Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

လႊတ္ေတာ္မွာ သတင္းေထာက္ အေရအတြက္ ထိန္းခ်ဳပ္ကန္႔သတ္

ျပည္သူ႔လႊတ္ေတာ္မွာ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က သတင္းယူေနတဲ့ သတင္းေထာက္မ်ားကို ေတြ႕ရစဥ္။ Photo: NLD Chairperson Facebook
ေနျပည္ေတာ္ လႊတ္ေတာ္အစည္းေဝးေတြကို သတင္းရယူတဲ့ မီဒီယာေတြအေနနဲ႔ မီဒီယာတစ္ခုကို သတင္းေထာက္ ၅ ဦးအထိသာ အမ်ားဆံုး အမည္စာရင္းေပးသြင္းၾကဖို႔ ျပည္ေထာင္စု လႊတ္ေတာ္ရံုးက ညႊန္ၾကားခ်က္ထုတ္ျပန္ လိုက္ပါတယ္။

သတင္းမီဒီယာေတြက သတင္းေထာက္အမ်ားအျပား အမည္စာရင္းေပးသြင္းထားမႈေတြ ရွိေနတာေၾကာင့္ အခုလိုျပန္လည္စိစစ္ဖို႔ အသိေပးတာျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ရံုး ညႊန္ၾကားေရးမွဴး ဦးကိုကိုႏိုင္ ကေျပာပါတယ္။

အခုက က်ေနာ္တို႔ဆီမွာပို႔ထားတာ လူေတြက ၆ဝဝ ေက်ာ္ ၇ဝဝ ေလာက္ရွိတယ္၊ တကယ္လာတာလည္း မဟုတ္ဘူး၊ အဲ့ဒါေလးေတြ နည္းနည္းေဖာင္းပြတာေပါ့၊ တကယ္လာတဲ့လူ ျဖစ္ေစခ်င္တာေပါ့၊ ငါးေယာက္ဆို လံုေလာက္ပါတယ္၊ လဲခ်င္တယ္ဆိုရင္လည္း လဲေပးလို႔ရပါတယ္"

သတင္းမီဒီယာေတြအေနနဲ႔ လႊတ္ေတာ္အေဆာက္အဦအတြင္း သတင္းရယူစဥ္မွာ အဝတ္အစားကို ေသေသ သပ္သပ္ဝတ္ဆင္ဖို႔၊ သတင္းမီဒီယာေတြအတြက္ သတ္မွတ္ေပးထားတဲ့ေနရာမွာသာ သတင္းရယူဖို႔နဲ႔ လႊတ္ေတာ္ဝင္းအတြင္းက ကန္႔သတ္ေနရာေတြမွာ ခြင့္ျပဳခ်က္မရဘဲ ဓါတ္ပံု၊ ဗီဒီယို မရိုက္ကူးၾကဖို႔ကိုလည္း သတိေပးလိုက္ပါတယ္။

သတင္းမီဒီယာေတြအေနနဲ႔ ကိုယ္စားလွယ္ေတြရဲ့ ေဆြးေႏြးမွဳေတြကို လႊတ္ေတာ္အစည္းအေ၀းခန္းမေတြမွာ တိုက္ရိုက္ရိုက္ကူးခြင့္ ျပန္လည္ခြင့္ျပဳ၊ မျပဳကိစၥကုိ လႊတ္ေတာ္ဥကၠဌအသစ္ေတြက ဆံုးျဖတ္ေဆာင္ရြက္ မွာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ လႊတ္ေတာ္နားရက္ေတြမွာ မီဒီယာသမားေတြအေနနဲ႔ ႀကိဳတင္တင္ျပခ်က္မရွိဘဲ လႊတ္ေတာ္ဝင္းအတြင္း မဝင္ေရာက္ဖို႔ကိုလည္း အသိေပးထားပါတယ္။

အဲ့ဒီစည္းကမ္းခ်က္ေတြကို လႊတ္ေတာ္ရံုးညႊန္ၾကားေရးမွဴးခ်ဳပ္ေတြ အပါအဝင္ ျပန္ၾကားေရးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴး ဦးသက္ေဆြ၊ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ အတြင္းေရးမွဴး ( ၂ ) ဦးေက်ာ္စြာမင္း နဲ႔ ျမန္မာႏိုင္ငံ သတင္းစာဆရာအသင္းက ဦးရဲမင္းဦးတို႔ ေတြ႔ဆံုညိွႏိႈင္းၿပီး ေရးဆြဲခဲ့တာလို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
...................
 ပြည်သူ့လွှတ်တော်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က သတင်းယူနေတဲ့ သတင်းထောက်များကို တွေ့ရစဉ်။ Photo: NLD Chairperson Facebook
နေပြည်တော် လွှတ်တော်အစည်းဝေးတွေကို သတင်းရယူတဲ့ မီဒီယာတွေအနေနဲ့ မီဒီယာတစ်ခုကို သတင်းထောက် ၅ ဦးအထိသာ အများဆုံး အမည်စာရင်းပေးသွင်းကြဖို့ ပြည်ထောင်စု လွှတ်တော်ရုံးက ညွှန်ကြားချက်ထုတ်ပြန် လိုက်ပါတယ်။

သတင်းမီဒီယာတွေက သတင်းထောက်အများအပြား အမည်စာရင်းပေးသွင်းထားမှုတွေ ရှိနေတာကြောင့် အခုလိုပြန်လည်စိစစ်ဖို့ အသိပေးတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ကပြောပါတယ်။

အခုက ကျနော်တို့ဆီမှာပို့ထားတာ လူတွေက ၆ဝဝ ကျော် ရဝဝ လောက်ရှိတယ်၊ တကယ်လာတာလည်း မဟုတ်ဘူး၊ အဲ့ဒါလေးတွေ နည်းနည်းဖောင်းပွတာပေါ့၊ တကယ်လာတဲ့လူ ဖြစ်စေချင်တာပေါ့၊ ငါးယောက်ဆို လုံလောက်ပါတယ်၊ လဲချင်တယ်ဆိုရင်လည်း လဲပေးလို့ရပါတယ်"

သတင်းမီဒီယာတွေအနေနဲ့ လွှတ်တော်အဆောက်အဦအတွင်း သတင်းရယူစဉ်မှာ အဝတ်အစားကို သေသေ သပ်သပ်ဝတ်ဆင်ဖို့၊ သတင်းမီဒီယာတွေအတွက် သတ်မှတ်ပေးထားတဲ့နေရာမှာသာ သတင်းရယူဖို့နဲ့ လွှတ်တော်ဝင်းအတွင်းက ကန့်သတ်နေရာတွေမှာ ခွင့်ပြုချက်မရဘဲ ဓါတ်ပုံ၊ ဗီဒီယို မရိုက်ကူးကြဖို့ကိုလည်း သတိပေးလိုက်ပါတယ်။

သတင်းမီဒီယာတွေအနေနဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို လွှတ်တော်အစည်းအဝေးခန်းမတွေမှာ တိုက်ရိုက်ရိုက်ကူးခွင့် ပြန်လည်ခွင့်ပြု၊ မပြုကိစ္စကို လွှတ်တော်ဥက္ကဌအသစ်တွေက ဆုံးဖြတ်ဆောင်ရွက် မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်နားရက်တွေမှာ မီဒီယာသမားတွေအနေနဲ့ ကြိုတင်တင်ပြချက်မရှိဘဲ လွှတ်တော်ဝင်းအတွင်း မဝင်ရောက်ဖို့ကိုလည်း အသိပေးထားပါတယ်။

အဲ့ဒီစည်းကမ်းချက်တွေကို လွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်တွေ အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဆွေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ( ၂ ) ဦးကျော်စွာမင်း နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဦးရဲမင်းဦးတို့ တွေ့ဆုံညှိနှိုင်းပြီး ရေးဆွဲခဲ့တာလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment