CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, February 13, 2016
အိႏၵိယႏိုင္ငံက သဲေတြစားတဲ့ ပန္းရံဆရာ
အသက္(၄၅)ႏွစ္အရြယ္ အိႏိၵယႏိုင္ငံသား ပန္းရံဆရာ ဟန္လန္႔ရဲ႕ ထူးဆန္းလွတဲ့ ေန႔စဥ္စားေသာက္မႈပံုစံေၾကာင့္ သဲလူသားလို႔ အမည္တြင္လာပါတယ္။
ဟန္လန္႔ဟာ (၂၅)ႏွစ္တိုင္တိုင္ သဲေတြကို စားလာခဲ့တာျဖစ္ၿပီး သူသြားေလရာက ေတြ႕တဲ့ သဲေတြကို ဝါးစားတာ၊ လက္ဖက္ရည္ထဲ ေရာေသာက္တာ၊ စြပ္ျပဳတ္ရည္ထဲေရာၿပီး စားေသာက္တာေတြ လုပ္ေနတာလို႔ ဆိုပါတယ္။
တစ္ခါတေလမွာေတာ့ ေက်ာက္စရစ္ႏွင့္ အုတ္ခဲ အပိုင္းအစေလးေတြကိုပါ စားတာေၾကာင့္ သူ႔ သူငယ္ခ်င္းေတြက တားလည္းမရလို႔ စိတ္ပ်က္ေနၾကတာပါ။
"ဒါေတြစားလာတာ ဆယ္ေက်ာ္သက္ ကတည္းကပါ။ တစ္ခါမွ ဖ်ားနာတာ မရွိခဲ့ပါဘူး။ ဒီလို ထူးဆန္းတဲ့ အရာစားလို႔ က်န္းမာေရး ထိခိုက္ေစတာလည္း မရွိပါဘူး။ ကၽြန္ေတာ့္သြားေတြကလည္း မာပါတယ္။ ေက်ာက္ခဲေတြ ကိုက္ရတာလည္း ေအးေဆးပဲ။ အရမ္းႀကိဳက္ပါတယ္။ သဲထဲက သတၱဳဓာတ္ရဲ႕ စြမ္းအားေၾကာင့္ ကၽြန္ေတာ့္ကို ဘာအႏၲရာယ္မွ မေပးတာ ေသခ်ာပါတယ္"လို႔ သဲလူသားက ေျပာပါတယ္။
ဆရာဝန္ေတြကေတာ့ ဟန္လန္႔ရဲ႕ ဒီလိုထူးဆန္တဲ့အျပဳအမူက Pica ဆိုတဲ့ ေရာဂါတစ္မ်ိဳးေၾကာင့္ျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္တဲ႔ေရာဂါလို႔ ဆိုပါတယ္။
ဘာသာျပန္။ ။ #နန္းေမာက္ကြမ္
Ref;haberler.com
http://www.tachileik.net/2016/02/Sa.html
#TachileikNewsAgency #TachileikOnlineNews www.tachileik.net
...............................................................
အိန္ဒိယနိုင်ငံက သဲတွေစားတဲ့ ပန်းရံဆရာ
အသက်(၄၅)နှစ်အရွယ် အိန္ဒိယနိုင်ငံသား ပန်းရံဆရာ ဟန်လန့်ရဲ့ ထူးဆန်းလှတဲ့ နေ့စဉ်စားသောက်မှုပုံစံကြောင့် သဲလူသားလို့ အမည်တွင်လာပါတယ်။
ဟန်လန့်ဟာ (၂၅)နှစ်တိုင်တိုင် သဲတွေကို စားလာခဲ့တာဖြစ်ပြီး သူသွားလေရာက တွေ့တဲ့ သဲတွေကို ဝါးစားတာ၊ လက်ဖက်ရည်ထဲ ရောသောက်တာ၊ စွပ်ပြုတ်ရည်ထဲရောပြီး စားသောက်တာတွေ လုပ်နေတာလို့ ဆိုပါတယ်။
တစ်ခါတလေမှာတော့ ကျောက်စရစ်နှင့် အုတ်ခဲ အပိုင်းအစလေးတွေကိုပါ စားတာကြောင့် သူ့ သူငယ်ချင်းတွေက တားလည်းမရလို့ စိတ်ပျက်နေကြတာပါ။
"ဒါတွေစားလာတာ ဆယ်ကျော်သက် ကတည်းကပါ။ တစ်ခါမှ ဖျားနာတာ မရှိခဲ့ပါဘူး။ ဒီလို ထူးဆန်းတဲ့ အရာစားလို့ ကျန်းမာရေး ထိခိုက်စေတာလည်း မရှိပါဘူး။ ကျွန်တော့်သွားတွေကလည်း မာပါတယ်။ ကျောက်ခဲတွေ ကိုက်ရတာလည်း အေးဆေးပဲ။ အရမ်းကြိုက်ပါတယ်။ သဲထဲက သတ္တုဓာတ်ရဲ့ စွမ်းအားကြောင့် ကျွန်တော့်ကို ဘာအန္တရာယ်မှ မပေးတာ သေချာပါတယ်"လို့ သဲလူသားက ပြောပါတယ်။
ဆရာဝန်တွေကတော့ ဟန်လန့်ရဲ့ ဒီလိုထူးဆန်တဲ့အပြုအမူက Pica ဆိုတဲ့ ရောဂါတစ်မျိုးကြောင့်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ရောဂါလို့ ဆိုပါတယ်။
ဘာသာပြန်။ ။ #နန်းမောက်ကွမ်
Ref;haberler.com
http://www.tachileik.net/2016/02/Sa.html
#TachileikNewsAgency #TachileikOnlineNews www.tachileik.net
အိႏၵိယႏိုင္ငံက သဲေတြစားတဲ့ ပန္းရံဆရာ
Reviewed by MP4 YoU
on
February 13, 2016
Rating: 5
Reviewed by MP4 YoU
on
February 13, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment