CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, February 11, 2016
ေရႊဟသၤာေတြခမ်ာ ဌာေနကိုမပ်ံႏိုင္ေတာ့ပါ....
မႏၲေလးၿမိဳ႔ လမ္းေဘးတစ္ေနရာမွာ ပ်ံက်ေစ်းမွာ ေရဘဲ ၊ စစၥလီ ၊ စႏိုက္ ၊ အစရွိသည့္ ေရေပ်ာ္ငွက္မ်ားေရာင္းသည့္ဆိုင္မွာ ေရႊဟသၤာေတြကိုလည္းဖမ္းစီးေရာင္းခ်လာတာကို
ေတြျမင္ရပါတယ္။ မ်က္စိေရွ႕တြင္ခုတ္ထစ္သတ္ျဖတ္ၿပီး ဝယ္သူစိတ္ႀကိဳက္ သန္႔ရွင္းေရးလုပ္ေပးလိုက္ပါေသးတယ္။
ျမန္မာအေခၚ ဟသၤာ ၊ ေရႊဟသၤာ ၊ စကၠဝတ္ အဂၤလိပ္ အမည္ Ruddy Shelduck သိပၸံအမည္ Tadorna Ferruginea လို႔ေခၚပါတယ္။ ဟသၤာငွက္ဟာ လိေမၼာ္ႏွင့္နီညိဳ
ေရာင္ရင့္ရွိၿပီး ငန္းႏွင့္တူပါတယ္။ ဦးေခါင္း အဝါႏုေရာင္ ႏႈတ္သီးႏွင့္ေျခေထာက္တို႔မွာ အနက္ေရာင္ရွိပါတယ္။ ခႏၶာကိုယ္အလ်ားမွာ ႏႈတ္သီးမွအၿမီးအထိ ၂၅လက္မခန္႔ရွိပါတယ္။ ျမစ္မ်ား ေရကန္ႀကီးမ်ား အင္းမ်ားတြင္ အဖိုမ စံုတြဲ အုပ္စုလိုက္ေနထိုင္ၾကပါတယ္။ ငန္းကဲ့သို ႏွာသံျဖင့္ေအာ္သံေပးပါတယ္။ ေဆာင္းရာသီမွာ
ဧရာဝတီျမစ္ကမ္းတေလွ်ာက္ သဲေသာင္ခံုမ်ားတြင္ ႏွစ္စံုတြဲလိုက္ေတြျမင္ႏိုင္ပါတယ္။ ပ်ံသန္းသည့္အခါမွာလည္း အဖိုကေရွ႕မွာဦးေဆာင္ပ်ံၿပီး အမကေနာက္နားကေနကပ္လ်က္
စံုတြဲပ်ံသန္းေလ့ရွိပါတယ္။ ႏိုဝင္ဘာလ ႏွင့္ မတ္လအတြင္းသာ ျမန္မာျပည္မွာေတြ႕ႏိုင္ၿပီး အေအးေပါ့သြားတာႏွင့္ မူရင္းေဒသသို႔ျပန္သြားၾကတဲ့ေဆာင္းခိုငွက္မ်ားျဖစ္ပါတယ္။
သူတို႔မူရင္းေဒသက တ႐ုတ္ ႏွင့္ ႐ုရွားနယ္စပ္ ကေရခဲေဒသျဖစ္ပါတယ္။ေရခဲသည့္အခါ အစာေရစာရွရားပါျခင္း ႏွင့္အေအးဓါတ္လြန္ကဲမႈကိုေရွာင္ရွားရန္ ျမန္မာျပည္သို႔လာေရာက္လည္ပတ္သည့္ ဧည့္သည္ငွက္မ်ားျဖစ္ပါတယ္။ သူတို႔အတြက္ဗီဇာမလို နယ္စီးမျခားပါ ။သဘာဝတရာႀကီးကေပးထားတဲ့ လြတိလပ္မႈပါ။
မႏၲေလးအနီးတဝိုက္မွာရွိတဲ့ ပုလိပ္အင္း ၊ ေတာင္သမန္အင္း၊ ေညာင္ဝန္အင္း ၊ (မႏၲေလး မိုးကုတ္ကားလမ္း) ေရနံ႔သာအင္း ၊ (မႏၲေလး မိုကုတ္ကားလမ္း)ႏွင့္ ဧရာဝတီျမစ္ကမ္း
နံေဘး က ငွက္ေထာင္သမားေတြရဲ႕ပိုက္ကြန္ထဲမိတဲ့ ေရႊဟသၤာေတြခမ်ာေတာ့ ဌာေနကိုမပ်ံႏိုင္ေတာ့ပါ။
ေမာင္ေမာင္လတ္ (ခ်စ္ညိဳ),via Lwin Oo
.................
မန္တလေးမြို့ လမ်းဘေးတစ်နေရာမှာ ပျံကျစျေးမှာ ရေဘဲ ၊ စစ္စလီ ၊ စနိုက် ၊ အစရှိသည့် ရေပျော်ငှက်များရောင်းသည့်ဆိုင်မှာ ရွှေဟင်္သာတွေကိုလည်းဖမ်းစီးရောင်းချလာတာကို
တွေမြင်ရပါတယ်။ မျက်စိရှေ့တွင်ခုတ်ထစ်သတ်ဖြတ်ပြီး ဝယ်သူစိတ်ကြိုက် သန့်ရှင်းရေးလုပ်ပေးလိုက်ပါသေးတယ်။
မြန်မာအခေါ် ဟင်္သာ ၊ ရွှေဟင်္သာ ၊ စက္ကဝတ် အင်္ဂလိပ် အမည် Ruddy Shelduck သိပ္ပံအမည် Tadorna Ferruginea လို့ခေါ်ပါတယ်။ ဟင်္သာငှက်ဟာ လိမ္မော်နှင့်နီညို
ရောင်ရင့်ရှိပြီး ငန်းနှင့်တူပါတယ်။ ဦးခေါင်း အဝါနုရောင် နှုတ်သီးနှင့်ခြေထောက်တို့မှာ အနက်ရောင်ရှိပါတယ်။ ခန္ဓာကိုယ်အလျားမှာ နှုတ်သီးမှအမြီးအထိ ၂၅လက်မခန့်ရှိပါတယ်။ မြစ်များ ရေကန်ကြီးများ အင်းများတွင် အဖိုမ စုံတွဲ အုပ်စုလိုက်နေထိုင်ကြပါတယ်။ ငန်းကဲ့သို နှာသံဖြင့်အော်သံပေးပါတယ်။ ဆောင်းရာသီမှာ
ဧရာဝတီမြစ်ကမ်းတလျှောက် သဲသောင်ခုံများတွင် နှစ်စုံတွဲလိုက်တွေမြင်နိုင်ပါတယ်။ ပျံသန်းသည့်အခါမှာလည်း အဖိုကရှေ့မှာဦးဆောင်ပျံပြီး အမကနောက်နားကနေကပ်လျက်
စုံတွဲပျံသန်းလေ့ရှိပါတယ်။ နိုဝင်ဘာလ နှင့် မတ်လအတွင်းသာ မြန်မာပြည်မှာတွေ့နိုင်ပြီး အအေးပေါ့သွားတာနှင့် မူရင်းဒေသသို့ပြန်သွားကြတဲ့ဆောင်းခိုငှက်များဖြစ်ပါတယ်။
သူတို့မူရင်းဒေသက တရုတ် နှင့် ရုရှားနယ်စပ် ကရေခဲဒေသဖြစ်ပါတယ်။ရေခဲသည့်အခါ အစာရေစာရှရားပါခြင်း နှင့်အအေးဓါတ်လွန်ကဲမှုကိုရှောင်ရှားရန် မြန်မာပြည်သို့လာရောက်လည်ပတ်သည့် ဧည့်သည်ငှက်များဖြစ်ပါတယ်။ သူတို့အတွက်ဗီဇာမလို နယ်စီးမခြားပါ ။သဘာဝတရာကြီးကပေးထားတဲ့ လွတိလပ်မှုပါ။
မန္တလေးအနီးတဝိုက်မှာရှိတဲ့ ပုလိပ်အင်း ၊ တောင်သမန်အင်း၊ ညောင်ဝန်အင်း ၊ (မန္တလေး မိုးကုတ်ကားလမ်း) ရေနံ့သာအင်း ၊ (မန္တလေး မိုကုတ်ကားလမ်း)နှင့် ဧရာဝတီမြစ်ကမ်း
နံဘေး က ငှက်ထောင်သမားတွေရဲ့ပိုက်ကွန်ထဲမိတဲ့ ရွှေဟင်္သာတွေခမျာတော့ ဌာနေကိုမပျံနိုင်တော့ပါ။
မောင်မောင်လတ် (ချစ်ညို),via Lwin Oo
ေရႊဟသၤာေတြခမ်ာ ဌာေနကိုမပ်ံႏိုင္ေတာ့ပါ....
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 11, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 11, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment