Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 15, 2016

ကၽြမ္းက်င္လုပ္သား မေလးရွား ျပန္ေခၚယူ

(ဓာတ္ပံု - မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုး-ကြာလာလမ္ပူ)
မေလးရွားႏိုင္ငံမွာ တႏွစ္ေက်ာ္ၾကာ ပိတ္ပင္ထားတဲ့ ကၽြမ္းက်င္ေရြ႕ေျပာင္း အလုပ္သမားမ်ား ျပန္လည္ ခန္႔အပ္ေရး အစီအစဥ္ကုိ အခု အလုပ္ရွင္အမ်ားအျပားရဲ႕ ေတာင္းဆိုမႈေတြေၾကာင့္ ေဖေဖၚ၀ါရီလ ၁၅ ရက္၊ တနလၤာေန႔က စတင္ၿပီး ျပန္လည္ လုပ္ေဆာင္ေပးေတာ့မွာ ျဖစ္ပါတယ္။ အျပည့္အစံုကို ဆက္သြယ္ေမးျမန္းထားတဲ့ မေအးေအးမာက ေျပာျပေပးမွာပါ။

မေလးရွားႏုိင္ငံမွာ တရားမ၀င္ေနထုိင္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြအတြက္ သတင္းေကာင္း တခုျဖစ္တဲ့ ကၽြမ္းက်င္တဲ့ အလုပ္သမားေတြ ျပန္လည္ခန္႔အပ္တဲ့ အစီစဥ္ကို ေဖေဖၚ၀ါ၇ီလ ၁၅ ရက္ေန႔မွာ စတင္ေတာ့မွာ ျဖစ္ေၾကာင္း မေလးရွားအစိုးရက တနဂၤေႏြေန႕မွာ သတင္းထုတ္ျပန္ ခဲ့တာပါ။ မေလရွားႏုိင္ငံမွာ တႏွစ္ခဲြနီပါးၾကာ ရပ္နားထားတဲ့ အလုပ္လုပ္ခြင္ ့ပါမစ္ေတြကို မေလးရွား အစိုးရက ျပန္ၿပီး ထုတ္ေပးေတာ့မဲ့အေျခအေနကုိ မေလးရွားႏုိင္ငံေရာက္ ျမန္မာအလုပ္သမားတဦးက အခုလိုရွင္းျပပါတယ္။

“ဒီလ ၁၅ ရက္ေန႔ကစၿပီး စေပးေတာ့မွာ ။ ၁၅ ရက္ေန႔ကစၿပီး ေလွ်ာက္လို႔ရၿပီအမ။ ၂၀၁၄ ေအာက္တိုဘာတုန္းက ပိတ္ထားတာေလ။ အခုျပန္ဖြင့္တာ ၃ လအတြင္းျပန္လုပ္ရမယ္လို႔ ေျပာထားတယ္အမ ။ ပါမစ္မရွိတဲ့လူေတြကို ပါမစ္ျပန္ေပးမယ္။ ၃ လအတြင္းျပန္လုပ္ေပါ့ ။ တခ်ိဳ႕ကုမၸဏီကလည္း ျပန္ဖြင့္ထားတယ္ေပါ့။ လူလိုတဲ့ ကုမၸဏီေတြကိုလည္း ပါမစ္ေပးဖို႔ ျပန္ဖြင့္ထားတယ္။ အခုက်ေနာ္တို႔ ကုမၸဏီမွာလည္း ဒီအတိုင္းပဲ။ ႏွစ္ခ်ိဳ႕သမားေတြ ျပန္ခ်င္တဲ့လူရွိတယ္။ မျပန္ခ်င္တဲ့လူေတြဆိုရင္ ျပန္ေလွ်ာက္ေပးမယ္လို႔ေျပာထားတယ္။ အခု က်ေနာ္တို႔ တျခားႏိုင္ငံကလူေတြကို သိပ္မေခၚေတာ့ဘူး။ ဒီမွာရွိတဲ့လူမွန္သမွ်ကိုသူက ျပန္ rotate လုပ္ခ်င္တဲ့ပံုစံမ်ိဳးေပါ့။ လူသစ္မေခၚေတာ့ဘူး အဲလိုမ်ိဳးပံုစံနဲ႔။”

ကၽြမ္းက်င္တဲ့ အလုပ္သမားေတြကုိ ျပန္လည္ခန္႔အပ္တဲ့ အစီစဥ္အရ ပါမစ္ရၿပီဆုိရင္ အခ်ိန္နဲ႔ လုပ္ရတာ အခြန္ေတြေပးေဆာင္ရတာေတြ ရွိတယ္လို႔လည္းဆက္ေျပာျပပါတယ္။

“ပါမစ္ကေတာ့ time to time ေပါ့။ သူ႔ရဲ႕ time table နဲ႔ဆင္းရတာေပါ့။ OT ရွိရင္ရွိတယ္၊ OT မရွိရင္မရွိဘူး။ ၿပီးေတာ့ living စားရိတ္ေတြျဖတ္မယ္၊ ၀န္ေဆာင္ခေတြ၊ ေရဖိုးမီးဖိုးေတြျဖတ္မယ္။ အဲဒါေတြအမ်ားႀကီးရွိတာေပါ့။ သူေဌးနဲ႔ဆိုင္တယ္။ တခ်ိဳ႕ျမန္မာေတြမ်ားေသာအားျဖင့္က သူတို႔ မွာ အရင္က passport ေတြအကုန္လံုး လုပ္ထားၾကတာေလ။ လုပ္ထားေတာ့ သူတို႔က ၀င္ခ်င္တဲ့ ကုမၸဏီကို ၀င္တယ္။ အဲဒီက permit job ထုေပးတယ္။ အဲဒီမွာ လုပ္ၿပီးေတာ့ မႀကိဳက္ဘူးဆိုရင္ ေနာက္အဲလိုမ်ိဳးအလုပ္ေျပာင္းေပါ့ အမ။”

မိမိႏွစ္သက္ရာ ကုမၸဏီကုိေျပာင္းေရြ႕လုပ္ခ်င္တဲ့သူေတြရွိၾကသလို တခ်ဳိကေတာ့ ကုမၸဏီတခုကေန သတ္သတ္မွတ္မွတ္ အလုပ္ခန္႕အပ္တာမ်ိဳးကုိ ႀကိဳက္ႏွစ္သက္တာ ေတြရွိၾကတယ္လို႔ ဆုိပါတယ္။ မၾကာေသးခင္တုန္းကေတာ့ မေလးရွား အစိုးရက ႏိုင္ငံျခားသား အလုပ္သမားခြန္ျဖစ္တဲ့ (levy) ေၾကးကုိ ၂ ဆ ေကာက္ခံလိုက္တဲ့အတြက္ အလုပ္ရွင္ေတြေကာ အေျခခံ အလုပ္သမား အေတာ္မ်ားမ်ားအတြက္ပါ အခက္ေတြ႔ႀကံဳရတဲ့အတြက္ ကန္႔ကြက္ ေ၀ဖန္မူေတြရွိတာေၾကာင့္ ဒီအစီစဥ္ကုိေတာ့ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ေခတၱရပ္နားထားၿပီး မၾကာခင္မွာေတာ့ ထုတ္ျပန္သြားဖို႔ရွိတယ္လုိ႔ ဆုိပါတယ္။

ႏိုင္ငံျခားသားအလုပ္သမားခြန္ဟာ တျခားအလုပ္သမားေတြအတြက္ အခက္အခဲ ရွိတယ္လုိ႔လည္း ဆက္ေျပာျပပါတယ္။

“လစာနဲ႔လည္းမကိုက္ဘူးေလ။ တကယ္လို႔ သူတို႔ တလ ရဲ႕လစာက basic ၉၀၀ ဆိုရင္ ေနစရိတ္က ၁၄၀ ျဖတ္တယ္။ တကယ္လို႔ ေနာက္ထပ္ ၁၅ ရက္ၿပီးသြားရင္ တလကို ၂၀၈ က်ပ္ျဖတ္မွာ။ ဒါေၾကာင့္လစာနဲ႔မကိုက္ေတာ့ဘူး။ ကုမၸဏီေတြက အဲဒီလို complaine လုပ္ၿပီး ရပ္ဆိုင္းလိုက္တာ အဲဒီလိုမ်ိဳးပံုစံနဲ႔ ။”

