Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 15, 2016

KTV ဆုိင္အတြင္း ၀င္ေရာက္၍ ရဲအုပ္သံုးဦးအား ဓားျဖင့္ခုတ္သူ တရားခံေျပးသံုးဦး ဖမ္းဆီးရမိ


ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ ပ်ဥ္းမနားၿမိဳ႕ ခ်ယ္ရီေမ KTV ဆိုင္တြင္ ၁၄-၁၂-၂၀၁၅ ရက္ေန႔ ညဥ့္သန္း ေခါင္ယံအခ်ိန္၌ ဆိုင္အတြင္းရွိ အခန္းတခုထဲတြင္ ေနျပည္ေတာ္ ရဲတပ္ဖြဲ႕မွဴးရံုးမွ ရဲအရာရွိသံုးဦးတို႔အား
ရန္ေနာင္စုိးပါ ရွစ္ဦးတို႔မွ ဓားႏွင့္ခုတ္၊ တုတ္မ်ားျဖင့္ အၾကမ္းဖက္ တုိက္ခုိက္မႈတခု ျဖစ္ပြားခဲ့ၿပီး တရားခံမ်ားမွာ ထြက္ေျပး တိမ္းေရွာင္ေနသျဖင့္ ပ်ဥ္းမနားၿမိဳ႕မရဲစခန္းမွ (ပ)၅၉၆/၁၅၊ ျပစ္မႈပုဒ္မ ၃၂၆/၃၂၅ တုိ႔ျဖင့္ အမႈဖြင့္ထား ၿပီး တရားခံမ်ား ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။



အခ်င္းျဖစ္ အၾကမ္းဖက္မႈတြင္ ပါ၀င္သည့္ ေဇာ္မင္းႏုိင္ က်ပန္း (မ)၁၁၃၁ အခန္း(၁၉)၊ ေအာင္သုခလမ္း(၂၀)၊ ၆/ေရွ႕ရပ္ကြက္၊ သာေကတၿမိဳ႕နယ္ေနသူ၏ ေနရပ္လိပ္စာအား စံုစမ္းသိရွိရၿပီး ေဖေဖာ္၀ါရီ ၁၃
ရက္ ညေန ၄ နာရီခြဲတြင္ ေနျပည္ေတာ္ရဲတပ္ဖြဲ႕မွဴး႐ံုးမွ ဒုရဲမွဴးစိုးညြန္႔၊ ရဲအုပ္ထြန္းလႈိင္၊ ရဲအရာခံ၀င္းေဇာ္၊ ရဲတပ္ၾကပ္ေဇာ္မင္း ထုိက္တုိ႔ႏွင့္ ရန္ကုန္အေရွ႕ပုိင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕၀င္မ်ား ပူးေပါင္းအဖြဲ႕သည္ ပ်ဥ္းမနားၿမိဳ႕မရဲစခန္း (ပ)၅၉၆/၁၅၊ ျပစ္မႈပုဒ္မ ၃၂၆/၃၂၅ အမႈမွ ထြက္ေျပးတရားခံမ်ားျဖစ္ၾကေသာ ေဇာ္မင္းႏုိင္ က်ပန္း (မ)၁၁၃၁ အခန္း(၁၉)၊ ေအာင္သုခလမ္း(၂၀)၊ ၆/ေရွ႕ရပ္ကြက္၊ သာေကတၿမိဳ႕နယ္၊ ျမင့္ေဇာ္ (မ)၁၂၇၃ သလႅာ၀တီ(၄) လမ္း၊ (၁၃)ရပ္ကြက္၊ သာေကတၿမိဳ႕နယ္ႏွင့္ သီဟ အိမ္အမွတ္မရွိ ခ်င္းတြင္း(၄)လမ္း၊ (၆၇)ရပ္ကြက္၊ ဒဂံုဆိပ္ ကမ္းၿမိဳ႕နယ္ေနသူတုိ႔အား ေဇာ္မင္းႏုိင္ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့သည္။



က်န္တရားခံမ်ား ဖမ္းဆီး ရမိေရး အတြက္ ဆက္လက္ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

ထြန္း(ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာ
https://www.facebook.com/NewsWatchJournal/
.................


နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့ ချယ်ရီမေ KTV ဆိုင်တွင် ၁၄-၁၂-၂၀၁၅ ရက်နေ့ ညဉ့်သန်း ခေါင်ယံအချိန်၌ ဆိုင်အတွင်းရှိ အခန်းတခုထဲတွင် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိသုံးဦးတို့အား
ရန်နောင်စိုးပါ ရှစ်ဦးတို့မှ ဓားနှင့်ခုတ်၊ တုတ်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပြီး တရားခံများမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ပျဉ်းမနားမြို့မရဲစခန်းမှ (ပ)၅၉၆/၁၅၊ ပြစ်မှုပုဒ်မ ၃၂၆/၃၂၅ တို့ဖြင့် အမှုဖွင့်ထား ပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။


အချင်းဖြစ် အကြမ်းဖက်မှုတွင် ပါ၀င်သည့် ဇော်မင်းနိုင် ကျပန်း (မ)၁၁၃၁ အခန်း(၁၉)၊ အောင်သုခလမ်း(၂၀)၊ ၆/ရှေ့ရပ်ကွက်၊ သာကေတမြို့နယ်နေသူ၏ နေရပ်လိပ်စာအား စုံစမ်းသိရှိရပြီး ဖေဖော်ဝါရီ ၁၃
ရက် ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးစိုးညွန့်၊ ရဲအုပ်ထွန်းလှိုင်၊ ရဲအရာခံဝင်းဇော်၊ ရဲတပ်ကြပ်ဇော်မင်း ထိုက်တို့နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့မရဲစခန်း (ပ)၅၉၆/၁၅၊ ပြစ်မှုပုဒ်မ ၃၂၆/၃၂၅ အမှုမှ ထွက်ပြေးတရားခံများဖြစ်ကြသော ဇော်မင်းနိုင် ကျပန်း (မ)၁၁၃၁ အခန်း(၁၉)၊ အောင်သုခလမ်း(၂၀)၊ ၆/ရှေ့ရပ်ကွက်၊ သာကေတမြို့နယ်၊ မြင့်ဇော် (မ)၁၂၇၃ သလ္လာဝတီ(၄) လမ်း၊ (၁၃)ရပ်ကွက်၊ သာကေတမြို့နယ်နှင့် သီဟ အိမ်အမှတ်မရှိ ချင်းတွင်း(၄)လမ်း၊ (၆၇)ရပ်ကွက်၊ ဒဂုံဆိပ် ကမ်းမြို့နယ်နေသူတို့အား ဇော်မင်းနိုင်နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။


ကျန်တရားခံများ ဖမ်းဆီး ရမိရေး အတွက် ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment