Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

ျမေစတီ ေက်ာက္စာ (ရာဇကုမာရ္ ေက်ာက္စာ) ႏွင့္ အေလာင္းဘုရား ေရႊေပလႊာ တို႔အား ေရွးေဟာင္း သုေတသန ျပတိုက္၌ ျပသသြားမည္( မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) နှင့် အလောင်းဘုရား ရွှေပေလွှာ တို့အား ရှေးဟောင်း သုတေသန ပြတိုက်၌ ပြသသွားမည်)

အေလာင္းဘုရား ေရႊေပလႊာအား ေတြ႔ရစဥ္ (ဓာတ္ပံု--ျမ၀တီ)
    ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၆ ရက္ (ဆင္ဟြာ)

    ျမေစတီ ေက်ာက္စာ (ရာဇကုမာရ္ ေက်ာက္စာ) ႏွင့္ အေလာင္းဘုရား ေရႊေပလႊာ တို႔၏ ယူနက္စကို အသိအမွတ္ျပဳ မွတ္တမ္း ဂုဏ္ျပဳလႊာမ်ားကို အေမြအႏွစ္ တစ္ခုအျဖစ္ ထိန္းသိမ္းႏိုင္ရန္ႏွင့္ အမ်ားျပည္သူ ၾကည့္႐ႈႏိုင္ရန္ ရည္ရြယ္၍ ပံုစံတူ သတၱဳျပား၊ ေၾကြျပားမ်ားျဖင့္ ေရးထြင္းကာ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈ နယ္ေျမ ရွိ ေရွးေဟာင္း သုေတသန ျပတိုက္၌ ျပသသြားမည္ ျဖစ္ေၾကာင္း ယဥ္ေက်းမႈ ဝန္ႀကီးဌာန သတင္းရရွိသည္။

ထို႔ျပင္ ျမန္မာဘုရင္ အေလာင္းမင္းတရားႀကီး မွ ၿဗိတိန္ ဘုရင္ထံ ေပးပို႔ခဲ့ေသာ ဂ်ာမနီႏိုင္ငံ ဟန္ႏိုဗာၿမိဳ႕ရွိ Gottfried Wilhelm Leibniz စာၾကည့္တိုက္၌ ထိန္းသိမ္း ထားသည့္ ေရႊေပလႊာကို ၂ဝ၁၅ ခုႏွစ္က ကမၻာ့ မွတ္တမ္း အေမြအႏွစ္ စာရင္းသုိ႔ ျမန္မာႏုိင္ငံႏွင့္ ဂ်ာမနီႏိုင္ငံတို႔ ပူးတြဲ တင္ျပခဲ့ရာ လက္ရွိတြင္ ဂ်ာမနီ အစိုးရမွ ယင္းေရႊေပလႊာ၏ ဒစ္ဂ်စ္တယ္ မိတၱဴကို ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရး လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့သည့္ အတြက္ ယခုအခါ ျပည္သူမ်ား ေလ့လာ ၾကည့္႐ႈႏိုင္ရန္ အဆုိပါေ ရႊေပလႊာကို အမ်ဳိးသားျပတိုက္ (ရန္ကုန္) ၌ ျပသသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ကမာၻ ့မွတ္တမ္း အေမြအႏွစ္ အစီအစဥ္တြင္ ကမၻာ့ အေမြအႏွစ္ ေလွ်ာက္ထားမႈေပါင္း ၈၈ ခုအနက္ ျမေစတီ ေက်ာက္စာကို ယူနက္စကိုမွ ကမာၻ ့မွတ္တမ္း အေမြအႏွစ္ စာရင္း ထည့္သြင္းခဲ့ျခင္း ျဖစ္သည္။

 (Xinhua)
http://www.xinhuamyanmar.com
..........
 အလောင်းဘုရား ရွှေပေလွှာအား တွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

    မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) နှင့် အလောင်းဘုရား ရွှေပေလွှာ တို့၏ ယူနက်စကို အသိအမှတ်ပြု မှတ်တမ်း ဂုဏ်ပြုလွှာများကို အမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းနိုင်ရန်နှင့် အများပြည်သူ ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ပုံစံတူ သတ္တုပြား၊ ကြွေပြားများဖြင့် ရေးထွင်းကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ရှိ ရှေးဟောင်း သုတေသန ပြတိုက်၌ ပြသသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းရရှိသည်။

ထို့ပြင် မြန်မာဘုရင် အလောင်းမင်းတရားကြီး မှ ဗြိတိန် ဘုရင်ထံ ပေးပို့ခဲ့သော ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်း ထားသည့် ရွှေပေလွှာကို ၂ဝ၁၅ ခုနှစ်က ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းသို့ မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ ပူးတွဲ တင်ပြခဲ့ရာ လက်ရှိတွင် ဂျာမနီ အစိုးရမှ ယင်းရွှေပေလွှာ၏ ဒစ်ဂျစ်တယ် မိတ္တူကို မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည့် အတွက် ယခုအခါ ပြည်သူများ လေ့လာ ကြည့်ရှုနိုင်ရန် အဆိုပါေ ရွှပေလွှာကို အမျိုးသားပြတိုက် (ရန်ကုန်) ၌ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ ့မှတ်တမ်း အမွေအနှစ် အစီအစဉ်တွင် ကမ္ဘာ့ အမွေအနှစ် လျှောက်ထားမှုပေါင်း ၈၈ ခုအနက် မြစေတီ ကျောက်စာကို ယူနက်စကိုမှ ကမ္ဘာ ့မှတ်တမ်း အမွေအနှစ် စာရင်း ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

 (Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment