NCA ပါ စည္းကမ္းခ်က္အခ်ဳိ႕ကုိ အစုိးရႏွင့္ တုိင္းရင္းသား ႏွစ္ဖက္စလုံး ခ်ဳိးေဖာက္ေၾကာင္း KNU ေျပာဆုိ(NCA ပါ စည်းကမ်းချက်အချို့ကို အစိုးရနှင့် တိုင်းရင်းသား နှစ်ဖက်စလုံး ချိုးဖောက်ကြောင်း KNU ပြောဆို)


ေဖေဖာ္ဝါရီ ၂၅ရက္၊ ၂၀၁၆ခုႏွစ္။ စအုိင္ဆူး

တစ္ႏိုင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္-NCA ႏွင့္ ကုိက္ညီမႈမရွိသည့္ လုပ္ရပ္အခ်ဳိ႕ကုိ တုိင္းရင္းသားဘက္ ကသာ ျပဳလုပ္ျခင္းမဟုတ္ဘဲ အစုိးရႏွင့္ တုိင္းရင္းသားလက္နက္ကုိင္အဖဲြ႔ ႏွစ္ဖက္စလုံးက ျပဳလုပ္ေနေၾကာင္း အပစ္ရပ္စဲေရး လုပ္ထားသည့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး-ေကအဲန္ယူ ယေန႔ ေျပာဆုိလုိက္သည္။

ေဖေဖာ္ဝါရီ ၂၂ရက္ေန႔က ရန္ကုန္ၿမိဳ႕၌ ျပဳလုပ္ခဲ့သည့္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ ၾကည့္ေရးေကာ္မတီ(JMC-U) အစည္းအေဝးပြဲ၌ (JMC-U) ဥကၠဌ ဒုဗုိလ္ခ်ဳပ္ႀကီးရာျပည့္က ေကအဲန္ယူႏွင့္ သွ်မ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ/ ရွမ္းျပည္တပ္မေတာ္ (RCSS/SSA)တုိ႔သည္ NCA ႏွင့္ ကုိက္ညီျခင္းမရွိသည့္ လုပ္ရပ္အခ်ဳိ႕ျပဳလုပ္ခဲ့ သည္ဟု ေျပာဆုိမႈအေပၚ ေကအဲန္ယူဘက္က ျပန္လည္ေျပာဆုိလိုက္ျခင္းျဖစ္သည္။

KNU တြဲဘက္အတြင္းေရးမႉး(၂) ပဒုိမန္းမန္းမန္းက “စာခ်ဳပ္ထဲမွာ ေရးထားတာက တပ္မေတာ္နဲ႔ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႔အစည္းမ်ားက တပ္သားသစ္ စုေဆာင္းျခင္း၊ တပ္အင္အားတုိးခ်ဲ႕ျခင္းမျပဳရဆုိၿပီး ႏွစ္ဖက္လုံးက လိုက္နာရမွာျဖစ္တယ္။ ဒါက တစ္ဖက္ထဲ မဟုတ္ဘူးဆုိတာ ေျပာခ်င္တယ္။ တပ္မေတာ္အေနနဲ႔လည္း က်ေနာ္တုိ႔ဘက္ကုိ တပ္အင္အားတုိးခ်ဲ႕တာေတြ ရွိတယ္။ စစ္ဆင္ေရးလမ္းေတြ ေဖာက္တာေတြကုိ ျမင္ေတြ႔ေနရတာပဲ”ဟု ေကအုိင္စီသုိ႔ ေျပာသည္။

ဤကဲ့သုိ႔ ျပဳလုပ္ေနမႈမ်ားအေပၚ တဖက္ႏွင့္တဖက္ ျပစ္တင္ေျပာဆုိေနမည့္အစား ႏွစ္ဖက္ ယုံၾကည္မႈရွိေအာင္ ဆက္လက္ညႇိ ႏႈိင္းေဆာင္ရြက္သြားရမည္ဟုလည္း ပဒုိမန္းမန္းမန္းက ျဖည့္စြက္ေျပာဆုိသည္။

JMC-U ဥကၠဌ ဒုဗုိလ္ခ်ဳပ္ႀကီးရာျပည့္၏ ေျပာဆုိခ်က္ထဲတြင္ ေကအဲန္ယူသည္ ၎တုိ႔၏ တပ္မဟာသုံးခုျဖစ္သည့္ တပ္မဟာ(၂)၊ ေကအဲန္ယူ ေကအဲန္ယူ တပ္မဟာ(၃)ႏွင့္ တပ္မဟာ(၅)နယ္ေျမေဒသမ်ားတြင္ ေဒသခံ ရြာသူရြာသားမ်ားအား ယခု ၂၀၁၆ခုႏွစ္ ဇန္နဝါရီလမ်ားအတြင္း ဖမ္းဆီးေခၚေဆာင္မႈမ်ား ျပဳခဲ့ေၾကာင္း ထည့္သြင္းေျပာဆုိထားမႈအေပၚ ကရင္အမ်ဳိးသားလြတ္ေျမာက္ ေရးတပ္မေတာ္(KNLA) တပ္မဟာ(၅)မႉး ဗုိလ္မႉးခ်ဳပ္ေစာမုဟဲကလည္း ယခုလုိ ျပန္လည္တုံ႔ျပန္ေျပာဆုိသည္။

“သူ(ဗုိလ္ခ်ဳပ္ႀကီးရာျပည့္) ေျပာသလုိမ်ဳိး ျဖစ္ခဲ့မယ္ဆုိရင္ က်ေနာ္တုိ႔အေနနဲ႔ ဝန္ခံမွာပါ။ အခုဟာက က်ေနာ္တုိ႔ နယ္ေျမမွာ အဲ့ လုိမ်ဳိးေတြ လုပ္တယ္လုိ႔ သူတုိ႔ျမင္သလုိ ေျပာဆုိမႈအရေတာ့ က်ေနာ္တုိ႔ တစ္ခုမွ မလုပ္ဘူး။ တစ္ခါမွလည္း မၾကားသိရဘူး။ သတ္မွတ္နယ္ေျမက်ဴးေက်ာ္မႈေတြေၾကာင့္သာ တုိက္ပြဲေတြ ျဖစ္တာမ်ဳိးပဲရွိတယ္”ဟု ေကအုိင္စီသုိ႔ ေျပာသည္။

၂၀၁၅ခုႏွစ္၊ ႏုိ၀င္ဘာလ ၁၈ရက္ေန႔က KNU ႏွင့္ အစုိးရတုိ႔ သေဘာတူလက္မွတ္ေရးထုိးထားေသာ ႏွစ္ဖက္ေလးစား လုိက္နာရ မည့္ ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ စစ္ဘက္ဆုိင္ရာ က်င့္ဝတ္မ်ားပါ အခန္း(၂)ႏွင့္ အခန္း(၃) မ်ားအရ ျပည္သူလူထုအား အေၾကာင္းမဲ့ျဖစ္ေစ၊ အမႈဆင္ၿပီးျဖစ္ေစ ဖမ္းဆီးျခင္းႏွင့္ အပစ္ရပ္နယ္ေျမအတြင္း တစ္ဖက္ႏွင့္တစ္ ဖက္အၾကား နယ္ေျမစုိးမုိးမႈ၊ တပ္လႈပ္ရွားျခင္း၊ တပ္အင္အားတုိးခ်ဲ႕ျခင္း၊ လက္နက္ကုိင္တုိက္ခုိက္မႈမ်ား၊ အၾကမ္းဖက္တုိက္ခုိက္ မႈမ်ား၊ ႐ုပ္ဝတၳဳမ်ား ဖ်က္ဆီးျခင္းႏွင့္ ထုိးစစ္ဆင္ျခင္းမ်ားကုိ ရပ္ဆုိင္းရန္ ပါရွိသည္။

 စအုိင္ဆူး
KIC - ေကအုိင္စီ
http://kicnews.org
.............


ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA နှင့် ကိုက်ညီမှုမရှိသည့် လုပ်ရပ်အချို့ကို တိုင်းရင်းသားဘက် ကသာ ပြုလုပ်ခြင်းမဟုတ်ဘဲ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံးက ပြုလုပ်နေကြောင်း အပစ်ရပ်စဲရေး လုပ်ထားသည့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ယနေ့ ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၂ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ(JMC-U) အစည်းအဝေးပွဲ၌ (JMC-U) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်က ကေအဲန်ယူနှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့သည် NCA နှင့် ကိုက်ညီခြင်းမရှိသည့် လုပ်ရပ်အချို့ပြုလုပ်ခဲ့ သည်ဟု ပြောဆိုမှုအပေါ် ကေအဲန်ယူဘက်က ပြန်လည်ပြောဆိုလိုက်ခြင်းဖြစ်သည်။

KNU တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက “စာချုပ်ထဲမှာ ရေးထားတာက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တပ်သားသစ် စုဆောင်းခြင်း၊ တပ်အင်အားတိုးချဲ့ခြင်းမပြုရဆိုပြီး နှစ်ဖက်လုံးက လိုက်နာရမှာဖြစ်တယ်။ ဒါက တစ်ဖက်ထဲ မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ တပ်မတော်အနေနဲ့လည်း ကျနော်တို့ဘက်ကို တပ်အင်အားတိုးချဲ့တာတွေ ရှိတယ်။ စစ်ဆင်ရေးလမ်းတွေ ဖောက်တာတွေကို မြင်တွေ့နေရတာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ဤကဲ့သို့ ပြုလုပ်နေမှုများအပေါ် တဖက်နှင့်တဖက် ပြစ်တင်ပြောဆိုနေမည့်အစား နှစ်ဖက် ယုံကြည်မှုရှိအောင် ဆက်လက်ညှိ နှိုင်းဆောင်ရွက်သွားရမည်ဟုလည်း ပဒိုမန်းမန်းမန်းက ဖြည့်စွက်ပြောဆိုသည်။

JMC-U ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်၏ ပြောဆိုချက်ထဲတွင် ကေအဲန်ယူသည် ၎င်းတို့၏ တပ်မဟာသုံးခုဖြစ်သည့် တပ်မဟာ(၂)၊ ကေအဲန်ယူ ကေအဲန်ယူ တပ်မဟာ(၃)နှင့် တပ်မဟာ(၅)နယ်မြေဒေသများတွင် ဒေသခံ ရွာသူရွာသားများအား ယခု ၂၀၁၆ခုနှစ် ဇန်နဝါရီလများအတွင်း ဖမ်းဆီးခေါ်ဆောင်မှုများ ပြုခဲ့ကြောင်း ထည့်သွင်းပြောဆိုထားမှုအပေါ် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်စောမုဟဲကလည်း ယခုလို ပြန်လည်တုံ့ပြန်ပြောဆိုသည်။

“သူ(ဗိုလ်ချုပ်ကြီးရာပြည့်) ပြောသလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့အနေနဲ့ ဝန်ခံမှာပါ။ အခုဟာက ကျနော်တို့ နယ်မြေမှာ အဲ့ လိုမျိုးတွေ လုပ်တယ်လို့ သူတို့မြင်သလို ပြောဆိုမှုအရတော့ ကျနော်တို့ တစ်ခုမှ မလုပ်ဘူး။ တစ်ခါမှလည်း မကြားသိရဘူး။ သတ်မှတ်နယ်မြေကျူးကျော်မှုတွေကြောင့်သာ တိုက်ပွဲတွေ ဖြစ်တာမျိုးပဲရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၁၅ခုနှစ်၊ နို၀င်ဘာလ ၁၈ရက်နေ့က KNU နှင့် အစိုးရတို့ သဘောတူလက်မှတ်ရေးထိုးထားသော နှစ်ဖက်လေးစား လိုက်နာရ မည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များပါ အခန်း(၂)နှင့် အခန်း(၃) များအရ ပြည်သူလူထုအား အကြောင်းမဲ့ဖြစ်စေ၊ အမှုဆင်ပြီးဖြစ်စေ ဖမ်းဆီးခြင်းနှင့် အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့်တစ် ဖက်အကြား နယ်မြေစိုးမိုးမှု၊ တပ်လှုပ်ရှားခြင်း၊ တပ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ အကြမ်းဖက်တိုက်ခိုက် မှုများ၊ ရုပ်ဝတ္ထုများ ဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန် ပါရှိသည်။

 စအိုင်ဆူး
KIC - ကေအိုင်စီ
http://kicnews.org
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)