Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

ေဒၚေအာင္ဆန္းစုၾကည္၏ ထင္ရွားမႈေၾကာင့္ ျမန္မာႏိုင္ငံအား ျပည္ပ ခရီးသြား ဧည့္သည္မ်ား စိတ္ဝင္စားမႈ ျမင့္တက္ (ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားမှုကြောင့် မြန်မာနိုင်ငံအား ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု မြင့်တက် )


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲအၿပီး ႏိုင္ငံေရးအေျပာင္းလဲ တစ္ခုျဖစ္လာသည့္အျပင္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၏ ထင္ရွားမႈေၾကာင့္ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံျခားသားခရီးသြားတို႔ စိတ္ဝင္စားမႈ ျမင့္တက္လာေၾကာင္း Thingazar Travels and tours မွ မန္ေနဂ်င္းဒါ႐ုိက္တာ ဦးတင္ထြန္းေအာင္ထံမွ သိရွိရသည္။

ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ား အသင္းတြင္ ၁၂ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သည့္ ဦးတင္ထြန္းေအာင္က အဆိုပါ အေၾကာင္းအရာႏွင့္ ပတ္သက္ၿပီး ေဖေဖာ္ဝါရီ ၂၅ ရက္က က်င္းပေသာ ၂၀၁၆ ခုႏွစ္ ျမန္မာႏိုင္ငံခရီးသြား တိုးတက္မႈ အလားအလာ ေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“၂၀၁၀ အစိုးရသစ္ လက္ထက္မွာ စတင္တိုးတက္လာတယ္။ ေဒၚစုရဲ႕ ထင္ရွားမႈကလည္း ခရီးသြား တိုးတက္ လာတာနဲ႔ သက္ဆုိင္တာ ျငင္းလို႔မရဘူး။ ခရီးသြားဝန္ႀကီးဌာနနဲ႔ ခရီးသြားလုပ္ငန္း ေတြကလည္း တိုးတက္ လာတာေၾကာင့္ပါ။ အခုတိုးတက္လာၿပီ ဆိုေတာ့ ျပန္မက်သြားေအာင္ ထိန္းသိမ္းဖို႔ လိုအပ္ပါတယ္” ဟု ဦးတင္ထြန္းေအာင္က ေျပာသည္။

ျမန္မာႏိုင္ငံသို႔ နိုင္ငံျခားသား ခရီးသြားဝင္ေရာက္ လည္ပတ္မႈႏႈန္းမွာ ၂၀၁၃ ခုႏွစ္တြင္ သုံးသန္းေက်ာ္ ရွိခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အတြင္း နိုင္ငံျခားသား ခရီးသြားဧည့္သည္ ေလးသန္းေက်ာ္အထိ ရွိခဲ့ေၾကာင္း သိရသည္။

“ႏိုင္ငံျခားသား ခရီးသြားအမ်ားစုကေတာ့ ေဒၚစုကို စိတ္ဝင္စားၾကပါတယ္။ ရန္ကုန္ေရာက္ရင္ ေဒၚစုအိမ္ေရွ႕ကို သြားလည္တာေတြ၊ ဓာတ္ပံု႐ုိက္တာေတြ လုပ္ၾကပါတယ္” ဟု 7 Days Travels and Tour မွ Sales Manager ကိုေကာင္းစည္သူက ေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ခရီးသြားလုပ္ငန္း တိုးတက္လာၿပီျဖစ္ေသာ္လည္း ဝန္ေဆာင္မႈအပိုင္း တိုးတက္လာရန္ လုပ္ေဆာင္သြားရမည္ျဖစ္ၿပီး အေျခခံ အေဆာက္အအံု လိုအပ္ခ်က္မ်ားကိုလည္း ဆက္လက္ ျဖည့္ဆည္း လုပ္ေဆာင္သြားရမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးသက္လြင္တိုးက ေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ခရီးသြားလုပ္ငန္း တိုးတက္ရန္အတြက္ Master Plan တစ္ခု ေရးဆြဲထားၿပီးျဖစ္ကာ ၂၀၂၀ ျပည့္ႏွစ္တြင္ ႏိုင္ငံျခားသား ခရီးသြားဧည့္သည္ ခုနစ္သန္းေက်ာ္ ဝင္ေရာက္လည္ပတ္ရန္ ရည္ရြယ္ထားေၾကာင္း သိရသည္။

သတင္း - MMK
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies
...............


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေးအပြောင်းလဲ တစ်ခုဖြစ်လာသည့်အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားမှုကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံခြားသားခရီးသွားတို့ စိတ်ဝင်စားမှု မြင့်တက်လာကြောင်း Thingazar Travels and tours မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်ထွန်းအောင်ထံမှ သိရှိရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတွင် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးတင်ထွန်းအောင်က အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပသော ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံခရီးသွား တိုးတက်မှု အလားအလာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“၂၀၁၀ အစိုးရသစ် လက်ထက်မှာ စတင်တိုးတက်လာတယ်။ ဒေါ်စုရဲ့ ထင်ရှားမှုကလည်း ခရီးသွား တိုးတက် လာတာနဲ့ သက်ဆိုင်တာ ငြင်းလို့မရဘူး။ ခရီးသွားဝန်ကြီးဌာနနဲ့ ခရီးသွားလုပ်ငန်း တွေကလည်း တိုးတက် လာတာကြောင့်ပါ။ အခုတိုးတက်လာပြီ ဆိုတော့ ပြန်မကျသွားအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု ဦးတင်ထွန်းအောင်က ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက် လည်ပတ်မှုနှုန်းမှာ ၂၀၁၃ ခုနှစ်တွင် သုံးသန်းကျော် ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် လေးသန်းကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

“နိုင်ငံခြားသား ခရီးသွားအများစုကတော့ ဒေါ်စုကို စိတ်ဝင်စားကြပါတယ်။ ရန်ကုန်ရောက်ရင် ဒေါ်စုအိမ်ရှေ့ကို သွားလည်တာတွေ၊ ဓာတ်ပုံရိုက်တာတွေ လုပ်ကြပါတယ်” ဟု 7 Days Travels and Tour မှ Sales Manager ကိုကောင်းစည်သူက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း တိုးတက်လာပြီဖြစ်သော်လည်း ဝန်ဆောင်မှုအပိုင်း တိုးတက်လာရန် လုပ်ဆောင်သွားရမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံ လိုအပ်ချက်များကိုလည်း ဆက်လက် ဖြည့်ဆည်း လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း တိုးတက်ရန်အတွက် Master Plan တစ်ခု ရေးဆွဲထားပြီးဖြစ်ကာ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ခုနစ်သန်းကျော် ဝင်ရောက်လည်ပတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

သတင်း - MMK
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment