Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 13, 2016

မႏၲေလးရွိ ပ်ံက်ေစ်းမ်ားတြင္ ေရႊဟသၤာ၊ စစ္စလီစသည့္ ထိန္းသိမ္းထားေသာ ေရေပ်ာ္ငွက္မ်ားေရာင္းခ်ေန

Byခိုင္ခိုင္စိုးOn  Sat, 2016-02-13 12:47Locationရန္ကုန္Issue No.No.1008 Saturday, February 13, 2016

မႏၲေလးရိွ ေစ်းတစ္ခုတြင္ ေရာင္းခ်ေနသည့္ ရွားပါးေရေပ်ာ္ငွက္မ်ား(ဓာတ္ပံု−ေမာင္ေမာင္လတ္(ခ်စ္ညိဳ))
မႏၲေလးၿမိဳ႕ရွိ ပ်ံက်ေစ်း အခ်ိဳ႕တြင္ ေရငွက္မ်ားႏွင့္ ေရႊ ဟသၤာကဲ့သို႔ေသာ ထိန္းသိမ္းကာ ကြယ္ထားသည့္ငွက္မ်ားကိုသတ္ ျဖတ္ေရာင္းခ်မႈမ်ားရွိေနေၾကာင္း သတင္းရရွိသည္။

မႏၲေလးၿမိဳ႕ ေစ်းအခ်ိဳ႕တြင္ ေရဘဲ၊ စစ္စလီ၊ ေရႊဟသၤာ စသည့္ ထိန္းသိမ္းကာကြယ္ထားေသာ ေရေပ်ာ္ငွက္မ်ားကို မၾကာခဏေရာင္းခ်လ်က္ရွိေနသည္ဟု ျမန္မာငွက္ႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအသင္း မႏၲေလးတာဝန္ခံ ဦးေဇေမာင္သိန္းက ေျပာသည္။

‘‘ေရာင္းေနတာကေတာ့ ပ်ံ က်ေစ်းေတြမွာ အၿမဲေတြ႕ေနတာ ပဲ။ ေရာင္းတဲ့သူေတြကိုလည္း သြားပိတ္ဖို႔ဆိုတာ ခက္တယ္။ တာဝန္ရွိတဲ့သစ္ေတာကမွ မလုပ္ၾက တာ။ ထိန္းသိမ္းေရးအဖြဲ႕အစည္း ေတြကလည္း ပညာေပး႐ံုပဲရမယ္’’ဟု ၎က ေျပာၾကားသည္။


ငွက္မ်ားလာေရာက္က်က္ စားရာ ေတာင္သမန္အင္း၊ ပလိပ္ အင္းေဒသမ်ားႏွင့္ ဧရာဝတီသဲ ေသာင္ျပင္မ်ားတြင္ အစာအဆိပ္ ခ်ဖမ္းဆီးျခင္း၊ ႀကိဳးကြင္းျဖင့္ ေထာင္ေခ်ာက္ဆင္ဖမ္းဆီးျခင္း၊ ပိုက္ကြန္ျဖင့္ ဖမ္းဆီးျခင္းမ်ားျပဳလုပ္ကာ ျပန္လည္ေရာင္းခ်ေနသည္ဟု ဆိုသည္။

‘‘ေရႊဟသၤာေတြဆို ဧရာဝတီ ေသာင္မွာ အမ်ားႀကီးပဲ။ ဖမ္းတဲ့ သူေတြက ပိုက္တန္းခ်ၿပီး ဖမ္းေန ၾကတာ။ ၿပီးခဲ့တဲ့ တစ္ေခါက္ကဆို ငွက္ဖမ္းေရာင္းတဲ့သူေတြဆီမွာ ေရႊဟသၤာမ်ိဳးထဲက ရွားပါးမ်ိဳးစိတ္ ေကာင္ေတြေတာင္ ပါေနတာ ေတြ႕ရတယ္’’ဟု ဦးေဇေမာင္သိန္း က ဆက္လက္ေျပာၾကားသည္။

ယင္းေနရာမ်ား၌ ေဆာင္းခိုငွက္ႏွင့္ ေဒသခံငွက္မ်ား သတ္ျဖတ္ျခင္းမျပဳရန္ သတိေပးဆိုင္းဘုတ္မ်ားထားရွိေသာ္လည္း ေရာင္းခ်လ်က္ ရွိေနသည္။

ထိုသို႔ ငွက္မ်ားကို ဖမ္းဆီးမႈ မွ ေလ်ာ့နည္းေစရန္ ငွက္ဖမ္းဆီးသူမ်ားကို အသက္ေမြးဝမ္း ေက်ာင္းလုပ္ငန္းမ်ားဖန္တီးေပး ရန္ လိုအပ္သကဲ့သို႔ ဥပေဒျဖင့္လည္း ထိထိေရာက္ေရာက္လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း ငွက္ထိန္းသိမ္းေရးလုပ္ေဆာင္သူမ်ားက ေျပာသည္။

ေရႊဟသၤာ၊ စႏုိက္ စသည့္ ငွက္မ်ားသည္ လံုးဝကာကြယ္ထားသည့္ တိရစၧာန္မ်ားျဖစ္ၿပီး ယင္းတို႔ကို ခြင့္ျပဳခ်က္မရွိဘဲ သတ္ျဖတ္ျခင္း၊ အမဲလိုက္ျခင္း၊ လက္ဝယ္ထားရွိျခင္း ျပဳလုပ္ပါက ေထာင္ဒဏ္ ခုနစ္ႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္က်ပ္ ၅၀,၀၀၀ အထိျဖစ္ ေစ၊ ဒဏ္ႏွစ္ရပ္စလံုးျဖစ္ေစ ခ် မွတ္ႏုိင္ေၾကာင္း သိရသည္။
7Daydaily


...............
မန္တလေးရှိ ပျံကျစျေးများတွင် ရွှေဟင်္သာ၊ စစ်စလီစသည့် ထိန်းသိမ်းထားသော ရေပျော်ငှက်များရောင်းချနေ

Byခိုင်ခိုင်စိုးOn  Sat, 2016-02-13 12:47Locationရန်ကုန်Issue No.No.1008 Saturday, February 13, 2016

မန္တလေးရှိ စျေးတစ်ခုတွင် ရောင်းချနေသည့် ရှားပါးရေပျော်ငှက်များ(ဓာတ်ပုံ−မောင်မောင်လတ်(ချစ်ညို))
မန္တလေးမြို့ရှိ ပျံကျစျေး အချို့တွင် ရေငှက်များနှင့် ရွှေ ဟင်္သာကဲ့သို့သော ထိန်းသိမ်းကာ ကွယ်ထားသည့်ငှက်များကိုသတ် ဖြတ်ရောင်းချမှုများရှိနေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ စျေးအချို့တွင် ရေဘဲ၊ စစ်စလီ၊ ရွှေဟင်္သာ စသည့် ထိန်းသိမ်းကာကွယ်ထားသော ရေပျော်ငှက်များကို မကြာခဏရောင်းချလျက်ရှိနေသည်ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း မန္တလေးတာဝန်ခံ ဦးဇေမောင်သိန်းက ပြောသည်။

‘‘ရောင်းနေတာကတော့ ပျံ ကျစျေးတွေမှာ အမြဲတွေ့နေတာ ပဲ။ ရောင်းတဲ့သူတွေကိုလည်း သွားပိတ်ဖို့ဆိုတာ ခက်တယ်။ တာဝန်ရှိတဲ့သစ်တောကမှ မလုပ်ကြ တာ။ ထိန်းသိမ်းရေးအဖွဲ့အစည်း တွေကလည်း ပညာပေးရုံပဲရမယ်’’ဟု ၎င်းက ပြောကြားသည်။


ငှက်များလာရောက်ကျက် စားရာ တောင်သမန်အင်း၊ ပလိပ် အင်းဒေသများနှင့် ဧရာဝတီသဲ သောင်ပြင်များတွင် အစာအဆိပ် ချဖမ်းဆီးခြင်း၊ ကြိုးကွင်းဖြင့် ထောင်ချောက်ဆင်ဖမ်းဆီးခြင်း၊ ပိုက်ကွန်ဖြင့် ဖမ်းဆီးခြင်းများပြုလုပ်ကာ ပြန်လည်ရောင်းချနေသည်ဟု ဆိုသည်။

‘‘ရွှေဟင်္သာတွေဆို ဧရာဝတီ သောင်မှာ အများကြီးပဲ။ ဖမ်းတဲ့ သူတွေက ပိုက်တန်းချပြီး ဖမ်းနေ ကြတာ။ ပြီးခဲ့တဲ့ တစ်ခေါက်ကဆို ငှက်ဖမ်းရောင်းတဲ့သူတွေဆီမှာ ရွှေဟင်္သာမျိုးထဲက ရှားပါးမျိုးစိတ် ကောင်တွေတောင် ပါနေတာ တွေ့ရတယ်’’ဟု ဦးဇေမောင်သိန်း က ဆက်လက်ပြောကြားသည်။

ယင်းနေရာများ၌ ဆောင်းခိုငှက်နှင့် ဒေသခံငှက်များ သတ်ဖြတ်ခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များထားရှိသော်လည်း ရောင်းချလျက် ရှိနေသည်။

ထိုသို့ ငှက်များကို ဖမ်းဆီးမှု မှ လျော့နည်းစေရန် ငှက်ဖမ်းဆီးသူများကို အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများဖန်တီးပေး ရန် လိုအပ်သကဲ့သို့ ဥပဒေဖြင့်လည်း ထိထိရောက်ရောက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ငှက်ထိန်းသိမ်းရေးလုပ်ဆောင်သူများက ပြောသည်။

ရွှေဟင်္သာ၊ စနိုက် စသည့် ငှက်များသည် လုံးဝကာကွယ်ထားသည့် တိရစ္ဆာန်များဖြစ်ပြီး ယင်းတို့ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ လက်ဝယ်ထားရှိခြင်း ပြုလုပ်ပါက ထောင်ဒဏ် ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၅၀,၀၀၀ အထိဖြစ် စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချ မှတ်နိုင်ကြောင်း သိရသည်။
7Daydaily

No comments:

Post a Comment