ၿပီးခဲ့တဲ့ လပုိင္းတုန္းကပဲ မေလးရွားကို သြားမဲ့သူေတြအတြက္ ဗီဇာေၾကးကုိ အရင္ကထက္ ၁၀ တိုး ေကာက္ခံလိုက္တဲ့အတြက္ မေလးရွားကို အလုပ္သမား တင္ပုိ႔ေနတဲ့ ကုမၸဏီေတြၾကားမွာလည္း ကန႔္ကြက္ဆႏၵျပမဲ့ အေျခအေနအထိ မေက်လည္မူေတြ ျဖစ္ခဲ့ၾကပါတယ္။

လက္ရွိမွာေတ့ာ မေလးရွားမွာ တရားမ၀င္ေနထုိင္ေနတဲ့ ျမန္မာေတြအတြက္ ျမန္မာသံရံုးက ေနရပ္ရင္းျပန္ႏိုင္ဖို႔အတြက္ စီအုိင္လို႔ေခၚတဲ့ မည္သူမည္၀ါျဖစ္ေၾကာင္း သက္ေသခံစာအုပ္ေတြ ထုတ္ေပးေနၿပီး၊ တခ်ိဳ႕ကုိလည္း ေနရပ္ရင္းကို ျပန္လည္ပို႔ေဆာင္ေပးေနပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........
 (ဓာတ်ပုံ - မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့ တောင်းဆိုမှုတွေကြောင့် ဖေဖေါ်ဝါရီလ ၁၅ ရက်၊ တနင်္လာနေ့က စတင်ပြီး ပြန်လည် လုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာက ပြောပြပေးမှာပါ။

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တခုဖြစ်တဲ့ ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ပြန်လည်ခန့်အပ်တဲ့ အစီစဉ်ကို ဖေဖေါ်ဝါ၇ီလ ၁၅ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ကြောင်း မလေးရှားအစိုးရက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန် ခဲ့တာပါ။ မလေရှားနိုင်ငံမှာ တနှစ်ခွဲနီပါးကြာ ရပ်နားထားတဲ့ အလုပ်လုပ်ခွင် ့ပါမစ်တွေကို မလေးရှား အစိုးရက ပြန်ပြီး ထုတ်ပေးတော့မဲ့အခြေအနေကို မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတဦးက အခုလိုရှင်းပြပါတယ်။

“ဒီလ ၁၅ ရက်နေ့ကစပြီး စပေးတော့မှာ ။ ၁၅ ရက်နေ့ကစပြီး လျှောက်လို့ရပြီအမ။ ၂၀၁၄ အောက်တိုဘာတုန်းက ပိတ်ထားတာလေ။ အခုပြန်ဖွင့်တာ ၃ လအတွင်းပြန်လုပ်ရမယ်လို့ ပြောထားတယ်အမ ။ ပါမစ်မရှိတဲ့လူတွေကို ပါမစ်ပြန်ပေးမယ်။ ၃ လအတွင်းပြန်လုပ်ပေါ့ ။ တချို့ကုမ္ပဏီကလည်း ပြန်ဖွင့်ထားတယ်ပေါ့။ လူလိုတဲ့ ကုမ္ပဏီတွေကိုလည်း ပါမစ်ပေးဖို့ ပြန်ဖွင့်ထားတယ်။ အခုကျနော်တို့ ကုမ္ပဏီမှာလည်း ဒီအတိုင်းပဲ။ နှစ်ချို့သမားတွေ ပြန်ချင်တဲ့လူရှိတယ်။ မပြန်ချင်တဲ့လူတွေဆိုရင် ပြန်လျှောက်ပေးမယ်လို့ပြောထားတယ်။ အခု ကျနော်တို့ တခြားနိုင်ငံကလူတွေကို သိပ်မခေါ်တော့ဘူး။ ဒီမှာရှိတဲ့လူမှန်သမျှကိုသူက ပြန် rotate လုပ်ချင်တဲ့ပုံစံမျိုးပေါ့။ လူသစ်မခေါ်တော့ဘူး အဲလိုမျိုးပုံစံနဲ့။”

ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို ပြန်လည်ခန့်အပ်တဲ့ အစီစဉ်အရ ပါမစ်ရပြီဆိုရင် အချိန်နဲ့ လုပ်ရတာ အခွန်တွေပေးဆောင်ရတာတွေ ရှိတယ်လို့လည်းဆက်ပြောပြပါတယ်။

