Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 24, 2016

အာဏာလႊဲေျပာင္းေရး ေဆြးေႏြးပြဲ ေအာင္ျမင္ေခ်ာေမြ႔သည္ဟု ဦးဝင္းထိန္ဆို


ေဖေဖာ္ဝါရီ ၂၄ရက္ မြန္းလြဲ ၂နာရီေက်ာ္တြင္ ႏိုင္ငံေတာ္ အာဏာလႊဲေျပာင္းေရးအတြက္ NLD ပါတီႏွင့္ အစိုးရအဖြဲ႕ ႏိုင္ငံေတာ္အႀကီးအကဲ တာဝန္လႊဲေျပာင္းမႈ အေထာက္အကူျပဳ ေကာ္မတီတို႔ ေတြ႔ဆံုေဆြးေႏြးခဲ့ရာ ေအာင္ျမင္ေခ်ာေမြ႔သည့္ ေဆြးေႏြးပြဲ ျဖစ္သည္ဟု NLD ဗဟိုအလုပ္အမႈေဆာင္ ဦးဝင္းထိန္က News Watch သို႔ ေျပာသည္။

“ သမၼတ သက္တမ္းက မတ္လ ၃၁ ရက္ေန႔မွာ ဆံုးမွာေလ။ ၃၁ရက္ေန႔ မတိုင္ခင္မွာ အာဏာ လႊဲေျပာင္းဖို႔ ကိစၥေဆြးေႏြးတာေတာ့ ေခ်ာေမြ႔ပါတယ္။ သူတို႔ဘက္က ဝန္ႀကီးေတြပါတယ္၊ အန္ကယ္တို႔ဘက္ကေတာ့ ဝန္ႀကီးေတြ မခန္႔ရေသးဘူးဆိုေတာ့ လက္ေတြ႔လုပ္လို႔ မရေသးဘူး။ ေနာက္တခ်က္ကေတာ့ အာဏာလႊဲေျပာင္းတဲ့အခါမွာေတာ့ ဘာမွ အခက္အခဲ အတားအဆီးရွိစရာ အေၾကာင္းမရွိဘူး။ ေျပလည္မယ့္ အလားအလာ မ်ားပါတယ္။ အဆင္ေျပေခ်ာေမြ႔ပါတယ္”ဟု ဦးဝင္းထိန္က ဆိုသည္။

NLD အစိုးရအဖြဲ႔ အမည္စာရင္းႏွင့္ သမၼတေလာင္း အမည္စာရင္းမ်ားကို ေၾကညာထားသည့္ အတိုင္း မတ္လ ၁၇ရက္တြင္ စတင္ ေဆြးေႏြးတင္သြင္းသြားမည္ျဖစ္ေၾကာင္းႏွင့္ ယခုကဲ့သို႔ ေဆြးေႏြးပြဲကို မတ္လဆန္းတြင္ စတုတၳအႀကိမ္ ထပ္မံ ေတြ႔ဆံုေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ဦးဝင္းထိန္က ေျပာၾကားသည္။

ေဆြးေႏြးပြဲတြင္ အစိုးရ အဖြဲ႔ ျပည္ေထာင္စုဝန္ႀကီး ဦးလွထြန္း၊ ဦးေမာင္ေမာင္အုန္း၊ သမၼတရံုး ဒုတိယ ညႊန္/ခ်ဳပ္ ဦးေဇာ္ေဌးႏွင့္ NLD ဘက္မွ အသြင္ကူးေျပာင္းေရး အဖြဲ႔ေခါင္းေဆာင္ ဦးဝင္းထိန္ အဖြဲ႔ဝင္မ်ား ျဖစ္ၾကသည့္ ေဒါက္တာမ်ိဳးေအာင္ႏွင့္ ေဒါက္တာ ေအာင္သူတို႔ တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ေနႏိုင္သူ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...........


ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ ၂နာရီကျော်တွင် နိုင်ငံတော် အာဏာလွှဲပြောင်းရေးအတွက် NLD ပါတီနှင့် အစိုးရအဖွဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ရာ အောင်မြင်ချောမွေ့သည့် ဆွေးနွေးပွဲ ဖြစ်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က News Watch သို့ ပြောသည်။

“ သမ္မတ သက်တမ်းက မတ်လ ၃၁ ရက်နေ့မှာ ဆုံးမှာလေ။ ၃၁ရက်နေ့ မတိုင်ခင်မှာ အာဏာ လွှဲပြောင်းဖို့ ကိစ္စဆွေးနွေးတာတော့ ချောမွေ့ပါတယ်။ သူတို့ဘက်က ဝန်ကြီးတွေပါတယ်၊ အန်ကယ်တို့ဘက်ကတော့ ဝန်ကြီးတွေ မခန့်ရသေးဘူးဆိုတော့ လက်တွေ့လုပ်လို့ မရသေးဘူး။ နောက်တချက်ကတော့ အာဏာလွှဲပြောင်းတဲ့အခါမှာတော့ ဘာမှ အခက်အခဲ အတားအဆီးရှိစရာ အကြောင်းမရှိဘူး။ ပြေလည်မယ့် အလားအလာ များပါတယ်။ အဆင်ပြေချောမွေ့ပါတယ်”ဟု ဦးဝင်းထိန်က ဆိုသည်။

NLD အစိုးရအဖွဲ့ အမည်စာရင်းနှင့် သမ္မတလောင်း အမည်စာရင်းများကို ကြေညာထားသည့် အတိုင်း မတ်လ ၁၇ရက်တွင် စတင် ဆွေးနွေးတင်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးပွဲကို မတ်လဆန်းတွင် စတုတ္ထအကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

ဆွေးနွေးပွဲတွင် အစိုးရ အဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးမောင်မောင်အုန်း၊ သမ္မတရုံး ဒုတိယ ညွှန်/ချုပ် ဦးဇော်ဌေးနှင့် NLD ဘက်မှ အသွင်ကူးပြောင်းရေး အဖွဲ့ခေါင်းဆောင် ဦးဝင်းထိန် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာမျိုးအောင်နှင့် ဒေါက်တာ အောင်သူတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေနိုင်သူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment