Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 24, 2016

ျမန္မာ့လူ႔အခြင့္အေရး တိုးတက္မႈမရိွ AI ထုတ္ျပန္

ဖမ္းဆီးထိမ္းသိမ္းခံရတဲ့ လက္ပံတန္းေက်ာင္းသားမ်ား။ (မတ္လ ၁၀ ရက္ ၊ ၂၀၁၅)
၂၀၁၅ ခုႏွစ္အတြင္း ျမန္မာႏုိင္ငံရဲ႕ လူ႔အခြင့္အေရးအေျခအေနဟာ က႑ အသီးသီးမွာ တိုးတက္မႈမရွိခဲ့တာကို ႏုိင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ AI က ေဖေဖာ္၀ါရီလ ၂၄ ရက္၊ ဒီကေန႔ရက္စြဲနဲ႔ထုတ္ျပန္တဲ့ အစီရင္ခံစာ အသစ္တခုမွာ ေဖာ္ျပလိုက္ ပါတယ္။

အစီရင္ခံစာမွာ အဓိက ေထာက္ျပထားတာေတြကေတာ့ ႐ိုဟင္ဂ်ာမူစလင္ေတြရဲ႕ အေျခအေန ထပ္ၿပီး ဆိုးရြားသြားတာ၊ လြတ္လပ္ စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ သင္းပင္းဖြဲ႔စည္းခြင့္နဲ႔ ၿငိမ္္းခ်မ္းစြာ စုေ၀းခြင့္ေတြကို ႏွိမ္နင္းၿဖိဳခြဲတာေတြ အစိုးရက အရွိန္တိုးျမႇင့္ၿပီး လုပ္ ခဲ့တာ၊ ျပည္တြင္း လက္နက္ကိုင္ ပဋိပကၡျဖစ္ေနတဲ့ ေဒသေတြမွာ ႏုိင္ငံတကာ လူ႔အခြင့္အေရးနဲ႔ လူသားဆိုင္ရာ ဥပေဒေတြကို ခ်ဳိး ေဖာက္တယ္ဆုိတဲ့ သတင္းေတြထြက္ထားတာ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္တယ္လို႔ သံသယရွိတဲ့ လံုျခံဳေရးတပ္ဖြဲ႔ေတြဟာ အျပစ္ ေပး အေရးယူ ခံရတာမ်ဳိး လံုး၀ မရွိသေလာက္ ကင္းလြတ္ေနတာေတြကို AI အဖြဲ႔က ေထာက္ျပ ထားပါတယ္။

၂၀၁၅ ခုႏွစ္ကုန္ခ်ိန္မွာ ႏုိင္ငံေရးအက်ဥ္းသား ၁၁၄ ေယာက္ အက်ဥ္းေထာင္ေတြ ထဲမွာ ရွိေနဆဲျဖစ္ၿပီး အမ်ဳိးသားပညာေရးဥပေဒ ကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ကန္႔ကြက္ဆႏၵျပခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္ေတြနဲ႔ သူတို႔ကို ေထာက္ခံသူ ေတြ ရာေပါင္းမ်ားစြာ တရားစြဲ ခံထားရတာကို AI အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြျဖစ္ေစတဲ့ လုပ္ရပ္ေတြကို စီးပြားေရးလုပ္ငန္းေတြက က်ဴးလြန္တာမ်ဳိးမျဖစ္ရေအာင္ အကာအကြယ္ေပးဖို႔ လံုေလာက္တဲ့ တရားဥပေဒ မရွိ တာကိုလည္း AI က ေထာက္ျပပါတယ္။

လူေတြကို ေနအိမ္ေတြကေန အတင္းအဓမၼဖယ္ရွားတာမ်ဳိးကုိ တားဆီးကန္႔သတ္တဲ့ ဥပေဒမ်ဳိး မရွိဘူးလို႔ AI ကေျပာပါတယ္။ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ သင္းပင္းဖြဲ႔စည္းခြင့္နဲ႔ ၿငိမ္းခ်မ္းစြာစုေ၀းခြင့္ေတြကို ကန္႔သတ္တဲ့ ဥပေဒေတြကို ျပန္ၿပီး သံုးသပ္ဖို႔ ၿပီးခဲ့တဲ့ႏွစ္ ႏုိ၀င္ဘာလမွာ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက အၾကံေပးတာကို ျမန္မာႏုိင္ငံက ပယ္ခ်ခဲ့သလို ႐ိုဟင္ဂ်ာလူနည္းစုေတြ ခြဲျခား ဆက္ဆံခံေနရတယ္ဆိုတာကို အသိအမွတ္ျပဳ လက္ခံဖို႔လည္း ျငင္းခဲ့ တယ္လို႔ AI အဖြဲ႔ရဲ႕ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............
 ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ လက်ပံတန်းကျောင်းသားများ။ (မတ်လ ၁၀ ရက် ၊ ၂၀၁၅)
၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ကဏ္ဍ အသီးသီးမှာ တိုးတက်မှုမရှိခဲ့တာကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာ အသစ်တခုမှာ ဖော်ပြလိုက် ပါတယ်။

အစီရင်ခံစာမှာ အဓိက ထောက်ပြထားတာတွေကတော့ ရိုဟင်ဂျာမူစလင်တွေရဲ့ အခြေအနေ ထပ်ပြီး ဆိုးရွားသွားတာ၊ လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ််းချမ်းစွာ စုဝေးခွင့်တွေကို နှိမ်နင်းဖြိုခွဲတာတွေ အစိုးရက အရှိန်တိုးမြှင့်ပြီး လုပ် ခဲ့တာ၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားဆိုင်ရာ ဥပဒေတွေကို ချိုး ဖောက်တယ်ဆိုတဲ့ သတင်းတွေထွက်ထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ သံသယရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အပြစ် ပေး အရေးယူ ခံရတာမျိုး လုံးဝ မရှိသလောက် ကင်းလွတ်နေတာတွေကို AI အဖွဲ့က ထောက်ပြ ထားပါတယ်။

၂၀၁၅ ခုနှစ်ကုန်ချိန်မှာ နိုင်ငံရေးအကျဉ်းသား ၁၁၄ ယောက် အကျဉ်းထောင်တွေ ထဲမှာ ရှိနေဆဲဖြစ်ပြီး အမျိုးသားပညာရေးဥပဒေ ကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ခံသူ တွေ ရာပေါင်းများစွာ တရားစွဲ ခံထားရတာကို AI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်စေတဲ့ လုပ်ရပ်တွေကို စီးပွားရေးလုပ်ငန်းတွေက ကျူးလွန်တာမျိုးမဖြစ်ရအောင် အကာအကွယ်ပေးဖို့ လုံလောက်တဲ့ တရားဥပဒေ မရှိ တာကိုလည်း AI က ထောက်ပြပါတယ်။

လူတွေကို နေအိမ်တွေကနေ အတင်းအဓမ္မဖယ်ရှားတာမျိုးကို တားဆီးကန့်သတ်တဲ့ ဥပဒေမျိုး မရှိဘူးလို့ AI ကပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်တွေကို ကန့်သတ်တဲ့ ဥပဒေတွေကို ပြန်ပြီး သုံးသပ်ဖို့ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အကြံပေးတာကို မြန်မာနိုင်ငံက ပယ်ချခဲ့သလို ရိုဟင်ဂျာလူနည်းစုတွေ ခွဲခြား ဆက်ဆံခံနေရတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံဖို့လည်း ငြင်းခဲ့ တယ်လို့ AI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment