Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 13, 2016

တည္ေနပံု ထူးျခားဆန္းၾကယ္ေသာ သဘာဝေက်ာက္ေတာင္ေပၚတြင္ တည္ထားေသာ ဇလံုေတာင္(လြယ္စန္႔လုံ) ဘုရား



ဇလံုေတာင္ေတာ္မွာ စစ္ကိုင္းတုိင္း၊ကသာခ႐ိုင္၊ ဗန္းေမာက္ၿမိဳ႕နယ္တြင္တည္ရွိၿပီး ဗန္းေမာက္မွ (၁၂)မိုင္၊ (၂)ဖာလံု ခန္႔အကြာ ေတာၿမိဳင္လယ္ တြင္တည္ရွိ၏။
ေဒသႏၲရဗဟုသုတကို ေလ့လာရွာမွီးၾကေသာ ဘုရားဖူးမ်ားမွာ တယ္ပင္ျပန္႔မွ လူသြားေက်ာက္ျခပ္တို႔အၾကားမွ ေတာင္ထိပ္ေပၚသို႔ တက္ေရာက္ၾကရသည္။ ဇလံု ေတာင္ ဝန္းက်င္၌ ကမၻာ့အံ့စရာတစ္ခုႏွယ္ျမင္ေတြ႕ၾကရေသာ ေက်ာက္မ႑ပ္ႀကီး ကလည္း အံ့မခန္းစရာပင္။
ထိုေက်ာက္မ႑ပ္၌ ေရွးပေဝသဏီႏွစ္ပရိေစၧဒကတည္းက ေက်ာက္ ျဖစ္႐ုပ္ၾကြင္းမ်ားအျဖစ္ ျမင္ေတြ႕ေနရဆဲျဖစ္ေသာ ေက်ာက္ဆန္အိတ္ႀကီး မ်ားကလည္း အံ့ၾသစရာေကာင္းပါသည္။
အက်ယ္အဝန္းႀကီးမားလွေသာ ေက်ာက္ မ႑ပ္ႀကီးေပၚ၌ ေစတီငယ္မ်ားႏွင့္ ဗုဒၶ႐ုပ္ထုေတာ္တို႔ကလည္း သပၸါယ္ၾကည္ညိဳစရာ ဖူးေတြ႕ရသည္။ ဇလံုေတာင္တည္ရွိရာ ေတာႀကီးေတာင္ႀကီးထဲ၌ သဘာဝ၏ေဆးဖက္ဝင္ ေတာေဆးေတာျမစ္တုိ႔ စံုလင္လွ၏။
ေတာရေဆာက္တည္၍ တရားရွာမွီးၾကသည့္ ေယာဂီသူေတာ္စင္ႏွင့္ ရဟန္းေတာ္တို႔ အေနအစား ၿခိဳးျခံစြာျဖင့္ တပအက်င့္ကို က်င့္ႀကံ လွ်က္ရွိၾကသည္မွာ ေတာရ၏ စိတၲဝိေဝကတစ္ခုျဖစ္သည္။
ဇလံုေတာင္၏ ေတာရေဟမဝါ စိမ့္ႀကီးၿမိဳင္ႀကီးမ်ားထဲ၌ သဘာဝ၏ လွပဆန္းျပားေသာ သစ္ခြပန္းမ်ိဳးစံုတို႔က ေတာ၏ အလွကို တစ္မ်ိဳးတစ္ဖံု လွပၾကည္ႏူးေစပါသည္။ ဇလံုေတာင္သည္ လွပမႈမ်ိဳးစံုတို႔ႏွင့္ လာေရာက္ၾကသူမ်ားအား အမ်ိဳးမ်ိဳးအဖံုဖံု ဆြဲေဆာင္ ထားႏိုင္ခဲ့၏။
ဇလံုေတာင္သည္ သာယာသည္၊ လွပသည္၊ ေအးခ်မ္းသည္၊ သန္႔ရွင္းသည္။ ၾကည္ႏူးရသည္။ ဆန္းသစ္သည္၊ စိတ္ဓာတ္လန္းစြင့္သည္။ နက္နဲေသာ ေတာရ၏အလွ လွ်ိဳေျမႇာင္တုိ႔၏ အံ့ဖြယ္ဆန္းျပားမႈႏွင့္ ေပါၾကြယ္ဝသည္။
ကတူးႏွင့္ ရွမ္း၊ ကဏန္း တိုင္းရင္းသားတို႔ အေျခခ် ေနထုိင္လွ်က္ရွိေသာ ဗန္းေမာက္ၿမိဳ႕နယ္မွာ သဘာဝက အစုလိုက္အပံုလုိက္ ဖန္တီးေပးထားေသာ ပန္းစံု ေတာႀကီးႏွင့္ ေတာၿမိဳင္ႀကီးကား လူေပါင္းမ်ားစြာ အတြက္ စိတ္ဓာတ္ကို ၫႈိ႕ငင္ ဖမ္းစားႏိုင္စြမ္းေသာ ရတနာသိုက္ႀကီးတစ္ခု ျဖစ္ေပေတာ့သည္။
Credit-----ျမန္မာ့ယဥ္ေက်းမႈပံုရိပ္မ်ားဘေလာ့
ဓမၼရတနာ
...........
တည်နေပုံ ထူးခြားဆန်းကြယ်သော သဘာဝကျောက်တောင်ပေါ်တွင် တည်ထားသော ဇလုံတောင်(လွယ်စန့်လုံ) ဘုရား

ဇလုံတောင်တော်မှာ စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင်တည်ရှိပြီး ဗန်းမောက်မှ (၁၂)မိုင်၊ (၂)ဖာလုံ ခန့်အကွာ တောမြိုင်လယ် တွင်တည်ရှိ၏။
ဒေသန္တရဗဟုသုတကို လေ့လာရှာမှီးကြသော ဘုရားဖူးများမှာ တယ်ပင်ပြန့်မှ လူသွားကျောက်ခြပ်တို့အကြားမှ တောင်ထိပ်ပေါ်သို့ တက်ရောက်ကြရသည်။ ဇလုံ တောင် ဝန်းကျင်၌ ကမ္ဘာ့အံ့စရာတစ်ခုနှယ်မြင်တွေ့ကြရသော ကျောက်မဏ္ဍပ်ကြီး ကလည်း အံ့မခန်းစရာပင်။
ထိုကျောက်မဏ္ဍပ်၌ ရှေးပဝေသဏီနှစ်ပရိစ္ဆေဒကတည်းက ကျောက် ဖြစ်ရုပ်ကြွင်းများအဖြစ် မြင်တွေ့နေရဆဲဖြစ်သော ကျောက်ဆန်အိတ်ကြီး များကလည်း အံ့သြစရာကောင်းပါသည်။
အကျယ်အဝန်းကြီးမားလှသော ကျောက် မဏ္ဍပ်ကြီးပေါ်၌ စေတီငယ်များနှင့် ဗုဒ္ဓရုပ်ထုတော်တို့ကလည်း သပ္ပါယ်ကြည်ညိုစရာ ဖူးတွေ့ရသည်။ ဇလုံတောင်တည်ရှိရာ တောကြီးတောင်ကြီးထဲ၌ သဘာဝ၏ဆေးဖက်ဝင် တောဆေးတောမြစ်တို့ စုံလင်လှ၏။
တောရဆောက်တည်၍ တရားရှာမှီးကြသည့် ယောဂီသူတော်စင်နှင့် ရဟန်းတော်တို့ အနေအစား ခြိုးခြံစွာဖြင့် တပအကျင့်ကို ကျင့်ကြံ လျှက်ရှိကြသည်မှာ တောရ၏ စိတ္တဝိဝေကတစ်ခုဖြစ်သည်။
ဇလုံတောင်၏ တောရဟေမဝါ စိမ့်ကြီးမြိုင်ကြီးများထဲ၌ သဘာဝ၏ လှပဆန်းပြားသော သစ်ခွပန်းမျိုးစုံတို့က တော၏ အလှကို တစ်မျိုးတစ်ဖုံ လှပကြည်နူးစေပါသည်။ ဇလုံတောင်သည် လှပမှုမျိုးစုံတို့နှင့် လာရောက်ကြသူများအား အမျိုးမျိုးအဖုံဖုံ ဆွဲဆောင် ထားနိုင်ခဲ့၏။
ဇလုံတောင်သည် သာယာသည်၊ လှပသည်၊ အေးချမ်းသည်၊ သန့်ရှင်းသည်။ ကြည်နူးရသည်။ ဆန်းသစ်သည်၊ စိတ်ဓာတ်လန်းစွင့်သည်။ နက်နဲသော တောရ၏အလှ လျှိုမြှောင်တို့၏ အံ့ဖွယ်ဆန်းပြားမှုနှင့် ပေါကြွယ်ဝသည်။
ကတူးနှင့် ရှမ်း၊ ကဏန်း တိုင်းရင်းသားတို့ အခြေချ နေထိုင်လျှက်ရှိသော ဗန်းမောက်မြို့နယ်မှာ သဘာဝက အစုလိုက်အပုံလိုက် ဖန်တီးပေးထားသော ပန်းစုံ တောကြီးနှင့် တောမြိုင်ကြီးကား လူပေါင်းများစွာ အတွက် စိတ်ဓာတ်ကို ညှို့ငင် ဖမ်းစားနိုင်စွမ်းသော ရတနာသိုက်ကြီးတစ်ခု ဖြစ်ပေတော့သည်။
Credit-----မြန်မာ့ယဉ်ကျေးမှုပုံရိပ်များဘလော့
ဓမ္မရတနာ

No comments:

Post a Comment