့ ဇာတ္ကား ေလးမွာ ဆက္လက္႐ႈစားေပးပါ။

ဒီဇာတ္ကားမွာ လင္းညိဳအ ျဖစ္ လႊမ္းပိုင္၊ ပိုးဥအျဖစ္ ခင္ဝင့္ဝါနဲ႔ မင္းထင္သာအျဖစ္ သူရိယတုိ႔က ပါဝင္ သ႐ုပ္ေဆာင္ထားပါ တယ္။ လႊမ္းပိုင္ရဲ႕ ဇာတ္ၫႊန္းကို မိုးနီလြင္ဇာတ္ၫႊန္းေရးၿပီး ဒါ႐ိုက္တာေအာင္ေဇာ္လင္းက ႐ိုက္ ကူးပံုေဖာ္ထားပါတယ္။
7Daydaily
...................
ဗီဒီယို အကြိုခံစားခြင်း

ဂျာကင်အဟောင်းလေး

On  Tue, 2016-02-09 06:30Issue No.No.1004 Tuesday, February 9, 2016

- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍမှာတော့ လူငယ်အချစ်ဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်။

လင်းညိုက ရန်ကုန်မြို့ ကို တက္ကသိုလ်တက်ဖို့အတွက် ရောက်လာခဲ့တာပါ။ ရန်ကုန် တက္ကသိုလ်ထဲမှာ ဟိုငေးဒီငေးလုပ်နေတုန်း ကားတစ်စီးကဝင်တိုက်မိမလိုဖြစ်ပါတယ်။ ဒါပေမဲ့လည်းကားသမားကတော့ဆင်း မေးဖော်တောင်မရခဲ့ပါဘူး။ အဲဒီအချိန်မှာ လူတစ်ယောက်ကတော့ သူ့ကိုကူူညီခဲ့ပါတယ်။ အဲဒီလူကတော့ ကျောင်းတက်နေတာ ခုနစ်နှစ်လောက်ရှိနေပြီဖြစ်တဲ့ ကျောင်းပျော်ကြီးပါ။ အဲဒီလိုနဲ့ ကျောင်းအပ်ဖို့ သွားတန်းစီခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူကောင်မလေးတစ်ယောက်ကို လှမ်းပြီးတွေ့လိုက်ပါတယ်။ ကောင်မလေးကို ငေးနေတာကြောင့် နောက်ကလူတွေ အော်တာခံလိုက်ရပါသေးတယ်။ သူအဆောင်ရောက်တဲ့အချိန်မှာတော့ ကောင်မလေးအကြောင်းကို စာအုပ်ထဲမှာရေးခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့သူ ငယ်ချင်းတွေ တွေ့ ပြီး စခဲ့ပါတယ်။ အဲဒီအကြောင်းကို သိတဲ့အချိန်မှာ ကောင်မလေးကိုရှာဖို့ သူ့သူငယ်ချင်းက ကူညီမယ်လို့ပြောခဲ့ပါတယ်။

သူ့သူငယ်ချင်း အစ်ကိုရဲ့ အကူအညီနဲ့ လင်းညိုတို့အဖွဲ့ ကောင်မလေးကို လိုက်ရှာကြပါတယ်။ တစ်တန်းပြီး တစ်တန်း လိုက်ရှာခဲ့ပေမယ့် သူကြိုက်နေတဲ့ ကောင်မလေးကိုတော့ မတွေ့ခဲ့ပါဘူး။ အဲဒါကြောင့် နောက်နေ့မှာ လုပ်မယ့် ဖရက်ရှာဝဲလ်ကမ်းမှာ ရှာဖို့စီစဉ်ခဲ့ပါတယ်။ ဖရက်ရှာဝဲလ်ကမ်းမှာတော့ သူရှာနေတဲ့ ကောင်မလေးကို တွေ့ခဲ့ပါတယ်။

ကောင်မလေးရဲ့နာမည်ကပိုးဥပါ။ ပိုးဥက တစ်ကျောင်းလုံးရဲ့အလှဆုံး ဆုရရှိခဲ့ပါတယ်။ အဲဒီလိုပဲ ယောကျ်ားလေးတွေထဲမှာ လည်း မင်းထင်သာဆိုတဲ့သူတစ် ယောက်ကဆုရခဲ့ပါတယ်။ တစ်ကျောင်းလုံးရဲ့ Queen ဆုရခဲ့တဲ့ပိုးဥကို ချဉ်းကပ်ဖို့ လင်းညို မဝ့ံမရဲဖြစ်ခဲ့ရပါတယ်။ အဲဒီထက်ဆိုး တာက မင်းထင်သာက ပိုးဥရဲ့အနားကိုကပ်နေတာကြောင့်ပါ။ အဲဒါကြောင့် သူ့အခြေအနေကို သူသိပြီး ပိုးဥကိုစိတ်ဝင်စားပေမယ့်နောက်ဆုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုးဥအခက်အခဲတွေ့တိုင်းတော့ ကူညီခွင့်ရခဲ့ပါတယ်။ ပထမတစ်ကြိမ်က ပိုးဥရဲ့ စာအုပ်ကိုပြန်ပေးခဲ့တာပါ။ ဒုတိယ တစ်ကြိမ်မှာ တော့ ကျောင်းထဲမှာ ပိုးဥရဲ့ အကျႌ မတော်တဆ ပြဲသွားတာကြောင့် သူ့ရဲ့ ဂျင်းဂျာကင်အကျႌလေးကို ငှားခဲ့ပါတယ်။

အဲဒီလိုအကူအညီတွေပေး ပေမယ့် လင်းညိုကပိုးဥကို ခပ် တန်းတန်းပဲ ဆက်ဆံပါတယ်။ အဲဒါကြောင့် ပိုးဥက လင်းညိုကို စာတော်တာကြောင့် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာလို့ထင်ခဲ့ပါတယ်။ အဲဒါကို လင်းညိုကလည်း ပြန်ပြီးရှင်းမပြခဲ့ပါဘူး။ လင်းညိုကပိုးဥကို စိတ်ဝင်စားနေပေမယ့် ဘာကြောင့် နောက် ဆုတ်ခဲ့တာလဲ၊ မင်းထင်သာကိုပိုးဥ တကယ်ပြန်ကြိုက်သွားမှာ လား၊ ပိုးဥနဲ့လင်းညိုရဲ့ ဇာတ်လမ်းဘာတွေဆက်ဖြစ်မလဲဆို တာကိုတော့ ဘိုဘိုထုတ်လုပ်ရေးကဖြန့်ချိပေးထားတဲ့ ဂျာကင်အဟောင်းလေးဆိုတဲ့ ဇာတ်ကား လေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ လင်းညိုအ ဖြစ် လွှမ်းပိုင်၊ ပိုးဥအဖြစ် ခင်ဝင့်ဝါနဲ့ မင်းထင်သာအဖြစ် သူရိယတို့က ပါဝင် သရုပ်ဆောင်ထားပါ တယ်။ လွှမ်းပိုင်ရဲ့ ဇာတ်ညွှန်းကို မိုးနီလွင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာအောင်ဇော်လင်းက ရိုက် ကူးပုံဖော်ထားပါတယ်။
7Daydaily

No comments:

Post a Comment