Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

ဆင္စီးလည္ပတ္သည့္ ကမာၻလွည့္ခရီးသည္တစ္ဦးကုိ သတ္ျဖတ္ခဲ့သည့္ ဆင္၏ ဆင္ထိန္း ျမန္မာႏုိင္ငံသားအား ထုိင္းရဲမွ အမႈဖြင့္



 ထုိင္းႏုိင္ငံ၊ ခုိဆာေမြကၽြန္းတြင္ ကမၻာလွည့္ခရီးသည္မ်ား ပါ၀င္သည့္ ေျခလ်င္ခရီးစဥ္ တစ္ခု၌ ဆင္တစ္ေကာင္က ၿဗိတိန္ႏုိင္ငံသားတစ္ဦးကုိ သတ္ျဖတ္ခဲ့ၿပီး ေသဆံုးသူ၏ ေမြးစားသမီးကုိ ဒဏ္ရာရေစခဲ့သည့္ ျဖစ္ရပ္ ျဖစ္ပြားခဲ့ၿပီး သံုးရက္အၾကာတြင္ ျမန္မာလူမ်ဳိး ဆင္ထိန္းျဖစ္သူအား တာ၀န္ပ်က္ကြက္မႈျဖင့္ စြဲခ်က္တင္ခဲ့သည္။

ေသဆံုးသူ ဂရက္ခ႐ုိးသည္ ဆင္အား အစာျဖင့္ ျမားကာ စေနာက္ျခင္းျဖင့္ ေဒါသထြက္ေစခဲ့သည္ဟု ဆင္ထိန္း ဦးေစာ၀င္းထြန္းက စကားျပန္မွတစ္ဆင့္ ရဲတပ္ဖြဲ႕အား ေျပာၾကားခဲ့သည္။ ထုိျဖစ္စဥ္တြင္ ဦးေစာ၀င္းထြန္းလည္း အနည္းငယ္ ထိခုိက္ ခဲ့သည္ဟု ဆုိသည္။

အသက္ ၃၆ ႏွစ္ရွိ ခ႐ုိးသည္ ေဂါ့ဖ္အမည္ရွိ ဆင္အား ငွက္ေပ်ာသီး တစ္ဖီးေကၽြးခဲ့သည္ဟု ဆုိသည္။ ဆင္က ငွက္ေပ်ာသီးစားၿပီး၍ ထပ္ေတာင္းသည့္အခါ ခ႐ုိးက ငွက္ေပ်ာသီးအား ကမ္းေပးလုိက္၊ ျပန္ဆြဲယူလုိက္ အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့သျဖင့္ ဆင္က ေဒါသထြက္ကာ တုိက္ခုိက္ခဲ့ျခင္း ျဖစ္သည္ဟု ဦးေစာ၀င္းထြန္းက ဆုိသည္။

ထုိအခ်ိန္တြင္ ဦးေစာ၀င္းထြန္းမွာ ဆင္ေပၚမွဆင္းကာ ကမၻာလွည့္ခရီးသည္မ်ားကုိ ဓာတ္ပံု႐ုိက္ေနသျဖင့္ ဆင္ကုိထိန္းရန္ ပ်က္ကြက္ခဲ့သည္ဟု ရဲမွဴးခ်ဳိင္ယန္ဘန္ဒစ္က ေျပာၾကားသည္။ ခ႐ုိး၏ ေမြးစားသမီးျဖစ္သူ အသက္ ၁၆ ႏွစ္အရြယ္ အီလီဒ္ဟုကုိလည္း ထုိအျဖစ္အပ်က္ႏွင့္ ပတ္သက္၍ ေမးျမန္းလ်က္ရွိသည္ဟု ရဲတပ္ဖြဲ႕က ဆုိသည္။

KHTun
The Ladies News
ဓါတ္ပုံ - ေဂါ႔ဖ္
https://www.facebook.com/News.TheLadies
.........


 ထိုင်းနိုင်ငံ၊ ခိုဆာမွေကျွန်းတွင် ကမ္ဘာလှည့်ခရီးသည်များ ပါ၀င်သည့် ခြေလျင်ခရီးစဉ် တစ်ခု၌ ဆင်တစ်ကောင်က ဗြိတိန်နိုင်ငံသားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ၏ မွေးစားသမီးကို ဒဏ်ရာရစေခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် မြန်မာလူမျိုး ဆင်ထိန်းဖြစ်သူအား တာဝန်ပျက်ကွက်မှုဖြင့် စွဲချက်တင်ခဲ့သည်။

သေဆုံးသူ ဂရက်ခရိုးသည် ဆင်အား အစာဖြင့် မြားကာ စနောက်ခြင်းဖြင့် ဒေါသထွက်စေခဲ့သည်ဟု ဆင်ထိန်း ဦးစောဝင်းထွန်းက စကားပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်တွင် ဦးစောဝင်းထွန်းလည်း အနည်းငယ် ထိခိုက် ခဲ့သည်ဟု ဆိုသည်။

အသက် ၃၆ နှစ်ရှိ ခရိုးသည် ဂေါ့ဖ်အမည်ရှိ ဆင်အား ငှက်ပျောသီး တစ်ဖီးကျွေးခဲ့သည်ဟု ဆိုသည်။ ဆင်က ငှက်ပျောသီးစားပြီး၍ ထပ်တောင်းသည့်အခါ ခရိုးက ငှက်ပျောသီးအား ကမ်းပေးလိုက်၊ ပြန်ဆွဲယူလိုက် အကြိမ်ကြိမ် ပြုလုပ်ခဲ့သဖြင့် ဆင်က ဒေါသထွက်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဦးစောဝင်းထွန်းက ဆိုသည်။

ထိုအချိန်တွင် ဦးစောဝင်းထွန်းမှာ ဆင်ပေါ်မှဆင်းကာ ကမ္ဘာလှည့်ခရီးသည်များကို ဓာတ်ပုံရိုက်နေသဖြင့် ဆင်ကိုထိန်းရန် ပျက်ကွက်ခဲ့သည်ဟု ရဲမှူးချိုင်ယန်ဘန်ဒစ်က ပြောကြားသည်။ ခရိုး၏ မွေးစားသမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် အီလီဒ်ဟုကိုလည်း ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ မေးမြန်းလျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

KHTun
The Ladies News
ဓါတ်ပုံ - ဂေါ့ဖ်
https://www.facebook.com/News.TheLadies

No comments:

Post a Comment