“ပါမစ်ကတော့ time to time ပေါ့။ သူ့ရဲ့ time table နဲ့ဆင်းရတာပေါ့။ OT ရှိရင်ရှိတယ်၊ OT မရှိရင်မရှိဘူး။ ပြီးတော့ living စားရိတ်တွေဖြတ်မယ်၊ ၀န်ဆောင်ခတွေ၊ ရေဖိုးမီးဖိုးတွေဖြတ်မယ်။ အဲဒါတွေအများကြီးရှိတာပေါ့။ သူဌေးနဲ့ဆိုင်တယ်။ တချို့မြန်မာတွေများသောအားဖြင့်က သူတို့ မှာ အရင်က passport တွေအကုန်လုံး လုပ်ထားကြတာလေ။ လုပ်ထားတော့ သူတို့က ၀င်ချင်တဲ့ ကုမ္ပဏီကို ၀င်တယ်။ အဲဒီက permit job ထုပေးတယ်။ အဲဒီမှာ လုပ်ပြီးတော့ မကြိုက်ဘူးဆိုရင် နောက်အဲလိုမျိုးအလုပ်ပြောင်းပေါ့ အမ။”

မိမိနှစ်သက်ရာ ကုမ္ပဏီကိုပြောင်းရွေ့လုပ်ချင်တဲ့သူတွေရှိကြသလို တချိုကတော့ ကုမ္ပဏီတခုကနေ သတ်သတ်မှတ်မှတ် အလုပ်ခန့်အပ်တာမျိုးကို ကြိုက်နှစ်သက်တာ တွေရှိကြတယ်လို့ ဆိုပါတယ်။ မကြာသေးခင်တုန်းကတော့ မလေးရှား အစိုးရက နိုင်ငံခြားသား အလုပ်သမားခွန်ဖြစ်တဲ့ (levy) ကြေးကို ၂ ဆ ကောက်ခံလိုက်တဲ့အတွက် အလုပ်ရှင်တွေကော အခြေခံ အလုပ်သမား အတော်များများအတွက်ပါ အခက်တွေ့ကြုံရတဲ့အတွက် ကန့်ကွက် ဝေဖန်မူတွေရှိတာကြောင့် ဒီအစီစဉ်ကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ခေတ္တရပ်နားထားပြီး မကြာခင်မှာတော့ ထုတ်ပြန်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသားအလုပ်သမားခွန်ဟာ တခြားအလုပ်သမားတွေအတွက် အခက်အခဲ ရှိတယ်လို့လည်း ဆက်ပြောပြပါတယ်။

“လစာနဲ့လည်းမကိုက်ဘူးလေ။ တကယ်လို့ သူတို့ တလ ရဲ့လစာက basic ၉၀၀ ဆိုရင် နေစရိတ်က ၁၄၀ ဖြတ်တယ်။ တကယ်လို့ နောက်ထပ် ၁၅ ရက်ပြီးသွားရင် တလကို ၂၀၈ ကျပ်ဖြတ်မှာ။ ဒါကြောင့်လစာနဲ့မကိုက်တော့ဘူး။ ကုမ္ပဏီတွေက အဲဒီလို complaine လုပ်ပြီး ရပ်ဆိုင်းလိုက်တာ အဲဒီလိုမျိုးပုံစံနဲ့ ။”

ပြီးခဲ့တဲ့ လပိုင်းတုန်းကပဲ မလေးရှားကို သွားမဲ့သူတွေအတွက် ဗီဇာကြေးကို အရင်ကထက် ၁၀ တိုး ကောက်ခံလိုက်တဲ့အတွက် မလေးရှားကို အလုပ်သမား တင်ပို့နေတဲ့ ကုမ္ပဏီတွေကြားမှာလည်း ကန့်ကွက်ဆန္ဒပြမဲ့ အခြေအနေအထိ မကျေလည်မူတွေ ဖြစ်ခဲ့ကြပါတယ်။

လက်ရှိမှာတေ့ာ မလေးရှားမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာတွေအတွက် မြန်မာသံရုံးက နေရပ်ရင်းပြန်နိုင်ဖို့အတွက် စီအိုင်လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ်တွေ ထုတ်ပေးနေပြီး၊ တချို့ကိုလည်း နေရပ်ရင်းကို ပြန်လည်ပို့ဆောင်ပေးနေပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment